ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အတွင်းသိတဦးရဲ့ စပ်မိစပ်ရာ ပေးစာကဏ္ဍ...

ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အတွင်းသိတဦးရဲ့ စပ်မိစပ်ရာ ပေးစာ..
အားလုံးက အမေစုကို Vice President ဖြစ်စေချင်ကြတယ်။  ဒါပေမယ့် အခြေခံဥပဒေနဲ့ ညှိနေတယ်တဲ့။ သားတွေက နိုင်ငံခြားသားတွေ ဖြစ်နေလို့တဲ့။  ဟုတ်ပြီ ဒါဆိုရင် ဥပဒေ နားလည်သူတွေ အနေနဲ့ ယခုလွှတ်တော်ထဲ ရောက်နေပြီး ရာထူးကြီးကြီး ယူထားသူ အချို့ကိုလည်း ပြန်လည်ဆန်းစစ် ပေးဖို့လိုပါလိမ့်မယ်..။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ (ရခိုင်အရေးကိစ္စအပေါ် သတင်းမီဒီယာများအား ဖိအားပေး ခြိမ်းခြောက်ခဲ့သူ)ရဲ့ သားမက်ဟာ နိုင်ငံခြားသား (Australianနိုင်ငံသား ခံယူထားသူ)ပါ။ ၂ဝဝ၈မေလ နာဂစ်မုန်တိုင်း ပြီးခါစသူတို့ လက်ထပ်ပြီးမှ ရန်ကုန်မှာ အခြေချ နေထိုင်လာတာပါ။ သူ့သမီး နိုင်ငံခြားသားနဲ့ လက်ထပ်တာကို လူသိမှာစိုးလို့ တချက်လွှတ်အမိန့်နဲ့ ခမည်းခမက်တွေကို မြန်မာနိုင်ငံမှာ ပြန်ပြီး အခြေချ နေခိုင်းပါတယ်။ မိဘတွေက သားသမီး ကောင်းစားတာ မြင်ချင်တော့ ဝယ်ပြီးခါစ Sydney ကအိမ်လေးကို ရောင်းပြီး ပြည်တော်ပြန် ရပါရောလား။  ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ သူနဲ့ နာမည်တူနေလို့ဆိုပြီး ခမည်းခမက်မှာ နာမည်ပြောင်းပေးရရှာတယ်..။

European Unionက စီးပွားရေး မရုတ်ခင် အချိန်တွေမှာ သားသမက်ဟာ Australian Passport နဲ့ ဥရောပနိုင်ငံတွေကို ဥဒဟိုသွားပြီး သူတို့မိသားစုတွေရဲ့ စီးပွားရေး သံတမန်အဖြစ်နဲ့ အမှုတော်  ထမ်းပါတယ်။ အဲဒီထဲမှာ Germany နိုင်ငံမှာ သဘောင်္ သွားဝယ်ရာမှာလည်း ပါပါတယ်။
နောက်တစ်ယောက်ကတော့ တော်လှန်ရေးနေ့တွေမှာ ဗိုလ်သန်းရွှေစီးတဲ့ Mercedes ကားကို သူလက်ဆောင် ပေးထားတာဆိုပြီး လက်မ တစ်ထောင်ထောင် လုပ်ခဲ့တဲ့ ယခင် (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး) ယခုကြံ့ဖွတ် လွှတ်တော်အမတ် ဦးစိုးသာပါ။ သူ့သားကြီးဟာလည်း Australian နိုင်ငံသား ခံယူထားပြီး Sydney မှာနေတာ၁ဝ နှစ်နီးပါးရှိနေပါပြီ။ Australia အစိုးရက ပိတ်ဆို့ထားတဲ့သူ စာရင်းမှာ သူတို့နာမည် ပါတာတောင် ရအောင်နေနေတဲ့ သူတွေပါ။ ယခင် သြစတြေးလျ အစိုးရက လာရောက်ခွင့် ပိတ်ပင်ထားတဲ့ စစ်အာဏာရှင် စာရင်းမှာ ပါနေသူပါ..။

သူ့ညီမဟာလည်း ရန်ကုန် ဆေးရုံကြီးအတွက် တစ်ခါသုးံ ဆေးထိုးအပ်တွေကို သူ့ယောင်းမတဦးထဲကို တင်သွင်းခွင့် ပေးထားတဲ့ ရန်ကုန်ဆေးရုံအုပ်ကြီးလဲ ဖြစ်ပါတယ်။

အလျဉ်းသင့်ရင် ဆက်ဖော်ပြပါဦးမယ်။
အတွင်းသိ