ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဥပဒေအရလိုအပ်သလို ပြဿနာကို လမ်းဆုံးထိ ဆောင်ရွက်မည်။(ဒေါ်အောင်ဆန်းစုကြည်)

ရန်ကုန်တိုင်းတရားရုံးမှ ၉ ရက်နေ့က ပယ်ဖျက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ သက်သေ ၂ဦး အမှု အတွက် အယူခံကို ယနေ့ နံနက် ၁၁ နာရီက ဗဟို တရားရုံးသို့ အမှုမှတ်ပုံတင် တင်သွင်းခဲ့ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီး ဦးဥာဏ်ဝင်း မှပြောပါသည်။
ဦးဥာဏ်ဝင်း။…….။ ”နေ့လည် ၁နာရီခန့်မှာ ဗဟိုတရားရုံးက လာမည့် ၁၇ ရက်နေ့ မှာလျှောက်လဲချက် လက်ခံရေး အတွက် Document for admition လာရောက် လျှောက်ထားနိုင်ကြောင်း အကြောင်းကြားလာပါတယ်။တရားရုံးက လက်ခံရင် နောက်တစ်ဆင့်
နှစ်ဘက်လုံးက လျှောက်လဲချက်ပေးရမယ်။မနက်ဖြန် အင်းစိန်တရားရုံးမှာ ဒေါ်ခင်မို့မို့
သက်သေထွက်ဆိုရမယ့် ရုံးချိန်းရက်ကို သိရှိရပါမယ်။”
သတင်း။…..။ဒီမိုဝေယံ..
ဆက်သွယ်မေးမြန်းပါသည်။