ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂၆ရက်နေ့ နေ့လည် သတင်းများ။...။


ဒေါ်အောင်ဆန်းစုကြည် ရဲချုပ်ခင်ရီ သတင်းစာရှင်းလင်းပွဲ ကိစ္စနားမလည် နိုင်ကြောင်းပြောဆို။...။


ဒေါ်အောင်ဆန်းစုကြည် ရဲချုပ်ခင်ရီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တဲ့ကိစ္စအပေါ် သူတို့(သတင်းစာရှင်းလင်းပွဲ ) ဘာကြောင့် လုပ်တယ်ဆိုတာ နားမလည် နိုင်ကြောင်း ယနေ့ ရှေ့နေများနှင့် ခေတ္တ တွေ့ခွင့် ရစဉ် ပြောဆို လိုက်ပါတယ် ။ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း ကိုလည်း ဒေါ်စု သိခွင့်မရပဲ ယနေ့ရှေ့နေများမှ တဆင့် သိရှိ ရခြင်း ဖြစ်သည်။....။

နောက်ထပ်ရုံးချိန်း ဂျူလိုင်လ ၃ ရက်နေ့ ။.....။

ယနေ့ အင်းစိန်တရားရုံးမှ အမှုရုံးချိန်းအား နောက်လာမည့် ဂျူလိုင်လ ၃ရက်နေ့သို့ ချိန်းဆိုလိုက်ပါသည်။ ထိုနေ့တွင် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဥပဒေပညာရှင် ဒေါ်ခင်မိုးမိုး၏ လျှောက်လဲချက် ပေးရမည်ဟု သိရှိရပါသည်။...။

ကုလသမဂ္ဂ အထူးကိုယ်စားလယ် မစ္စတာဂမ်ဘာရီ မြန်မာပြည် ရောက်ပြီ။...။

ကုလသမဂ္ဂ အထူးကိုယ်စားလယ် မစ္စတာဂမ်ဘာရီ ဒီကနေ့ မနက်ပိုင်းက မြန်မာပြည် သို့ရောက်ရှိ လာပြီ ဖြစ်ကြောင်း ကြားသိရပါသည်။...။


သတင်း။....။ဒိမိုဝေယံ........