ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မလည်ရှုပ် ဦးအောင်သိန်းလင်း မွှေးတဲ့မီး

Aung Thein Lin
တောင်ဥက္ကလာပမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် မလည်ရှုပ် မီးမွှေးတဲ့ ဦးအောင်သိန်းလင်း

ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်းက တောင်ဥက္ကလာပက အစ္စလာမ်ဘာသာဝင်တွေဆီက မဲလိုချင်တော့ (၇) ရပ်ကွက်မှာ မြန်မာတွေကန့်ကွက်လို့ ရပ်ထားရတဲ့ ဗလီကို ပြန်ဆောက်ခွင့်ပေးလိုက်တယ်။ အစ္စလာမ်ဘာသာဝင်တွေကလည်း ပါတီဝင်အင်အား ၂၀၀၀ ပေးလိုက်ရတယ်။

အဲဒီမှာ မြန်မာတွေ အကုန်လုံးက ထကန့်ကွက်ရော။ ဆွမ်းလောင်းအသင်းတွေ၊ ရယကတွေနဲ့ တောင်ဥက္ကလာ မြို့ခံတွေက အထူးအစည်းအဝေးလုပ်ပြီး မြို့တော်ဝန်ကို မကျေနပ်ကြောင်းပြောတော့ ချက်ချင်းရပ်ဖို့ အောင်သိန်းလင်းက အမိန့်ထုတ်တယ်။ အဲဒီတော့ အစ္စလာမ်ဘာသာဝင်တွေက မကျေနပ်ပြန်ဘူး။ သူတို့က ကြံ့ဖွံ့အတွက် လုပ်ပေးလိုက်ရပြီးတော့ ဗလီက ဆောက်ခွင့်မရဘူး။

ဒါပေမယ့် သူတို့အကုန်လုံးက ပါတီဝင်တွေ၊ အမာခံမဲပေးမယ့်သူတွေ ဖြစ်ကုန်ရပြီလေ။ အဲဒီတော့ တိုင်တဲ့ မြန်မာတွေကို မကျေနပ်ဘူး။ အဲဒီတော့ နှစ်ဘက်က ချတော့မယ်ပုံဖြစ်နေတယ်။ အစ္စလာမ် ဘာသာဝင်တွေက ဗလီနားမှာ တုတ်တွေ၊ အုတ်ခဲတွေပုံထားတယ်။

သူတို့ကလည်း ပြောတယ်။ သူတို့ ဒီဗလီဆောက်ဖို့ ပါတီဝင်တွေ၊ မဲတွေပေးလိုက်ရပြီ၊ မြန်မာတွေကလည်း ဗလီဆက်ဆောက်ရင် ပြဿနာရှာမယ်။ အဲဒါ ကွိုင်တက်နေတယ်။

လောလောဆယ်တော့ စည်ပင်က အရေးပေါ်အမိန့်နဲ့ ရပ်ခိုင်းထားတယ်။ ဆက်ဆောက်ရင် ဖမ်းမယ်လို့ပြောတယ်။ ခွင့်ပြုချက်ကို ပြန်ရုတ်သိမ်းလိုက်တယ်။ ဦးအောင်သိန်းလင်း ပေါက်ကရလုပ်တာ အရေးအခင်းအထိ ဖြစ်သွားနိုင်တယ်။ ကြည့်ရတာ အဲဒီပြဿနာက မသေးဘူး။ မြို့ထဲက အစ္စလာမ်ဘာသာဝင်တွေကလည်း တောက်တခေါက် ခေါက်နဲ့။ ဗလီနားကို လာတဲ့လူတွေ ရိုက်မယ့်ပုံပဲ။

မြန်မာတွေကလည်း ရိုက်မယ် တကဲကဲပဲ။ အစ္စလာမ်ဘာသာဝင်တွေကို တောင်ဥက္ကလာက ရွေ့သွားအောင်လုပ်မယ်တဲ့။ အဲဒါ အလားအလာမကောင်းဘူး။ အစ္စလာမ်ဘာသာဝင်တွေက မြန်မာတွေ ကန့်ကွက်လို့ သူတို့ ဗလီမဆောက်ရတာဆိုပြီး ငိုတဲ့သူက ငိုတယ်။ အဲဒီသတင်းက တောင်ဥက္ကလာမှာတော့ သတင်းကြီးပဲ။

နိုင်ငံရေးပါတီတွေက ငြိမ်မနေသင့်ဘူး။

ရင်းမြစ် http://www.irrawaddyblog.com/2010/10/blog-post_9903.html