မိတ္ထီလာမြို့ပဋိပက္ခ နောက်ဆုံးရ အခြေအနေ (မတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်)
မတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိတ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲဇာနည် facebook စာမျက်နှာမှတစ်ဆင့် ယနေ့ည ၁၁ နာရီ ၂၅ မိနစ် ဝန်းကျင်တွင် ထပ်မံ၍ သတင်းထုတ်ပြန်ခဲ့ရာ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ရဲတပ်ဖွဲ့မှ လုံခြုံရေးထိန်းသိမ်းဆောင်ရွက်မှု သတင်းဆက်
မိတ်္ထီလာမြို့ ရွှေဆိုင်တွင်ရွှေရောင်းစဉ် စကားများရန်ဖြစ်ရာမှတဆင့် အုပ်စုဖွဲ့ဖျက်ဆီးမှုများအား
နေပြည်တော်၊ မတ် ၂၀
၁၇၅၅ အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ကျား ၅ ဦး)တို့ မိတ်္ထီလာဆေးရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်-
(က) သံဃာ ၁ ပါး(ဘွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။
(ခ ) မောင်မောင်သိန်း(၂၂)နှစ်၊ (ဘ)ဦးလှထွန်း၊ ၀မ်းတော်ပြည့်တိုးချဲ့ရပ်၊ မိတ်္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲဘက်ဂျိုစောင်း၊ ယာလက်မောင်းပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊ ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက် ပြဲ၊ ၀ဲဒူးပွန်းပဲ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(ဂ ) ကိုမင်း(၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရွှေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ၀ဲလက် ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ။
(ဃ) ခင်မောင်လွင်(၅၀)နှစ်၊ (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ၀ဲဂျိုစောင်း/၀ဲနားရွက်/ ၀ဲနားထင်ပေါက်ပြဲ၊ ၀ဲလက်ဖျံဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(င) ကိုဇော်(၂၃)နှစ်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ်္ထီလာမြို့နေသူ၏ ယာပါးပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။
(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ (ဘ)ဦးမောင်မောင်မြင့်၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။
၂၀၅၅ အချိန်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာနှင့် သန်းမြင့်နိုင်တို့သည် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
၂၁၄၅ အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
မိတ္ထီလာ ဖြစ်စဉ်အကျဉ်း..
မိတ္ထီလာမြို့ ရွှေဆိုင်တွင်ရွှေရောင်းစဉ် စကားများရန်ဖြစ်ရာမှတဆင့် အုပ်စုဖွဲ့ဖျက်ဆီးမှုများအား
ရဲတပ်ဖွဲ့မှ လုံခြုံရေးထိန်းသိမ်းဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ မတ် ၂၀
၂၀-၃-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် မိတ်္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ရှိ “နယူး...၀ိန့်စိန်” ရွှေဆိုင်သို့ မိတ်္ထီလာမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုးကျွတ်ဖာလုပ်ငန်းလုပ်ကိုင် သည့် ဦးခင်မောင်ဝင်း (၄၅)နှစ်၊ ၎င်း၏ဇနီး ဒေါ်အေးနိုင်(၄၆)နှစ်နှင့် မညိုညိုသန်း(၃၆)နှစ်တို့ ၃ ဦးမှ ငွေလိုအပ်သဖြင့် ငွေကျပ်(၁၄၀၀၀၀ိ/ -)ခန့်တန်ဘိုးရှိ ရွှေဆံညှပ်တစ်ခုအား သွားရောက်ရောင်းချရာ ဆိုင်ရှင် ဒေါ်တင်အေး၏သမက် ထွန်းထွန်းဦး(ခ)အာရှစ်(၂၃)နှစ် မှ ငွေကျပ်(၁၀၅၀၀၀ိ/ -)သာပေးမည် ဖြစ်ကြောင်းပြောကြား၍ မှတ်ကျောက်တင်ရန် ဈေးအတွင်းသို့ယူဆောင်သွားခဲ့သည်။ ထို့နောက် ဆိုင်သို့ပြန်ရောက်စဉ် ရွှေဆံထိုးမှာပဲ့နေသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်မှ တန်ဘိုးငွေကျပ်(၅၀၀၀၀ိ/-)သာ ပေးမည်ဖြစ်ကြောင်း ပြောကြားရာမှ နှစ်ဖက်အချင်းများကာ ဆိုင်ရှင် မမြင့်မြင့်အေးက ရွှေဆံညှပ်အား လွှင့်ပစ်ပြီး ထွန်းထွန်းဦး(ခ)အာရှစ်နှင့် ဆိုင်လုပ်သား ညီညီ(ခ)မင်းအောင်တို့မှ ဦးခင်မောင်ဝင်းအား လက်သီးဖြင့်ထိုး/ သစ်သားတုတ်နှင့်ရိုက်၍ ဦးခင်မောင်ဝင်းတွင် ဦးခေါင်းဝဲဘက်ချိုစောင်းပေါက်ြ ပဲ၊ မျက်နှာဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ်္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ဦးခင်မောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်အေးနိုင်မှ တိုင်တန်းသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်၊ ညီညီ(ခ)မင်းအောင်နှင့် မြင့်မြင့်အေးတို့ ၃ ဦးအား မိတ်္ထီလာအမှတ်(၂)ရဲစခန်း (ပ)၇၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၂၉၄/ ၄၂၇/၁၁၄ ဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူခဲ့သည်။
၎င်းဖြစ်စဉ်အားကြားသိသော လူ(၂၀၀)ခန့်က ၁၄၁၅ အချိန်တွင် ထွန်းထွန်းဦး(ခ)အာရှစ်၏ ဆိုင်ပတ်ဝန်းကျင်ရှိ ဈေးအရှေ့ဘက်တိုက်(၃)လုံး၌ရှိသော ဆိုင်ခန်း(၆)ခန်းအား ခဲဖြင့်ထု၊ ဆိုင်အတွင်း ၀င်၍ ပစ္စည်းများရိုက်ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာများနှင့် ရပ်မိ ရပ်ဖများမှ လူစုခွဲတားဆီးခဲ့ကြောင်း၊ ၁၄၃၀ အချိန်တွင် အဆောက်အဦဖျက်ဆီးမှုများ ရပ်တန့်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် အဆိုပါဆိုင်ခန်း(၆)ခန်း ပျက်စီးခဲ့ကြောင်း၊ ၁၅၁၀ အချိန်တွင် ၎င်းင်းလူအုပ်စုမှ အဆိုပါတိုက်(၃)လုံးအား ဆက်လက်ဖျက်ဆီးလျက်ရှိသဖြင့် မိတ်္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၁၇၁၅ အချိန်တွင် ဈေးအနောက်ဘက်ရှိ ပါကစ္စတန်ဂျာမေ့ဗလီအား လူ(၅၀)ဦးခန့် ၀င်ရောက်ခဲ့ပြီး ၁၇၂၀ အချိန်တွင် လူအင်အား(၁၀၀)ခန့် ဖြစ်လာခဲ့သည်။ ၎င်းနောက် ဗလီအတွင်းရှိပစ္စည်းများအား ဖျက်ဆီးခဲ့ပြီး ၁၇၂၅ အချိန်တွင် ဗလီထိပ်ဖူးများအား ဖျက်ဆီးကာ ဆိုင်ကယ်(၅)စီးခန့်အား ဖျက်ဆီးခဲ့သည်။ ၁၇၃၅ အချိန်တွင် အဆိုပါဗလီအား မီးရှို့ခဲ့ရာ လူထုမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၁၇၃၅ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ ၁၇၄၅ အချိန်တွင် အဆိုပါလူအုပ်သည် ဗလီအတွင်းမှ ထွက်လာခဲ့ပြီး လူ(၂၀၀)ခန့်သည် ကားလမ်းမအတိုင်း ကားကြီးဝန်းထိပ်သို့ ရောက်ရှိလာခဲ့၊ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ်္ထီလာပြည်သူ့ဆေးရုံကြီးသို့ ၁၇၄၅ အချိန်တွင် သံဃာတစ်ပါးနှင့် ဗမာ(ကျား) ၄ ဦးတို့ ရောက်ရှိဆေးကုသလျက်ရှိပြီး ကျား ၄ ဦးမှာ မစိုးရိမ်ရကြောင်းနှင့် သံဃာတစ်ပါးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
EMG
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိတ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်နှင့်
ရဲတပ်ဖွဲ့မှ လုံခြုံရေးထိန်းသိမ်းဆောင်ရွက်မ
မိတ်္ထီလာမြို့ ရွှေဆိုင်တွင်ရွှေရောင်းစဉ် စကားများရန်ဖြစ်ရာမှတဆင့် အုပ်စုဖွဲ့ဖျက်ဆီးမှုများအား
နေပြည်တော်၊ မတ် ၂၀
၁၇၅၅ အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ကျား ၅ ဦး)တို့ မိတ်္ထီလာဆေးရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပြီ
(က) သံဃာ ၁ ပါး(ဘွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။
(ခ ) မောင်မောင်သိန်း(၂၂)နှစ်၊ (ဘ)ဦးလှထွန်း၊ ၀မ်းတော်ပြည့်တိုးချဲ့ရပ်၊ မိတ်္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲဘက်ဂျိုစောင်း၊ ယာလက်မောင်းပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊ ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက်
(ဂ ) ကိုမင်း(၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရွှေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ၀ဲလက် ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)
(ဃ) ခင်မောင်လွင်(၅၀)နှစ်၊ (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ၀ဲဂျိုစောင်း/၀ဲနားရွက်/
(င) ကိုဇော်(၂၃)နှစ်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ်္ထီလာမြို့နေသူ၏ ယာပါးပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(မစိ
(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ (ဘ)ဦးမောင်မောင်မြင့်၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။
၂၀၅၅ အချိန်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာနှင့် သန်းမြင့်နိုင်တို့သည် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
၂၁၄၅ အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
မိတ္ထီလာ ဖြစ်စဉ်အကျဉ်း..
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိတ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲဇာနည် facebook စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ရာ ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မိတ္ထီလာမြို့ ရွှေဆိုင်တွင်ရွှေရောင်းစဉ် စကားများရန်ဖြစ်ရာမှတဆင့် အုပ်စုဖွဲ့ဖျက်ဆီးမှုများအား
ရဲတပ်ဖွဲ့မှ လုံခြုံရေးထိန်းသိမ်းဆောင်ရွက်လ
နေပြည်တော်၊ မတ် ၂၀
၂၀-၃-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် မိတ်္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ရှိ “နယူး...၀ိန့်စိန်” ရွှေဆိုင်သို့ မိတ်္ထီလာမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုးကျွတ်ဖာလုပ်ငန်းလုပ်ကိုင်
၎င်းဖြစ်စဉ်အားကြားသိသော လူ(၂၀၀)ခန့်က ၁၄၁၅ အချိန်တွင် ထွန်းထွန်းဦး(ခ)အာရှစ်၏ ဆိုင်ပတ်ဝန်းကျင်ရှိ ဈေးအရှေ့ဘက်တိုက်(၃)လုံး၌ရှိသေ
ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ်္ထီလာပြည်သူ့ဆေးရုံကြီးသို့ ၁၇၄၅ အချိန်တွင် သံဃာတစ်ပါးနှင့် ဗမာ(ကျား) ၄ ဦးတို့ ရောက်ရှိဆေးကုသလျက်ရှိပြီး ကျား ၄ ဦးမှာ မစိုးရိမ်ရကြောင်းနှင့် သံဃာတစ်ပါးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
EMG