ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော အရှင်ထာဝရအား မြန်မာ့အရေးဂျပန် လွှတ်တော်သမဂ္ဂများအဖွဲ့ အတွင်းရေးမှုး မစ္စတာ AZUMA KONNO မှလက်ခံတွေ့ဆုံ..

အရှင်ထာဝရ၊ မစ္စတာ AZUMA KONNOနှင့် ဒေါက်တာမင်းညို

ဂျပန်နိုင်ငံသို့ ခေတ္တရောက်ရှိနေသော ၂၀၀၇ရွှေဝါရောင်ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သည့် အရှင်ထာဝရသည် မြန်မာ့အရေးဂျပန် လွှတ်တော်သမဂ္ဂများအဖွဲ့ အတွင်းရေးမှုး မစ္စတာ AZUMA KONNO အား ယနေ့မနက် ၁၀နာရီက ဂျပန်လွှတ်တော် အမတ်များ ရုံးခန်းများရှိရာ DAI NI အဆောက်အဦးရှိ မစ္စတာ AZUMA KONNO ရဲ့ ရုံးခန်းမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်.. ထိုသို့သွားရောက်တွေ့ဆုံခဲ့ရာတွင် ဆရာတော် အရှင်ထာဝရမှ ဂျပန်အစိုးရထံသို့ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေးနှင့် လူထုလှုပ်ရှားမှုကော်မတီရဲ့ မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှုများ လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင် ပတ်သတ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပေးရန် ကုလသမဂ္ဂမှာ တောင်းဆိုထားချက်အပေါ် ဂျပန်နိုင်ငံမှ ထောက်ခံပေးရန် ဂျပန် အစိုးရအား တိုက်တွန်းစာကို မစ္စတာAZUMA KONNO မှတစ်ဆင့် ပေးအပ်ခဲ့ပါတယ်..။

ထို့နောက် အရှင်ထာဝရမှ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ ၂၀၁၀ခုနှစ်ရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးပဲ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတဲ့ အတွက် ဂျပန်အစိုးရအပါအဝင် နိုင်ငံတကာနှင့် ကုလသမဂ္ဂမှ ကန့်ကွက်ရှုတ်ချပေးရန်၊ စုံစမ်းစစ်ဆေးရး ကော်မရှင်ဖွဲ့စည်းပေးရန် ကုလသမဂ္ဂမှာ တောင်းဆိုထားချက်အပေါ် ဂျပန်နိုင်ငံမှ ထောက်ခံပေးရန် စစ်အာဏာရှင် စံနစ်အောက် မြန်မာပြည်ရဲ့ ဗုဒ္ဓဘာသာသနာ ဖိနှိပ်ခံနေရမှုအပေါ် ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဂျပန်အစိုးရမှ ကန့်ကွက် ရှုတ်ချပေးရန် စသည့်အချက်အလက်များအား တောင်းဆိုခဲ့ပါတယ်.. ။

မြန်မာ့အရေးဂျပန် လွှတ်တော်သမဂ္ဂများအဖွဲ့ အတွင်းရေးမှုး ဂျပန်လွှတ်တော်အမတ် မစ္စတာ AZUMA KONNO မှအရှင်ထာဝရ ပေးပို့သည့်စာအား လက်ခံရယူပြီး.. ဂျပန်အစိုးရအား တင်ပြပေးမည်ဖြစ်ကြောင်း မြန်မာပြည်ရေးအတွက် မိမိတို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ လက်ရှိမြန်မာပြည်အရေးနှင့် ပတ်သတ်၍ မိမိတို့မှ အထူးစိုးရိမ်နေကြောင်း နှင့် လာမည့် ၂၇ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် လွှတ်တော်အမတ်များ အစည်းအဝေးမှာလည်း မြန်မာပြည်ရေးအတွက် တက်ရောက်ဆွေးနွေးနိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ကြောင်း ပြန်လည် ဖြေကြား ပြောဆိုသွားပါတယ်..။

၂၀၀၇ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းမှ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် အရှင်ထာဝရဟာ စက်တင်ဘာလ(၆)ရက်နေ့က ဂျပန်နိုင်ငံသို့ ရောက်ရှိလာပြီး ပြီးခဲ့သည့်ရက်များက တိုကျို၊ နာဂိုယာ၊ အိုဆာကာ၊ ကျိုတို မြို့များရှိ မြန်မာ့ဒီမိုကရေစီရေး အဖွဲ့အစည်းများ၊ ဂျပန်တက္ကသိုလ်များ၊ ဂျပန်ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ၊ ဂျပန်လူအခွင့်အရေး အဖွဲ့အစည်းများ၊ ဂျပန် NGO အဖွဲ့အစည်းများ နှင့်လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများ အမေးအဖြေများ၊ မေးမြန်းချက်များအား ဆွေးနွေးဖြေကြားမှုများ ပြုလုပ်ခဲ့ပြီး လာမည့် ၁၈ရက်မှ ၂၄ရက်နေ့အထိ ဂိဖု၊ မိအဲ၊ နာရ၊ နာဂိုရာမြို့များရှိ ဂျပန်အဖွဲ့အစည်း အသီးသီးနှင့် ထပ်မံတွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဖြေကြားပေးသူ အရှင်ထာဝရအား ကျေးဇူးတင်ပါသည်။

ဂျပန်အစိုးရအား ပေးပို့သည့် စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေးနှင့် လူထုလှုပ်ရှားမှုကော်မတီရဲ့ အိတ်ဖွင့်ပေးစာ