ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လမြတ်ဝါဆို.. မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

လမြတ်ဝါဆို

သန္ဓေ တောထွက် ဓမ္မစက်
ဟောမြွက် သံချို လမြတ်ဝါဆိုလို့
မိန့်ဆိုခဲ့ကြ ၀ါဆိုလပေါ့
ဒါပေမယ့် စဉ်းစားကြည့်ကြ
ဒို့နိုင်ငံရဲ့ဒီဝါဆိုလ သမိုင်းရိုင်းခဲ့ရပေါ့
ဘုရားလောင်းတော်က
စည်းစိမ်အာဏာ ပါဝါတွေကိုစွန့်ပစ်
ချမ်းသာစစ် တွေ့ရမယ်လို့
တောထွက်ခဲ့တဲ့ ဒီလမှာ
မိမိအာဏာရရေး တဖက်သက်စောင်းပေးပြီး
အာဏာသိမ်းပစ် ကျောင်းသားတွေကိုပါ သတ်ပစ်လို့
ဒို့ကျောင်းသားတွေရဲ့သွေး မြေမှာခခဲ့ကြရ ဒီဝါဆိုလပေါ့

တိုင်းပြည်ရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်ဒို့ဖခင်နှင့် အာဇာနည်သခင်များ
သွေးမြေကျခဲ့ရ ဒီဝါဆိုလပေါ့
ဒို့ပြည်သူတွေက ဒီလကိုအထွဋ္ဋ်အမြတ်ထား
ဒါပေမဲ့ အာဏာရှင်တွေက
လောဘရမက်ပွါး ရမ်းကားသွားလိုက်ကြတာ
အော်...ယနေ့ ထိအောင်ပါဘဲလား...

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဓမ္မပန်းကုံးပန်ဆင်သုံး လူတိုင်းပြုံးရမည်။ တရားတော် နာယူလိုလျှင်..