ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာနဲ့ထိုင်း ရေဘေးနှိုင်းယှဉ်ချက်..

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရေလွှမ်းမိုးရာဒေသမှ ပြည်သူများအား ထိုင်းဝန်ကြီးချုပ်ကိုယ်တိုယ် သွားရောက်၍ ရေဘေး ဒုက္ခသည်များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်...(ဓာတ်ပုံများ AP)မန္တလေးမှာ ရေကြီး၊ ကျောက်ဖြူမှာ မုန်တိုင်းဝင်နေချိန်မှာ ဆင်ဖြူရှင်မင်းတြားကြီးဗိုလ်ချုပ် သန်းရွှေ ယခုကဲ့သို့ အခြံအရံများနဲ့ ဆင်ဖြူတော်အား ပူဇော်ကန်တော့၍ ကယ်ဆယ်ရေးလုပ်ငန်းများ အတွက် ဆုတောင်းခဲ့ပါတယ်.. ဓာတ်ပုံ ဧရာဝတီဘလော့(ဂ်)မှ
ထိုင်းနိုင်ငံမှာ ရေးလွှမ်းမိုးရာ ဒေသများသို့ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သွားရောက် ကြည့်ရှုနေပုံ
မန္တလေးရေလွှမ်းမိုးရာဒေသများသို့ အစိုးရအဖွဲ့ဝင် ရဲဝန်ထမ်းတစ်ဦး လှေစီး၍ လေညှင်းခံနေပုံ
ဤသို့လူထုနဲ့ တစ်သားတည်းရှိသော ထိုင်းဝန်ကြီးချုပ်..
၁၇ရက်နေ့ မန္တလေးရေကြီးနေချိန်မှာ မေမြို့မှာ ရေစိုခံ အသစ်ချက်ချွတ် တောင်ရှည်ပုဆိုးနဲ့ မြန်မာဝန်ကြီးချုပ်
ကယ်ဆယ်ရေး ဝန်ထမ်းများ ဤသို့တက်တက်ကြွကြွ
ကယ်ဆယ်ရေးမီးသတ်များ ဤသို့ ဝေါ်ကီတော်ကီလေးကိုင်ပြီး မြောက်ကြွမြောက်ကြွ
ဤသို့ပြည်သူနဲ့ နွေးနွေးထွေးထွေး
ထိုင်းဝန်ကြီးချုပ် ဘယ်လိုမှ မယှဉ်နိုင်တာကတော့ ပြည်သူနဲ့ တစ်သားတည်းရှိတဲ့ တိုင်းပြည်မှာ အရေးကြုံလာတိုင်း ရှေ့ဆုံးကရှိနေတဲ့ ရန်သူမျိုးငါးပါး မကြောက်တဲ့ ပြည်သူ့ဘုန်းဘုန်းတွေပါ...