ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

AAPPဂျပန်ဋ္ဌာနခွဲမှဦးစီး၍ဂျပန်လွှတ်တော် အမတ်များနှင့်ပူးတွဲ၍သတင်းစာရှင်းလင်းပွဲပြုလုပ်။


ယနေ့ မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကြီးမှုး ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်နှင့် အဖမ်းဆီးခံ နိုင်ငံရေး သမားများ၊ သတင်းသမားများ အမြန် လွတ်မြောက်ရေး ဓာတ်ပုံပြပွဲ နှင့်သတင်းစာ ရှင်းလင်းပွဲကို ဒီကနေ့ နေ့လည် ၁နာရီခန့်က ဂျပန်လွှတ်တော် အဆောက်အဦး အမှတ်၂၌ ကျင်းပ ပြုလုပ်ရာ မြန်မာ့အရေးဆောင်ရွက်နေသော ဂျပန် လွှတ်တော် အမတ်များ သမဂ္ဂမှလွှတ်တော် အမတ်များ ၊သတင်းဋ္ဌာန အသီးသီးမှ သတင်းသမားများ၊အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ မြန်မာ့အရေး စိတ်ပါဝင်စားသူများ တက်ရောက်ကြပါသည်။မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို ဂျပန်နိုင်ငံသားများ၊ လွှတ်တော်အမတ်များနှင့်သတင်းသမားများ ပိုမိုသိရှိ နားလည် စေရန် ရှင်းလင်း ပြောကြားခဲ့ပါသည်။ဂျပန်လွှတ်တော်အမတ် မစ္စတာ YOSHINORI SUEMATSU နှင့်မစ္စတာ AZUMA KONNO တို့ကလည်း
လက်ရှိ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့ပါသည်။နော်ဝေအခြေစိုက် မြန်မာသတင်းသမဂ္ဂမှ ဂျပန်ဌာနေကိုယ်စားလှယ်ကိုသက်လင်းမှ AAPP ၏ သဝဏ်လွှာကို ဖတ်ကြားပါသည်။
ယနေ့သည် ဖမ်းဆီးခံနာဂစ်သတင်းထောက်များ ဖြစ်ကြသည့် ကိုကျော်ကျော်သန့်နှင့် မအိမ့်ခိုင်ဦး တို့ အဖမ်းဆီးခံရသည့် တစ်နှစ်ပြည့်မြောက်သည့်နေ့လည်းဖြစ်ပါသည်။ကိုကျော်ကျော်သန့်၏ ထောင်တွင်းလက်ရှိ အခြေအနေအား ညီမဖြစ်သူ မဇင်မာသန့်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ AAPP ဂျပန်ဋ္ဌာနခွဲ တာဝန်ခံကိုဖုန်းမြင့်ထွန်းမှ သတင်းစာဆရာမျာ၏ မေးခွန်းများကို ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး ဆန္ဒပြုလွှာ၁၄၈၉၀ယောက်၏ လက်မှတ်ပါသော စာရွက်စာတမ်းများကို၊ ကိုဖုန်းမြင့်ထွန်း မှ လွှတ်တော်အမတ် မစ္စတာYOSHINORI SUEMATSU ထံပေးအပ်ခဲ့ရာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကိုဖုန်းမြင့်ထွန်း ကိုယ်တိုင် မြန်မာ နိုင်ငံတွင် ထောင်အတွင်းအနှိပ်စက်ခံခဲ့ ရပုံများကို (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဂျပန်ဋ္ဌာနခွဲမှ)ကိုမြတ်သူမှလက်တွေ့သရုပ်ပြပေးခဲ့ပါသည်။သတင်းစာ ရှင်းလင်းပွဲမှာ နေ့လည် ၂နာရီတွင် ပြီးဆုံး ခဲ့ပါသည်။ ဓာတ်ပုံပြပွဲကို ညနေ၆နာရီထိပြသခဲ့ပါသည်။ဤအခမ်းအနားသို့ မြန်မာ့အရေးစိတ်ဝင်စားသူ ဂျပန်လူမျိုးများ အပါအဝင် လူ၄၀ကျော် တက်ရောက်ခဲ့
ကြောင်းသိရပါသည်။
သတင်း၊ဓာတ်ပုံ။......ဒီမိုဝေယံ၊စိုးအောင်ဝင်း (NLD)LA JB