ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မနက်ဖြန် ၁၇ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် သက်သေ၂ ဦး အယူခံ အမှုလျှောက်လဲချက်ပေးရမည်။


မနက်ဖြန် မနက် ၁၀နာရီ ဗဟိုတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး ဖြစ်တဲ့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် တို့၏ အယူခံ အမှုလျှောက်လဲချက် ပေးရမှာဖြစ်ကြောင်း၊ အမှုလက်ခံမခံကို ညနေ ၄နာရီ လောက်မှာ သိရမှာဖြစ်ကြောင်း ၊အမှုလက်ခံပါက သက်သေ ၂ယောက် အတွက် တရားခွင်မှာ လျှောက်လဲခွင့် ရဖို့ထပ်မံ တင်သွင်းရမှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောပါတယ်။NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဥပဒေပညာရှင် ဒေါ်ခင်မိုးမိုး၏ လျှောက်လဲချက် ကိုတော့ ယခုလ ၂၆ ရက်နေ့မှာ အင်းစိန် တရားရုံးမှာ ကြားနာမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်အားလည်း ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေများမှ ပြုပြင် သိမ်းဆည်းတာတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း ကြားသိရပါသည်။

သတင်း။......။ဒီမိုဝေယံ