ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)

 
 
 
 မတ်လ ၂၇ ရက်နေ့ နတ္တလင်းမြို့မြင်ကွင်း

မတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)

မတ် ၂၆ ရက်နေ့ ညပိုင်းက နတ္တလင်းတွင် လူအုပ်စုများဖွဲ့ပြီး ဆိုင်ခန်းများကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ၀င်ရောက် ဖျက်ဆီးခြင်းများ ပြုလုပ်သည့် အတွက် လူနေအိမ် ရှစ်လုံး၊ ဆိုင်ခန်း ၁၂ ခန်းနဲ့ ဘာသာရေး အဆောက်အအုံတစ်ခု ပျက်စီးခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သဲကုန်းမြို့နယ် အင်းမကျေးရွာ၌ ဘာသာရေး အဆောက်အအုံ တစ်ခုကို လေးခွများဖြင့် ပစ်ခတ်မှု ရှိခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဇီးကုန်းမြို့၌ ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးမှုများကြောင့် လူနေအိမ် ၁၄ လုံးနှင့် ဘာသာရေး အဆောက်အအုံ တစ်လုံး ပျက်စီးခဲ့ရကြောင်း၊ အုတ်ဖိုမြို့နှင့် ဇီးကုန်းမြို့များ၌ လာရောက်ဖျက်ဆီးသူများကို လုံခြုံရေး တပ်ဖွဲ့များက သေနတ် ပစ်ဖောက်ပြီး လူစု ခွဲခဲ့ရကြောင်း၊ ဇီးကုန်းမြို့ လုယက် ဖျက်ဆီးမှုတွင် ပါဝင်သည်ဟု ယူဆရသူ ၁၀ ဦးကို ဖမ်းဆီးထားကြောင်းနှင့် သတင်းအသေးစိတ်ကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့သည်။

EMG