ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မင်းဘူးမြို့) (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား..

(၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်းဘူးမြို့မှ အစီအစဉ်(၃)ခုဖြင့် ကျင်းပ ပြုလုပ်ပါသည်။

အစီအစဉ်(၁)….၁၉.၇.၂၀၁၂နေ့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးပြီး အရုဏ်ဆွမ်းလောင်း ဆက်ကပ်လှူဒါန်းခြင်းကို မင်းဘူးမြို့၊ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်းတွင် နံနက်(၄း၄၅)နာရီမှစ၍ မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ကြွသံဃာ(၂၉၀)ပါးအား ဆွမ်းဆက်ကပ် လှူဒါန်းပါသည်။
အစီအစဉ်(၂)….. အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်၊ မင်းဘူးမြို့နယ်ရုံးတွင် သံဃာတော်(၅)ပါးအား ဆွမ်းနှင့် လှူဖွယ်များ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချ တရားနာကြားပါသည်။ နံနက်(၉း၀၀)နာရီမှ စပြီး တက်ရောက်လာကြသော မြို့နယ်အဖွဲ့ချုပ်ဝင်များ၊ ရပ်ကျေးမှ အဖွဲ့ချုပ်ဝင်များကို မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါသည်။ တက်ရောက်လာကြသော အဖွဲ့ချုပ်ဝင်များမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့် (၁)မိနစ်ငြိမ်သက်ပြီး အလေးပြုပါသည်...။ ထို့နောက် နိုင်ငံတော်အလံနှင့် အဖွဲ့ချုပ်အလံတို့အား အလေးပြုကြပါသည်။

အစီအစဉ်(၃)… ညနေ(၄း၀၀)နာရီတွင် ရှင်မင်းပူး စေတီရင်ပြင်တော်ပေါ်တွင် မရှိနွမ်းပါးသောကလေး များအား အာဟာရဒါန အနေဖြင့် ကြာဆံဟင်းခါး တိုက်ကျွေး လှူဒါန်းခြင်းတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မင်းဘူးမြို့မှ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ပါသည်။

မြင့်ကျော်NLD (မင်းဘူး)