ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယာယီထိန်းသိမ်းခံရသော ဗကသကျောင်းသားအချို့ ပြန်လည်လွတ်မြောက်...

၇ .၇.၂၀၁၂ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး မိခင်နှင့် အတူတွေ့ရတဲ့ ကိုဒီငြိမ်းလင်း မြန်မာစံတော်ချိန် ညနေ(၈း၃၀) (ဒီငြိမ်းလင်း ဖေ့စ်ဘွတ်ခ်မှ)
ယာယီထိန်းသိမ်းခံရသော ဗကသကျောင်းသားအချို့ ပြန်လည်လွတ်မြောက်
ရန်ကုန်၊ ဇူလိုင်-၇

ဇူလိုင်၆ရက်ညတွင် ယာယီထိန်းသိမ်းခြင်း ခံခဲ့ရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ်(ဗကသ)

အဖွဲ့ဝင်များဖြစ်သော ရန်ကုန်မြို့မှ လေးဦး၊ မန္တလေးမြို့မှ ကိုးဦး(၈၈မျိုးဆက် ကျောင်းသားတစ်ဦး အပါအ၀င်)၊ လားရှိုးမြို့မှ ဗကသအဖွဲ့ဝင် လေးဦးတို့မှာ မကြာမီက လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဗကသအဖွဲ့ဝင်များထဲမှ ရန်ကုန်မြို့နေ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့ကို သက်ဆိုင်ရာက ယနေ့ညနေ၇နာရီ ၀န်းကျင်တွင် ၄င်းတို့၏အိမ်များသို့ လိုက်လံပို့ဆောင် ပေးလျက်ရှိကြောင်း ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက ပြောသည်။

 မန္တလေးမြို့မှ ယာယီအဖမ်းခံရသူများတွင် ကိုအောင်မှိုင်းဆန်း၊ ကိုမိုးထက်နေ၊ ကိုသန်းထိုက်၊ ကိုမင်းခန့်တိုနှင့် ရွှေဘိုမြို့မှ ၀သန်၊ ပြည့်ဖြိုးကျော်၊ ၀က်သိုး(ခ) ကိုခင်ခင်ဦး၊ မဌေးဌေးဝင်းတို့ဖြစ်သည်။ လားရှိုးမြို့မှအဖမ်းခံရသူများတွင် မ၀င်းလဲ့ရွှေ၊ ကိုအာကာကိုကို၊ ကိုသိန်းထိုက်ဇော်၊ ကိုစိုးကြည်သာ၊ ကိုကျော်ကျော်ဦးတို့ဖြစ်သည်။ ၄င်းတို့အား ဇူလိုင်၆ရက်ည ၁၀နာရီဝန်းကျင်က ယာယီထိန်းသိမ်းသွားခဲ့ပြီး ယနေ့ညဦးပိုင်း ၇နာရီခန့်က ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ထိန်းသိမ်းထားစဉ် 7 July အခမ်းအနားနှင့် ပတ်သက်၍လည်းကောင်း၊ ကျောင်းသားသမဂ္ဂနှင့် ပတ်သက်၍ လည်းကောင်း၊ မိသားစုနှင့် ကိုယ်ရေးရာဇ၀င် အချက်အလက်များကို မေးမြန်းခဲ့ကြောင်း ကိုယ်တိုင် ထိန်းသိမ်းခံရာတွင် ပါဝင်ခဲ့သော အသက်၁၇နှစ်အရွယ် မ၀င်းလဲ့ရွှေကပြောသည်။ ထို့အပြင် အသက် ငယ်သေးသည့်အတွက် ပညာကိုသာ ဦးစားပေးသင်ယူပြီး ကြီးမှ နိုင်ငံရေးလုပ်ရန် သက်ဆိုင်ရာမှ တာဝန်ရှိသူက ပြောကြားလိုက်ကြောင်း ပြောသည်။ သို့သော် ခံဝန်လက်မှတ် ရေးထိုးခဲ့ရခြင်းမျိုး မရှိကြောင်းလည်း ၄င်းက ဆက်လက်ပြောသည်။

7Days Journal