ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တိုင်းရင်းသား ပအိုဝ်းများနေထိုင်ရာ ပင်းပက်တောင် သံသတ္တုရိုင်းဒေသမှ လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် ချင်းမိုင်သတင်းစာရှင်းလင်းပွဲ...

တိုင်းရင်းသား ပအိုဝ်းများနေထိုင်ရာ ပင်းပက်တောင် သံသတ္တုရိုင်းဒေသမှ လူ့အခွင့်ရေးချိုးဖောက်မှု သတင်းများ Pinpet - Burmese (for Web) သတင်းစာရှင်းလင်းပွဲ (အောက်တိုဘာ ၂၇ ရက်၊ ၂ဝ၁ဝ)

ပအိုဝ်းလူငယ်လှုပ်ရှားတက်ကြွသူများက ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ မြန်မာပြည်၏ အကြီးဆုံး ပင်းပက်သံသတ္တုမိုင်းမှ ထိခိုက်ဆိုးကျိုးများအား ဆန့်ကျင်ကန့်ကွက်နေသည့် ဒေသခံပြည်သူ များအားဝိုင်းဝန်း ထောက်ခံအားပေးရေးအတွက် ယနေ့ လှုပ်ရှားမှုကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

လှုပ်ရှားမှုနှင့်ပတ်သက်၍ သတ္ထုမိုင်း စီမံကိန်းကြောင့် ထိခိုက်ဖျက်ဆီးခံရမှုများကို ဗွီဒီယို၊ လက်ကမ်း စာစောင်များအား မှတ်တမ်းတင်ထုတ်ဝေသည်။ ထိခိုက်ဖျက်ဆီးခံရမှုတွင် စီမံကိန်းလုံခြုံရေးကြောင့် ဒေသခံအာဏာပိုင်များက ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ဒေသခံပြည်သူများမှ လယ်ယာမြေများ လက်လွတ်ဆုံးရှုံးရမှု၊ ရေထုညစ်ညမ်းမှုများ ကြုံတွေ့နေရပါသည်။ ထို့သို့ ထိခိုက်နစ်နာခဲ့ရသည့် ဒေသခံပြည်သူများပုံရိပ်ကို ပအိုဝ်းလူငယ်အစည်းအရုံးမှ ဓါတ်ပုံဗွီဒီယိုမှတ်တမ်း အနေဖြင့် ဖြန့်ဖြူးထုတ်ဝေပါသည်။

ရုရှားပိုင်(Tyazhproexport) ကုမ္ပဏီမှ ပါဝင်ပံ့ပိုးမှုကြောင့် စီမံကိန်း၏တည်ဆောက်မှုမှာ ပြီးစီးလုနီးပြီ ဖြစ်ပါသည်။ ပင်းပက်တောင်မှ အပွင့်တူးမိုင်း စတင်တူးဖော်ရာ၌လည်း ဒေသခံပြည်သူ ၇ဝဝဝ ကျော်ခန့်ထိခိုက်နိုင်သည့်အပြင် စီမံကိန်းဝင်းအတွင်း နေထိုင်သည့် ရွာသား ၁ဝဝ ကျော်မှာ ပြင်ပသို့ ပြောင်းရွေ့ရန် ယခုဖိအားပေးခံနေရသည်။ ထို့အပြင် ဒေသခံပြည်သူ ၃၅ဝဝဝ ကျော်မှာ သံသတ္တုများ ဆေးကြော သန့်စင်ရေးအတွက် အသုံးပြုခံရသည့် တဖက်ချောင်း ရေထုညစ်ညမ်းမှုကြောင့် ဘေးထွက်ဆိုးကျိုးများ တွေ့ကြုံလာနိုင်ဖွယ် ရှိပါသည်။

ထိခိုက်နစ်နာခဲ့သည့် ဒေသခံပြည်သူများမှာ လယ်ယာမြေများ သိမ်းယူခြင်း၊ အဓမ္မပြောင်းရွေ့ခြင်း ရပ်တန့်ရေးအတွက် ဒေသခံအာဏာပိုင်းများထံ တင်ပြတောင်းဆိုသော်လည်း တရေးတယူ တုန့်ပြန်ခြင်း မရှိခဲ့ပေ။

“ပင်းပက်စီမံကိန်းသတင်းကို မြန်မာပြည်မှာ ပိတ်ပင်ထားတယ်။ ထိခိုက်နစ်နာခဲ့တဲ့ ဒေသခံပြည်သူ တွေကို နားလည်သိရှိလာအောင် လှုံ့ဆော်သွားမယ်။ ဒီစီမံကိန်းကို ကန့်ကွက်လာအောင် ဒေသခံပြည်သူတွေကို ပံ့ပိုးကူညီသွားမယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ချန်ကီက ဆိုပါသည်။

လာမည့် နိုဝင်ဘာ ၇ရက် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ယခင်အပစ်ရပ်ငြိမ်းချမ်းရေး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ ပင်းပက်စီမံကိန်းထိခိုက်ခဲ့သည့် ဟိုပုံးမဲဆန္ဒနယ်မြေအတွက် ဝင်ရောက်အရွေးခံသွားမည် ဖြစ်သော်လည်း ၎င်းစီမံကိန်းနှင့် ပတ်သတ်၍ ဒေသခံပြည်သူများအား တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသည့်အပေါ် ခွန်ချန်ကီက ယခုလို ပြောဆိုသည်။

“ပင်းပက်စီမံကိန်းက ကျွန်တော်တို့ပြည်သူတွေရဲ့ အနာဂတ်ကိုဖျက်ဆီးနေပါတယ်။ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးသင့်ပါတယ်။ ပင်းပက်စီမံကိန်းအား ဆန့်ကျင်ပြောဆိုသင့်ပါတယ်”

ဗီဒီယိုနှင့် စီမံကိန်းသတင်းသစ်များအား ကြည့်ရှု့ရန် - http://pyo-org.blogspot.com/

ဆက်သွယ်ရန်
ခွန်ချန်ကီ
၀၈၄ ၆၁၀၈၃၃၀

ပေးပို့ပေးတဲ့ အကိုခွန်မြင့်ထွန်းအား အထူးကျေးဇူးတင်ပါသည်။
အောက်မှာ အင်္ဂလိပ်လို ထုတ်ပြန်ချက်အား ကြည့်ရှုနိုင်ပါသည်..။
Pinpet - English (for Web) Press release embargoed for October 27, 2010
Pa-Oh youth launch campaign to oppose damaging impacts of Burma’s largest iron mine
Pa-Oh youth activists are today launching a campaign to support community efforts to oppose the damaging impacts of Pinpet iron mine near Taunggyi in Shan State, the largest in Burma.
The Pa-Oh Youth Organisation (PYO) has produced a video and leaflets showing the destruction already caused by the mining project, due to start next year, including loss of farmlands, pollution of waterways, and abuses committed by the Burmese regime’s troops providing security for the project. Hundreds of copies of the video have already been distributed in the affected areas.
Construction of the massive iron factory, jointly funded by Russian state-owned Tyazhpromexport company, is almost complete. 100 villagers are now being ordered out of the project area, among 7,000 people slated for relocation once Pinpet mountain starts being leveled for open pit mining. A further 35,000 villagers will be impacted by pollution of the Thabet Stream, which has been diverted to clean and process the iron ore.
Affected communities have appealed to local authorities to stop the land confiscation and forced relocation, but so far to no avail.
“There is a news black-out about the Pinpet project in Burma. We want to raise awareness about the damage being caused and support community efforts to oppose the project,” said PYO spokesperson Khun Chan Khe.
The former ceasefire group, the Pa-Oh National Organization, is competing in the November 7, 2010 election in Ho Pong constituency, which is impacted by the Pinpet project. They have not yet raised any concerns publicly against the project.
“The Pinpet project is destroying the future of our people. If they are standing for election, the PNO should protect local people’s rights and speak out to oppose the project,” said Khun Chan Khe.

To see the video and an update on the project, see http://pyo-org.blogspot.com/
Contact person:
Khun Chankhe
Phone: 084 6108330