ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သံလျှင်၊ ကျောက်တန်း၊ သုံးခွမြို့နယ် ခရီးစဉ် သတင်း ဓာတ်ပုံ

ယနေ့ ၂၂ရက်နေ့က သွားရောက်ခဲ့တဲ့ သံလျှင်၊ ကျောက်တန်းမြို့နယ် ခရီးစဉ်
အဂါင်္နေ့က သွားရောက်ခဲ့တဲ့ သုံးခွမြို့နယ် မဲမပေးရေး လှုပ်ရှားမှုခရီးစဉ်..


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များဖြစကြတဲ့ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဦးခင်မောင်ရှိန်၊ ဦးဝင်းမြင့်၊ဒေါက်တာမျိုးအောင်၊ လူငယ်တာဝန်ခံ(၁)ကိုမျိုးညွန့် နှင့်လူငယ်အဖွဲ့ဝင်များဟာ ယနေ့နံနက်ပိုင်းက သန်လျှင်နှင့် ကျောက်တန်းမြို့နယ်များသို့ သွားရောက်ပြီး အကျဉ်းကျ မိသားစု ဝင်များနှင့် တွေ့ဆုံနှုတ်ဆက် လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့ပြီး ...မြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တွေဆုံမှုများ ပြုလုပ်ခဲ့ပါတယ်.။

အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် ၁၅ဦးနှင့် မြို့နယ် ရပ်ကျေးအဖွဲ့ဝင် (၃)ဦးတို့မှ ဈေးအစရှိသည့် လူစည်ကားရာ နေရာများ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများနှင့် အတူ လူတိုင်း မဲပေးပိုင်ခွင့်ရှိသလို၊ မဲမပေးပဲ နေပိုင်ခွင့်ရှိတယ်ဆိုတဲ့ စာရွက်များ ဝေငှခဲ့ပါတယ်...။ နယ်မြေ အာဏာပိုင်များမှ တစ်စုံတစ်ရာ ဟန့်တားမှု မရှိပေမယ့် အဖွဲ့ချုပ်ဝင်များ ရှေ့၌ စာရွက်ဝေနေချိန် နောက်မှာ အာဏာပိုင်များမှ ပြည်သူလူထုထံမှ စာရွက်များအား ပြန်လည်သိမ်းစည်းမှုများ ပြုလုပ်တယ်လို့ ဆိုပါတယ်..။ တစ်ချို့ပြည်သူများမှ ကြောက်ရွံ့သဖြင့် ပြန်ပေးလိုက်သည်များ ရှိသော်လည်း မကြောက်မရွံ့သော ပြည်သူများမှ ပြန်လည်ပေးအပ်ခြင်းမရှိပဲ... ဝေထားပြီးသား စာရွက်တွေ ပြန်ပေးစရာ အကြောင်း မရှိဘူးဟု အာဏာပိုင်များအား ပြန်လည် ပြောဆိုကြကြောင်း မဲမပေးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင် လူငယ်တစ်ဦးမှ ဆိုပါတယ်..။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဥပဒေအရ မဲမပေးပဲ နေနိုင်ခွင့်ရှိတယ် ဆိုတဲ့ တီရှပ်အင်္ကျီများ ဝတ်ဆင်ကာ မဲမပေးရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်အစိုးရမှ ကျောထောက်နောက်ခံ ပေးထားသည်ဟု ယူဆရသည့် အဖွဲ့အစည်းတစ်ခုမှ လူငယ်များမှလည်း I VOTE မဲပေးမည်ဟု ရေးသားထားသော တီရှပ်များ ဝတ်ဆင်ကာ ရန်ကုန်မြို့ လူစည်ကားရာ နေရာများ၌ သွားလာလှုပ်ရှားခဲ့မှုများ ရှိခဲ့သော်လည်း အာဏာပိုင်များမှ တစ်စုံတစ်ရာ နှောက်ယှက် ဟန့်တားခြင်း မရှိသည့်အပြင် စစ်အစိုးရအာဘော် ကြေးမုံ အွန်လိုင်း ဝက်ဘ်ဆိုက်မှာလည်း အားပေးအားမြှောက် ပြုကာ ဓာတ်ပုံများနှင့်တကွ ဖော်ပြထားပါတယ်..။ ထို့အတွက်ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မဲမပေးရေးလှုပ်ရှားမှုအား ဥပဒေကြောင်းရ တရားဝင်လုပ်ပိုင်ခွင့် ရှိကြောင်း ပြည်သူများမှ ပိုမို သဘောပေါက် နားလည်လာကြောင်း သိရှိရပါသည်။

ဓာတ်ပုံများအတွက် ပြည်တွင်းမှ ပေးပို့သူ ညီမအား ကျေးဇူးတင်ပါသည်..

ဒီမိုဝေယံ..