ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရဟန်း၊သံဃာတော်များအား မကောင်းဆိုးဝါးများက ကြောက်ကြကုန်၏ ။

ရခိုင်ပြည်နယ်ရှိ သံဃာတော်များ အလွန်တရာမှ ဒုက္ခရောက်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ---- သံဃာတော်များဟာ ခုအခါဆိုလို့ရှိရင် ၀ါဆိုဝါကပ်သီတင်းသုံးရာ မိမိရဲ့ ရပ်ရွာဒေသများသို့ ကြွရောက်လေ့ရှိကြပါတယ်၊ အဲဒီဆရာတော် သံဃာတော်များဟာ ခရီးသွားလာလွယ်ကူစေရန်အတွက်မဟုတ်ဘဲ လမ်းခရီး ခက်ခဲအကြပ်အတည်းများ များစွာများစွာ ခရီးဒုက္ခ ရောက်နေသည်ကို အလွန်စိတ်မကောင်း ဖြစ်မိပါတယ်။ ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ရခိုင်ပြည်နယ်ရဲ့ နယ်စပ်ဒေသတစ်ခုဖြစ်တဲ့ မောင်တောမှ ဘူးသီးတောင်သို့ 16 မိုင်ခရီးဝေးသော အဲဒီခရီးကို ဆရာတော်သံဃာတော်များ ဒုလ္လဘဦးဇင်း ရှင်ငယ်များ ယခုအခါဆိုလို့ရှိရင် ကြွရောက်လေ့ရှိကြပါတယ်၊ အဲသလို ကြွရောက်နေတဲ့ လမ်းကြားထဲမှာပဲ သုံးမိုင်ဂိတ်ကို ရောက်တော့ ကားပေါ်ကနေ ခရီးသည် သံဃာတော်စသည် အကုန်လုံးဆင်းခိုင်း၊ မှတ်ပုံတင်စစ်ဆေး၊ မေးမြန်းစုံစမ်း၊ ``ဘယ်သွားမှာလဲ၊ ဘယ်မှာနေမလဲ၊ ဘာလုပ်မှာလဲ၊ ဘာအကြောင်းကိစ္စလဲ´´အမျိုးမျိုး အဖုံဖုံ ကုလားမော်လ၀ီတွေကို စစ်ဆေးမေးမြန်းမှု ပြုလုပ်သလိုဆိုတော့ တရားခံတွေကို စစ်ဆေးနေသလို ဆရာတော်တွေက အလွန်တရာမှ စိတ်အနှောင့်အယှက်ဖြစ်နေရပါတယ်။ ဆိုတော့ ဟိုတုန်းကဆိုလို့ရှိရင် ကုလားတွေကိုသာ စစ်ဆေးမေးမြန်းပြီး ယခုကျတော့ သံဃာတော်တွေက အလွန်တရာမှ အစစ်အဆေးခံနေရတယ်၊ စစ်ဆေးတဲ့သူကတော့ န.စ.က, လုံထိန်း, ရဲ, လ.၀.က ဌာနဆိုင်ရာ ပေါင်းစုံ အဖွဲ့ပေါင်းဆုံ ဆရာတော် သံဃာတော်များကို စစ်ဆေးမေးမြန်းနေသည်ကို ဘာကြောင့် ဒီလိုမျိုး ခဏခဏမေးမြန်းနေရတာလဲ၊ ဒါ မိမိမွေးဖွားတဲ့နေရာဒေသမှာ နေထိုင်ပြီးတော့ အေးအေးဆေးဆေး မိမိသာသနာပြုလုပ်ငန်းကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိသလို လွတ်လပ်စွာ ခရီးသွားပိုင်ခွင့်လည်း မရှိပါလား၊ နောင်လာမယ့် ဆရာတော် သံဃာတော်တွေအတွက်ကော စိတ်ချလုံခြုံမှု ရှိနိုင်ပါ့မလား၊ ဒါဟာ ဘယ်သူနဲ့ သက်ဆိုင်သလဲ၊ ဘယ်သူနဲ့မသက်ဆိုင်ဘူးလဲဆိုတာကတော့ ဆရာတော် သံဃာတော်တွေမှာ အလွန်တရာမှ စိတ်ထိခိုက်အနှောင့်အယက်များစွာ ခံပြင်းနေရပြီး ဒါတွေကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ချုပ် သိသလား? မသိဘူးလား? ဘာလုပ်နေသလဲ? ဆိုတော့ အဲဒီဆရာတော်တွေက သံဃာ့ကိစ္စအ၀၀ကို ရှေးရှုပြီးတော့ လုပ်ဆောင်နိုင်ခွင့် တစ်စုံတစ်ရာ သံဃာ့အပေါ်ရှုထောင့်မှ အာမခံချက်မပေးနိုင်ပါလား။ ဆိုတော့ ဒီသံဃနာယကအဖွဲ့ ဘာလုပ်လို့ရမှာလဲ? ဖျက်သိမ်းလိုက်ပါတော့။

အခု ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ အကျယ်တ၀င့် ဖော်ပြဖို့ သင့်နေပြီဆိုတာကို ဦးဇင်းတို့ သံဃာ့ကိုယ်စား အထူးမေတ္တာရပ်ခံအပ်ပါသည်။

၎င်းဖြစ်ရပ်မှန်ကို ခရီးသွားနေသော အမည်မဖော်လိုသော ဒုလ္လဘဦးဇင်းကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရသည်ကို တင်ပြရခြင်းဖြစ်ပါသည်။ အခုသတင်းဟာ လုပ်ဇာတ်မဟုတ်ပါဘူး၊ မယုံဘူးဆိုလို့ရှိရင် ဒေသခံဆရာတော် သံဃာတော်တို့အား ယခုအခါ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

မိုးသောက်ကြယ် ဂျာနယ်က ပို့လိုက်တာပါ။
Mail ထဲကအတိုင်း ဖော်ပြလိုက်ပါတယ်။....။