တံစိုးလက်ဆောင် ကြီးစိုးတဲ့ခေတ်မှာ မခံစားနိုင်တော့တဲ့ ကြေးမုံသတင်းစာတိုက် အောက်ခြေဝန်ထမ်းများ။
ကျွန်တော်/မ တို့သည် ကြေးမုံ သတင်းစာ တိုက်တွင် တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်ကြပါသည်။ ယခုနှစ်တွင် ကြေးမုံသတင်းစာတိုက် အပါအ၀င်၊ အခြားသော သတင်းစာတိုက်များပါ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။
သို့ရာတွင် ကြေးမုံသတင်းစာတိုက်တွင် ပြောင်းရွှေ့မိန့် ရရှိထားကြသော ရုံးအုပ်နှင့် တာန်ရှိသူများသည် မာန်နေဂျာ၊ အခြားပိုင်ရာဆိုင်ရာများနှင့် ပူးပေါင်းကာ ရန်ကုန် အထိုင်အနေဖြင့် ကျန်ရစ်ခဲ့ကြပါသည်။ အခြားသတင်းစာတိုက်များ သည် ရာထူးကြီးငယ်မဟူ အားလုံးပြောင်းရွှေ့ ကြပါသည်။
ကြေးမုံသတင်းစာတိုက်တွင် အမှန်တကယ် တာဝန်ရှိ(ရာထူးကြီး)သော သူများမပါဝင်ပဲ လူငယ၊်အောက်ခြေ ၀န်ထမ်းများသာ ပြောင်းရွှေ့ခဲ့ရပါသည်။ အလျည်းသင့်သူများကိုသာ ရွှေ့/ပြောင်း လုပ်နေပါသည်။
ထို့အပြင် ကြော်ငြာဌာန နှင့်တကွ ဖြန့်ချီရေး စသော၊ဌာနတို့မှာလည်း မန်နေဂျာနှင့် အလျည်းသင့်သူများသာ တာဝန်ချထားခံနေရပါသည်။ ယခု နေပြည်တော်သို့ ရောက်ရှိရာတွင်လည်း အဆောင်နှင့် အဆောင် ထမင်/းဟင်းများအား ၀င်ရောက်ကြီးကြပ်မှူ မရှိခြင်းကြောင့် အဆောင်ထမင်း/ဟင်းမှာ စီစဉ်/ချက်ပြုတ်မှူ ညံ့ဖျင်းလှပါသည်။
သို့ဖြစ်ပါသောကြောင့် မာန်နေဂျာနှင့်တကွ တာဝန်ရှိသူလူကြီးများဧ။် စီမံခန့်ခွဲမှု ညံ့ဖျင်းမှု ကြောင့် အောက်ခြေ ၀န်ထမ်းများ ထိခိုက်နစ်နာနေကြရသည်ကို အရေးယူ ဆောင်ရွက်ပေးပါရန် we ခွပ်ဒေါင်းမြေ မှတဆင့် လေးစားစွာတင်ပြအပ်ပါသည်။
ဝန်ထမ်းများ