ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယမန်နေ့ ညက ဗကသ ကျောင်းသားများ ထိန်းသိမ်းခံရမှုနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ ပြုလုပ်သည့် ရှင်းလင်းပွဲ ရုပ်သံ..

ယမန်နေ့ ညက ဗကသ ကျောင်းသားများ ထိန်းသိမ်းခံရမှုနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ ပြုလုပ်သည့် ရှင်းလင်းပွဲ ရုပ်သံ..(The Voice Weekly)
(ရန်သူနဲ့တွေ့တော့ ပန်းလိုကျင့်တယ်..) (ပြည်သူနဲ့တွေ့တော့ မီးလိုကျင့်နေတယ်.)

မနေ့ညက အဖမ်းခံရတဲ့ ဗကသကျောင်းသားတွေဟာ

သမိုင်းမရှိခဲ့တာကို ရှိပါတယ်ဆိုပြီး သမိုင်းလိမ်သူတွေလို တိုင်းရင်းသားပါလို့ လိမ်ညာတောင်းဆို နေတာမဟုတ်...
သမိုင်းရှိခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ရှိဖို့ တောင်းဆိုနေတာ

မီးကွင်းပစ်ပြီး အကြမ်းဖက်နေတာ မဟုတ်...
ငြိမ်းချမ်းရေးအတွက် အမှတ်တရ အခမ်းအနား လုပ်နေတာ...

နိုင်ငံသားပါ ဆိုပြီ လိမ်လည်နေသူတွေ မဟုတ်....
တိုင်းချစ် ပြည်ချစ် စွန့်လွှတ် အနစ်နာခံသူ မြန်မာနိုင်ငံသားစစ်စစ်တွေ..

ယခုတော့ အခြေအနေတွေက မိမိနိုင်ငံသားမဟုတ်တဲ့ အကြမ်းဖက် ကျူးကျော်သူတွေ ကြတော့ ပန်းနဲ့ပေါက်ပြတယ်.. (ရန်သူနဲ့တွေ့တော့ ပန်းလိုကျင့်တယ်..)

ငြိမ်းချမ်းရေးအတွက် လှလှပပ သမိုင်းကို ပုံဖော်နေတဲ့ ကိုယ့်နိုင်ငံသားစစ်စစ် တွေကြတော့ ဖမ်းတယ် ဆီးတယ်..။ (ပြည်သူနဲ့တွေ့တော့ မီးလိုကျင့်နေတယ်)

အထိန်းသိမ်းခံ ဗကသကျောင်းသားများအား ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုအပ်ပါတယ်။