အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်..
(ဓာတ်ပုံ) ၉ရက်နေ့က ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့် ယခင်
ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANーMYANMAR
COMMITTEE ဥက္ကဋ္ဌ Mr.Toshio Yamauchi ( ဝဲဘက် မျက်မှန်တပ်ထားသူ)
ပြည်ပအားသည်လည်း ပြည်တွင်းအတွက် ဖြစ်သည်..အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်..။
အဖွဲ့ချုပ် ညီလာခံကို တက်ရောက် ဂုဏ်ပြုနိုင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ဖို့ ယခင် ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANーMYANMAR COMMITTEE ဥက္ကဋ္ဌလည်းဖြစ်တဲ့ Mr.Toshio Yamauchiနဲ့ ၄ဦးပါအဖွဲ့ ဖိတ်ခေါ်စာ ရရှိဖို့အတွက် အင်မတန်ကြိုးစားခဲ့ရသည်..။
အမေစုကို တွေ့ဆုံခွင့် ရဖို့ အမေစု ကိုယ်ရေးအရာရှိထံသို့ သူတို့အဖွဲ့ အကြိမ်ကြိမ် အီးမေးလ်ဖြင့် ဆက်သွယ်ခဲ့ကြသည်..။ အကြောင်းပြန်ခြင်း မရှိခဲ့ပါ။ နောက်ဆုံး သူတို့အဖွဲ့ ညီလာခံသို့ တက်ရောက်ဂုဏ်ပြုလိုကြသည်...
တာဝန်ရှိသူ အဖွဲ့ချုပ်လူကြီးတဦး၏ လုပ်ဆောင်ပေးမှုကြောင့် ဖိတ်စာ အဆင်ပြေခဲ့သည်...။
သူတို့အဖွဲ့ ညတွင်းချင်း လေယာဉ်ပျံ လက်မှတ်အတွက် ပြင်ဆင်ရသည်။ နောက်ဆုံး ၈ရက်နေ့ မနက် (၆)နာရီ လေယာဉ်ပျံ လက်မှတ် ရခဲ့ရသည်..။ Mr.Toshio Yamauchi တို့အဖွဲ့ မနက်လေးနာရီမှာ Check in ဝင်ရမှာ ဖြစ်တဲ့အတွက် ညကတည်းက လေဆိပ်မှာ သွားအိပ်ပြီး လေယာဉ် စောင့်စီးကြရသည်..။ ကိုယ်တိုင်လည်း ဘူတာမှ သွားတွေ့ပေါ့..။ ပရော်ဖက်ဆာ တဦးလည်းပါသည်..။ ကျွန်တော်လည်း သူတို့အစား ရင်တမောမောပေါ့..။
နောက်ဆုံးတော့ ချောမောစွာနှင့် ၉ရက်နေ့ ၉နာရီ ညီလာခံကို အဖွဲ့ဝင် ၄ဦးလုံးတက်ခွင့်ရသည်...။ အမေစုနှင့်လည်း နှုတ်ဆက်ခွင့်ရသည်..။
တခုတော့ အဖွဲ့ချုပ်သို့ အပြုသဘော အကြံပေးလိုသည်..။ အမေစုရဲ့ ကိုယ်ရေးအရာရှိရဲ့ အီးမေးလ်သို့ အဆိုပါ ဂျပန်ဒုဝန်ကြီးဟောင်းကိုယ်တ
လူတိုင်းမဆက်သွယ်နိုင်သည့် အီးမေးလ်အား နိုင်ငံတကာမှ ဆက်သွယ်လာသည် ဆိုပါက ပြန်လည်ဖြေကြားနိုင်ရန် အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ကြောင်း အပြုသဘော အကြံပြုအပ်ပါသည်..။
ပြည်ပအားသည်လည်း ပြည်တွင်းအတွက် ဖြစ်ပေသည်..။
ဒီမိုဝေယံ