ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကျောခိုင်းထွက်လာကြပါ....

ကျောခိုင်း ထွက်လာကြပါ
တရားမျှတသည့် ဒီမိုကရေစီလိုလား မိဘပြည်သူများခင်ဗျား။ စစ်ကျွန်ဘဝမှ လွတ်မြောက်စေရန်၊ ဆင်းရဲအတွင်း ထွက်မြောက်စေရန်အတွက် ကျင်းပတော့မည်ဖြစ်သော ရွေးကောက်ပွဲအား မည်သူ့ မည်သူကိုမျှ မဲမပေးဘဲ ဆန့်ကျင်သပိတ်မှောက်ပါရန် မေတ္တာသက်ဝင်ချစ်ခင်၍ တိုက်တွန်း နှိုးဆော်အပ်ပါသည်ခင်ဗျား။

  • ၁။ ထိုရွေးကောက်ပွဲသည် မတရားမှု အများအပြား ရှိနေသည့်အတွက် ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်သည်။
  • ၂။ မတရားသဖြင့် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (စစ်ကျွန်ဖွဲ့စည်းပုံ) ကို သက်သွင်းမည့် ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်သည်။
  • ၃။ ပြည်သူတို့၏ မရရှိသေးသော ရပိုင်ခွင့်များကို မည်သို့မျှ မရရှိစေရန်အတွက် ပြုလုပ်ပေးသော (လှည့်စားသော) ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်သည်။
  • ၄။ မတရားမှုများ ပြည့်နှက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား လုံးဝပြင်ဆင်ခြင်း မပြုလုပ်နိုင်စေရန် စီစဉ်တကျ ဖိနှိပ်၍ ပြုလုပ်နေသော (လှည့်စားနေသော) ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်သည်။
  • ၅။ မိဘပြည်သူများ ချစ်ခင်၊ ယုံကြည်၊ လေးစားသည့် ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းများ မပါနိုင်အောင် ထောင်သွင်း အကျဉ်းချပြီး စစ်အုပ်စုကောင်းစားရေးအတွက်သာဖြစ်သော ရွေးကောက်ပွဲအား ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်သည်။
နိုင်ငံသားတိုင်း ဥပဒေအရ မဲမပေးဘဲ နေပိုင်ခွင့်ရှိသည်။

မိမိရရှိထားသည့် အထက်ပါ အခွင့်အရေးအား အပြည့်အဝသုံးချပါ။