ဒေါ်အောင်ဆန်းစုကြည် (၆၄)နှစ်ပြည့် မွေးနေ့ အင်းစိန်ထောင် လုံခြုံရေး ဝန်ထမ်းများအား ဒေါ်စုကိုယ်တိုင် အလှု ဒါနပြုခွင့် ရမည်။
အာဏာပိုင်များ၏ သဘောတူညီချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် (၆၄)နှစ်ပြည့် မွေးနေ့ပွဲ အင်းစိန်ထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ဝန်းကျင်မှ ထောင်လုံခြုံရေး ဝန်ထမ်းများအား မွေးနေ့ အလှုဒါန ပြုလုပ်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်း မှပြောပါတယ်။ "ဒေါ်စုနေထိုင်ရာ ဝန်းကျင်က လူတွေ၊ အကျဉ်းထောင် လုံခြုံရေးဝန်ထမ်းတွေကို မွေးနေ့အထိမ်းအမှတ် အလှုဒါန ပြုဖို့အတွက် ဒံပေါက် အထုတ် ၄၀ မှာထားပါတယ် ၊ အန်ကယ်ကိုယ်တိုင် သွားပို့ပေးရမှာပါ အာဏာပိုင်တွေနဲ့ သဘောတူညီမှု ရရှိထားပြီးပါပြီ" ဟု ရှေ့နေကြီး ဦးဥာဏ်ဝင်း မှဆိုပါတယ်။
သတင်း။...။ဒီမိုဝေယံ......
သတင်း။...။ဒီမိုဝေယံ......