ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နအဖ တရားရုံး ဘာလဲ၊ဘယ်လဲ?

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ၏သက်သေ ၃ဦးအပေါ် ခရိုင်တရားရုးံးမှ တရားမျှတမှုမရှိစွာ ပယ်ဖြတ်မှု အပေါ် တိုင်းတရားရုံး သို့ဆက်လက် ၍ဥဒေအကြောင်း အရမှားယွင်းကြောင်းကို ပြင်ဆင်မှုတင်ကြောင်း ကြားသိရပါတယ်။တိုင်းတရားရုံးမှ ညနေ ၄နာရီ ၌ အမှုကို လက်ခံဘို့ အတွက် လာရောက်လျှောက်လဲချက် ပေးရန် ခေါ်ယူတဲ့ အတွက် ဒေါ်စု၏ ရှေ့နေများ သွားရောက်ခဲ့ကြောင်း တိုင်းတရားရုံး သို့ရာက်ရှိချိန် ၌
တိုင်းတရားသူကြီး တရားရုံးချုပ်သွားနေသည် အတွက်ကြောင့် ဟုဆိုကာ ခေတ္တစောင့်ဆိုင်းခိုင်းကြောင်း ၊
၎နာရီ၄၅မိနစ်၌ တရားသူကြီးရောက်မလာနိုင်တော့ဟုဆိုကာ ဝန်ထမ်းတဦးမှ နောက်နေ့မှ လာရောက်စုံစမ်းပါဟု ပြောဆိုကြောင်း ကြားသိရပါသည်။ယခုကဲ့သို့ အင်မတန်မှ အရေးကြီးလှသော အမှုတွင် လာရောက် လျှောက်လဲချက်ပေးပါရန် ခေါ်ဆိုပြီးမှ ရက်ရွှေ့ ဆိုင်းခြင်းမှာ တစုံတခုသော ပယောဂ (သို့) ဖိအားကြောင့်လား ဆိုသည် မှာ တွေးတောစရာ ဖြစ်နေပါကြောင်း...........
စာဖတ်မိတ်ဆွေများ မည်သို့ ထင်မြင်ပါသနည်း...?????????