ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထု တရပ်လုံး အတွက် အမှန်တကယ် စတေးခံနေတဲ့ အကောင်းဆုံး မြေသြဇာအဖွဲ့ ။....။

ပြည်တွင်းမှာ လူထုတရပ်လုံး လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ပြည်ပ တာဝန်ခံ တဦးနဲ့ စကားပြောခွင့်ရခဲ့ ပါတယ်။ ၂၀၀၄ခုနှစ်မှ စတင်၍ ဒေါင်းမာန်အမည်ဖြင့် စစ်အာဏာရှင်ပြုတ်ကျဖို့ အတွက် လှုပ်ရှားမှုအမျိုးမျိုးပြုလုပ်ခဲ့ပါသည်။ ၂၀၀၆ခုနှစ်စတင်၍ လူထုတရပ်လုံးအတွက် စတေးခံ ကောင်းဆုံးမြေသြဇာဟု အမည် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ဒေါင်းမာန်သည် အကောင်းဆုံး မြေသြဇာဖြစ်သလို အကောင်းဆုံးမြေသြဇာသည်လည်း ဒေါင်းမာန်ဖြစ်ကြောင်း သိစေအပ်ပါသည်။(မြေသြဇာ ဘလော့မှ) www.thebestmanure.blogspot.com အဆင်ပြေတယ်ဆိုရင် နိုင်ငံရေးရည်မှန်းချက် တူညီသူတိုင်းနဲ့ ထိတွေ့ နေပါတယ်တဲ့ ။ အကောင်းဆုံးမြေသြဇာအဖွဲ့မှ ပြည်သူတွေအတွက် စတေးခံ ခဲ့တဲ့ အာဇာနည်တွေရဲ့ စာရင်းကိုလည်း ပြောပြခဲ့ပါတယ် ။ "၂၀၀၆ ခုနှစ်မှာ ၈ယောက် ပဲခူးနဲ့မြဝတီ၊ ၄ယောက် ပြန်လွတ်လာပြီး ၄ ယောက်က ၂၆နှစ် ကနေ ၁၉နှစ် ကျသွားပါတယ်။၂၀၀၈ ခုနှစ်မှာ ၆ယောက် အဖမ်းခံရပါတယ်။၃ယောက်က ၁၃နှစ်စီ ချထားခံရပြီး ဖောက်ခွဲမှုနဲ့ ထပ်မံစွဲထားပါတယ်။ ၃ယောက်ကတော့ အခုအချိန်ထိ စစ်ဆေးခံနေရပါတယ်။ ၂၀၀၉ ၂လပိုင်းမှာ ၃ယောက် အဖမ်းခံထားရပါတယ်။ ၄လပိုင်းမှာ ၁ယောက် အဖမ်းခံထားရကြောင်း " ပြောပြသွားပါတယ်။ ကျွန်တော်တို့ အမိမြန်မာပြည် လွတ်မြောက်ရေး အတွက် စတေးခံတိုက်ပွဲဝင်နေတဲ့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ အာဇာနည်များအား ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

သတင်း။...။ဒီမိုဝေယံ.....