ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂၇ နေ့လက်ရှိ နောက်ဆုံးရ သတင်း။


ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ရန်ကုန်မြို့ UN ရုံးမှာ ရောက်ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံမယ်လို့ သတင်းကြား ရပါတယ်။ တွေ့ဆုံခွင့် ရမရ မသိရသေးပါ။ သတင်းရရှိပါက ဆက်လက် ဖော်ပြပါမည်။

ဆက်ရပ်သတင်း။....။

မစ္စတာဂမ်ဘာရီ ဒေါ်စုနဲ့ မတွေ့ဆုံ ခဲ့ရဘူးလို့ နောက်ဆုံးသိရှိရပါတယ်။


NLD ဥက္ကဋ္ဌ အဘ ဦးအောင်ရွှေ ကျန်းမာရေး သိပ်မကောင်းပါ။ ရုံးမတက်နိုင်တာ တလရှိပြီလို့ သိရှိရပါတယ်။အသက် ၉၁နှစ်ရှိပါပြီ။

ဒေါ်စုရဲ့ သက်သေ တဦးဖြစ်တဲ့ NLD တောင်ကြီးမြို့နယ် စည်းရုံးရေး အဖွဲဝင် ဥပဒေ ပညာရှင် ရဲ့နာမည်ဟာ ဒေါ်ခင်မိုးမိုးဖြစ်ပါတယ်။ ဒေါ်ခင်မို့မို့မဟုတ်ပါ။ တချို့သတင်းဋ္ဌာန တွေမှာ မှားဖော်ပြနေလို့ပါ။.....။

မန်မာပြည်မှာ ဝက်တုပ်ကွေး စဖြစ်ပြီ။.....

ယနေ့ည မြန်မာ့ရုပ်မြင်သံကြား မှာ ဝက်တုပ်ကွေး ကူးစက်ရောဂါပိုး စတင်တွေ့ရှိကြောင်း ကြေငြာသွားပါတယ် ။စင်ကာပူအလည် သွားပြီး ပြန်လာတဲ့ ၁၃နှစ်အရွယ် ကျောင်းသူတဦး ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး သီးသန့် လူနာခန်းမှာ ထားရှိပြီး ကုသလျှက်ရှိကြောင်း ကြေငြာသွားပါတယ်။



သတင်း။....။ဒီမိုဝေယံ