ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင် (၃) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း။

ဇွန်လ (၁၂) ရက်နေ့  ညပိုင်း (၁၁း၀၀) နာရီကျော်လောက်မှာ ဗဟန်းမြို့နယ် အ၀ိုင်းထိပ် မှတ်တိုင် အနီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်များဖြစ်ကြသော ဗဟန်းမြို့နယ်မှ လူငယ်တာဝန်ခံ ကိုအောင်အောင်ဦး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ကိုကျော်ဝင်းထွန်း၊ တာမွေမြို့နယ်မှ ကိုကျော်မျိုးနိုင် တို့ သုံးဦးတို့အနားသို့ ရဲဆိုင်ကယ်နှစ်စီးရောက်လာပြီး ညီလေးတို့ ခဏဟု ခေါ်ကာ ဘယ်ကလည်း ဘယ်သွားမှာလည်းဟု မေးမြန်းရာ ကိုကျော်မျိုးနိုင်မှ ကျွန်တော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင်လူငယ်တွေ၊ သူခိုးဂျပိုးတွေ မဟုတ်ဘူး၊ နိုင်ငံရေးလုပ်နေတဲ့သူတွေ၊ ခင်ဗျားတို့ က ဘာလုပ်မလိုလည်းဟု ပြောရာ၊ အဲ့ဒါဆို ခဏလိုက်ခဲပါဟု ပြောကာ တက်က်စီကားကိုငှားပြီး ကားပေါ်သို့ တက်ခိုင်းကာ ဖမ်းဆီးခေါ်ဆောင် သွားပါသည်။....။(နစ်နေမန်း ဘလော့မှ ရယူပါသည်)