ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒီလို မြင်ကွင်းမျိုးမှသည် မဝေးလှသော အနာဂတ်နိုင်ငံတော်သစ်ဆီသို့..

ယနေ့ ၆၈နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ဓာတ်ပုံများ..

ဒီလို မြင်ကွင်းမျိုးမှသည် မဝေးလှသော အနာဂတ်နိုင်ငံတော်သစ်ဆီသို့ 

 မြန်မာတွေ ညီညွတ်ခဲ့ကြသည့် သမိုင်းကြောင်းများရှိခဲ့သည်..။
 ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်တို့ ရှိခဲ့သည်..။ မြန်မာတွေ ညီညွတ်လျှင် အင်မတန်မှ အင်အားကြီးမားပြီး ပတ်ဝန်းကျင်နိုင်ငံများအား ချိန်းခြောက်နိုင်ခဲ့ကြောင်း နိုင်ငံတကာမှ သမိုင်းဆရာများမှ မှတ်တမ်းတင်ခဲ့ကြသည်..။

ယနေ့အခြေအနေသည် စီးပွားရေး၊ စစ်ရေးမဟာဗျူဟာ အရ အဘက်ဘက်မှ အလေးသာသော မြန်မာနိုင်ငံ အနေဖြင့် ယခင် အင်အားကြီးမားခဲ့စဉ် အခါက ပတ်ဝန်းကျင်နိုင်ငံများအား စစ်ရေးအရ ချိန်းခြောက် နိုင်မှုထက်၊ စီးပွားရေးအားဖြင့် အများတကာမှ လေးစားအသိအမှတ်ပြုရသည့် စီးပွားရေး အင်အားကြီး နိုင်ငံခေတ်သို့ပြန်လည်ရောက်ရှိ အောင် ညီညွတ်မှုကို အလျှင်အမြန် တည်ဆောက်ကြရတော့မည် အခြေအနေဖြစ်သည်..။

 ယနေ့မြင်တွေ့ရသော လူထုခေါင်းဆောင်နှင့် စစ်တပ်ခေါင်းဆောင်ပိုင်းများ၏ မြင်ကွင်းများကို ကြည့်၍ ရွှေပြည်တော် မျှော်တိုင်း မဝေးတော့ပြီဟု အပြုသဘော အကောင်းဘက်မှ ယုံကြည်ယူဆမိသည်..။

ဒီလို မြင်ကွင်းမျိုးမှသည်.. အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး..၊ စည်လုံးညီညွတ်ပြီး နိုင်ငံတကာမှ လေးစား အသိအမှတ်တဲ့ အနာဂတ် မြန်မာနိုင်ငံတော်သစ်ဆီသို့ စည်းလုံးညီညွတ်စွာဖြင့် လျှောက်လှမ်းနိုင်ပါစေကြောင်း.။

 ဒီမိုဝေယံ
ဓာတ်ပုံ ပေါ်ပြူလာဂျာနယ်