အဖွဲ့ချုပ်ရုံးတွင်ပြုလုပ်မည့် ကမ္ဘာခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ World AIDS Day အထိမ်းအမှတ်အစီအစဉ်တွင် ပါဝင်လှူဒါန်းရန်။

ရက်စွဲ - ၂၇.၁၁.၂၀၀၉
အကြောင်းအရာ ။ ။ (၁-၁၂-၂၀၀၉)နေ့အဖွဲ့ချုပ်ရုံးတွင်ပြုလုပ်မည့် ကမ္ဘာခုခံအားကျဆင်းမှု
တိုက်ဖျက်ရေးနေ့ World AIDS Day အထိမ်းအမှတ်အစီအစဉ်တွင်
ပါဝင်လှူဒါန်းရန်။
အမျိုးအစား ။ ။ လူနာ (၁၀)ဦးအား ၁ လစာဆေးပါဝင်လှူဒါန်းရန် ။
ကုန်ကျစရိတ် ။ ။လူနာတစ်ဦးအတွက်တလစာဆေးဖိုး - လေးသောင်းငါးထောင်ကျပ်
လူနာ (၁၀)ဦးအတွက် (၁) လစာဆေးဖိုး (၄၅၀၀၀ ) ကျပ်
X ၁၀ ဦး
၄၅၀၀၀၀ ကျပ် (လေးသိန်းငါးသောင်း)ကျပ်
ကျသင့်ငွေ ကုန်ကျမည့်ငွေ (၄၅၀၀၀၀)လေးသိန်းငါးသောင်းကျပ် ။
(မှတ်ချက်)။ ။ ၁၀ ဦးထက်ပိုလျှင်လဲရသည် ။ လှူဒါန်းနိုင်သည်။
ရခိုင်အမျိုးသားသတင်းစာ(နိုဝင်ဘာလ)
ဧရာဝတီသောကြာစကားဝိုင်း ....

၂၀၀၇ စက်တင်ဘာ ကတည်းက သံဃာတော်တွေကို ရန်သူလို သဘောထားပြီး “စစ်ဆင်” နေတဲ့ စစ်အစိုးရ၊ တားမြစ်ထားသော မြင်ကွင်းများ ဆိုတဲ့ စာအုပ်ထဲမှာပါတဲ့
စစ်အစိုးရက ရည်ရွယ်ချက်နဲ့ ဖျက်ဆီးခဲ့တဲ့ သမိုင်းအမွေအနှစ်၊ ရိုးရာ ယဉ်ကျေးမှုတွေ အကြောင်းနဲ့ မြန်မာမိန်းကလေးတွေ ဘာကြောင့် အိမ်ထောင်ပြု နောက်ကျလာတာလဲ စတာတွေကို ဆွေးနွေးထား ပါတယ်။
ကျော်စွာမိုး၊ ကိုစိုး၊ အာကာမိုး၊ အေးချမ်းမြေ့၊ သဲသဲ တို့နဲ့အတူ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားမှု ဆောင်ရွက်ရေး အသင်း (SWAN) က မယင်းဟမ်းဖ လည်း ပါဝင်ဆွေးနွေးထားပါတယ်။
ဧရာဝတီ သောကြာစကားဝိုင်းဟာ တပတ်အတွင်းပြည်တွင်း ပြည်ပမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ အကြောင်းအရာတွေကို မတူညီတဲ့ အမြင်တွေနဲ့ ထောင့်ပေါင်းစုံကနေ လွတ်လွတ် လပ်လပ် ဆွေးနွေးတင်ဆက်ထားတာ ဖြစ်ပါတယ်။
ပေးပို့လာသူ အရှင်ထာဝရ....။.ညီငယ် အာကာ....
တိုင်းရင်းသားပအို့ဝ်ဒေသမှ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများ
ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသမှာ စစ်အစိုးရမှ လူမဆန်တဲ့ ရက်စက်ကြမ်းကြမ်းမှုနဲ့ စစ်ရာဇဝတ်မှုတွေ ပြုလုပ်နေပါတယ်။ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသက ပင်းပတ်တောင် ဝန်းကျင်ဒေသဟာ လွတ်လပ်ရေး ရပြီးစကတည်း ကသံသတ္တုရိုင်းတွေ ထွက်ရှိခဲ့ပါတယ်။ ၂၀၀ရခုနှစ်ကစပြီး အဲဒီဒေသမှာ ရုရှားနဲ့ ဖက်စပ်ပြီးတော့ စူးစမ်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာမှာ ယူရေနီယံတွေ ထွက်ရှိခဲ့တဲ့ အတွက် သတ္တုသန့်စင်စက်ရုံ အမည်ခံပြီး စက်ရုံများဆောက်လုပ်ပြီး စမ်းသပ်မှုတွေပြုလုပ်လာပါတယ်။
ထိုသတ္တုစက်ရုံမှ ထွက်ရှိတဲ့ ခဲဆိပ်ပါတဲ့ စွန့်ပစ်ရေတွေကို ပအို့ဝ်ဒေသခံ တွေကိုသုံးစွဲစေပါတယ်။ ထိုခဲဆိပ်ပါတဲ့ ရေတွေကို သုံးစွဲရတဲ့ ကလေးသူငယ်များမှ လူကြီးအဆုံး အရေပြားရောဂါများ ရရှိခံစားနေရပါတယ်။(အရေပြားရောဂါ ခံစားနေရတဲ့ ကလေးငယ်များပုံ ဆက်လက်ဖော်ပြပါမည်)
ထိုသို့စစ်အစိုးရမှ လျှို့ဝှက်လုပ်ဆောင်နေတဲ့ ယူရေနီယံ ထုတ်လုပ်ရေး စီမံကိန်း အနီးအနားမှ ရွာများအား ပြောင်းရွှေ့စေလိုတဲ့ အတွက်ကြောင့် ရွာသူကြီးအပါအဝင် ရွာသားများအား ပအို့ဝ်လက်နက်ကိုင် တပ်တွေနဲ့ ဆက်သွယ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လူကိုဓားနဲ့ ထိုးသတ်ခြင်း၊ အလောင်းကို အပိုင်းပိုင်းဖြတ်ပြခြင်းများ စတဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှု (War Crime) တွေပြုလုပ်နေပါတယ်။
ထိုကြောင့် ထိုဒေသမှာရှိတဲ့ ပအို့ဝ်တိုင်းရင်းသားတွေ မိမိတို့ နေထိုင်လုပ်ကိုင် စားသောက်နေရတဲ့ ရွာတွေမှ စွန့်ခွာထွက်ပြေးနေကြရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို ဆိုးရွားစွာ ခံစားနေရပါတယ်။ ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများဟာ ပအို့ဝ်ဒေသ တခုတည်းသာမဟုတ်ပဲ စစ်အစိုးရလက်ထက် နိုင်ငံနှင့်အဝှမ်းဖြစ်ပေါ်နေတယ်။ နောက်စစ်အစိုးရနဲ့ ရုရှားတို့ ဖက်စပ်ပြုလုပ်နေတဲ့ ယူရေနီယံ သန့်စင်ထုတ်လုပ်ရေးဟာ အိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း (NCGUB) အလုပ်သမားဝန်ကြီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက ပြောဆိုသွားပါတယ်။
ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲမှာ ဦးခွန်မြင့်ထွန်းမှ ပအို့ဝ်ဒေသမှ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ စစ်အစိုးရရဲ့ ယူရေနီယံစက်ရုံ၊ ဖျက်ဆီးခံရတဲ့ ပအို့လ်ရွာများ အနှိပ်စက်ခံရတဲ့ ပအို့လ်ပြည်သူများအကြောင်းကို ဓာတ်ပုံ Slide Show များနဲ့ရှင်းလင်း ပြသသွားရာ တက်ရောက်လာကြတဲ့ ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာ မှတ်သားသွားပါတယ်။
ဓာတ်ပုံပါ ပအို့ဝ်ရွာသူကြီး ဦးဒီးရယ်ဟာ နအဖစစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်ပြီး ခြေထောက်တွေကို ဝါးလုံးနဲ့လှိမ့်ခြင်း၊ ဓားနဲ့မွှမ်းတာတွေကို ခံခဲ့ရပါတယ်။ နအဖ စစ်တပ်နဲ့ ပအို့ဝ်လွတ်မြောက်ရေးတပ်မတော်(PNLA)တို့ တိုက်ပွဲဖြစ်ပွားချိန်မှာ ထွက်ပြေး လွတ်မြောက်လာတာ ဖြစ်ပါတယ်။ထိုသတ္တုစက်ရုံမှ ထွက်ရှိတဲ့ ခဲဆိပ်ပါတဲ့ စွန့်ပစ်ရေတွေကို ပအို့ဝ်ဒေသခံ တွေကိုသုံးစွဲစေပါတယ်။ ထိုခဲဆိပ်ပါတဲ့ ရေတွေကို သုံးစွဲရတဲ့ ကလေးသူငယ်များမှ လူကြီးအဆုံး အရေပြားရောဂါများ ရရှိခံစားနေရပါတယ်။(အရေပြားရောဂါ ခံစားနေရတဲ့ ကလေးငယ်များပုံ ဆက်လက်ဖော်ပြပါမည်)
ထိုသို့စစ်အစိုးရမှ လျှို့ဝှက်လုပ်ဆောင်နေတဲ့ ယူရေနီယံ ထုတ်လုပ်ရေး စီမံကိန်း အနီးအနားမှ ရွာများအား ပြောင်းရွှေ့စေလိုတဲ့ အတွက်ကြောင့် ရွာသူကြီးအပါအဝင် ရွာသားများအား ပအို့ဝ်လက်နက်ကိုင် တပ်တွေနဲ့ ဆက်သွယ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လူကိုဓားနဲ့ ထိုးသတ်ခြင်း၊ အလောင်းကို အပိုင်းပိုင်းဖြတ်ပြခြင်းများ စတဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှု (War Crime) တွေပြုလုပ်နေပါတယ်။
ထိုကြောင့် ထိုဒေသမှာရှိတဲ့ ပအို့ဝ်တိုင်းရင်းသားတွေ မိမိတို့ နေထိုင်လုပ်ကိုင် စားသောက်နေရတဲ့ ရွာတွေမှ စွန့်ခွာထွက်ပြေးနေကြရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို ဆိုးရွားစွာ ခံစားနေရပါတယ်။ ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများဟာ ပအို့ဝ်ဒေသ တခုတည်းသာမဟုတ်ပဲ စစ်အစိုးရလက်ထက် နိုင်ငံနှင့်အဝှမ်းဖြစ်ပေါ်နေတယ်။ နောက်စစ်အစိုးရနဲ့ ရုရှားတို့ ဖက်စပ်ပြုလုပ်နေတဲ့ ယူရေနီယံ သန့်စင်ထုတ်လုပ်ရေးဟာ အိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း (NCGUB) အလုပ်သမားဝန်ကြီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက ပြောဆိုသွားပါတယ်။

သတင်းကတော့.......... ပအို့ဝ်လူငယ်အစည်းအရုံး (PYO) ၊ကိုခွန်အောင်မြတ် ၊ ပအို့ဝ် လွတ်မြောက်ရေးတပ်မတော်(PNLA) တို့ဖြစ်ပြီး ...
ဖြေဆိုပြောပြပေးတဲ့ (NCGUB) အလုပ်သမားဝန်ကြီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းအား ကျေးဇူးအထူးတင်ပါသည်။
ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်။
သတင်း.... ဒီမိုဝေယံ

ဝါရင့်နိုင်ငံရေးသမားကြီးများမှ နအဖဥက္ကဋ္ဌထံပေးစာ
မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း။

မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း
ဒီရက်ပိုင်းအတွင်း ပြည်တွင်းက သတင်းဂျာနယ် နှစ်စောင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ် တစ်ဦး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သေဆုံးခြင်း သတင်းကို ဖတ်မိပြီး ဤဆောင်းပါးကို ရေးရန် အကြံဖြစ်ပါသည်။
သတင်းအကျဉ်းမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပြီးစ အမျိုးသမီးငယ်တစ်ဦးသည် ဗိုက်နာသဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ရုံတွင် သွားရောက်ပြသသည်။ ဆရာဝန်တစ်ဦးက စမ်းသပ်စစ်ဆေးပြီး အူအတက်ရောင်ရောဂါ ရှိသည်ဟု ဆိုကာ ခွဲစိတ်ကုသသည်။ ခွဲစိတ်ကုသအပြီး နှစ်ရက်အကြာတွင် အမျိုးသမီးငယ် သေဆုံးသွားခဲ့သည်။ သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဥာဏ် ပေးထားလေသည်။
သတင်းဆောင်းပါး အကျယ်ကို အောက်ပါ ဂျာနယ်နှစ်စောင်တွင် ဖတ်ရှုနိုင်ပါသည်။
Snap-shot
weekly 11
ကျွန်တော့်အနေဖြင့် တရားဥပဒေ ရှုထောင့်နှင့် ဆေးပညာရှုထောင့် တို့မှကြည့်၍ ပြန်လည် ဆွေးနွေးလိုသည်။
တရားဥပဒေရှုထောင့်
(၁) သတင်းနှစ်ပုဒ်လုံး၏ အရင်းအမြစ်သည် ကွယ်လွန်သွားသော အမျိုးသမီးငယ်၏ မိခင်ထံမှ ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံနှင့် ပါဝင်ပတ်သက်နေသော ဆရာဝန် (သို့မဟုတ်) ၄င်းတို့က လွှဲအပ်သော ရှေ့နေတို့၏ တိုက်ရိုက် ပြောဆိုချက်များ မပါဝင်။ (မိခင်က တဆင့်ပြောသော ဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတစ်ဦး၏ ပြောဆိုချက်သည် hearsay evidence ဖြစ်သဖြင့် သက်သေအဖြစ် တင်ရန် ခဲယဉ်းသည်။) ထို့ကြောင့် မျှတမှု ရှိသော သတင်းများ မဟုတ်ပေ။
(၂) သေဆုံးရသည့် အကြောင်းရင်းကို ရင်ခွဲစစ်ဆေးသည့် ဆေးစစ်ချက် (Post-Mortem report) မပါရှိ။ Death certificate ( သေစာရင်း ) တစ်ခုတည်းသည် သေဆုံးရသည့် အကြောင်းရင်းအတွက် ပြည့်စုံလုံလောက်သည့် အထောက်အထား မဖြစ်ပါ။
(၃) ဆရာဝန်၏ မကျွမ်းကျင်မှု (သို့မဟုတ်) ပေါ့လျော့မှု ဖြစ်မဖြစ်ကို ဘက်လိုက်မှုမရှိသော (၄င်းပုဂ္ဂလိက ဆေးရုံနှင့်၎င်း၊ ကုသသော ဆရာဝန်နှင့်၎င်း၊ လူနာရှင်နှင့်၎င်း တစုံတရာ ပတ်သက်မှု မရှိသည့်) စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားခြင်း မရှိ။
(၄) မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်အရ တရားရုံးရှေ့မှောက်တွင် အပြစ်ရှိသည်ဟု စီရင်ခြင်း မခံရသေးသရွေ့ တရားစွဲဆိုခံရသူအား အပြစ်မရှိဟု မှတ်ယူရမည်ဆိုသော “Innocent until proven guilty” ဆိုသည့် မူကို ဆန့်ကျင်နေသည်။ (စကားချပ်။ ။ အမေရိကန် နိုင်ငံ ဖို့ဒ်ဟုဒ်စစ်စခန်းတွင် စစ်သား ၁၃ ဦးကို သေစေမှုဖြင့် စွပ်စွဲခံနေရသော ဗိုလ်မှုးဟာဆန်အား မျက်မြင်သက်သေများ အများအပြားရှိနေစေကာမူ တရားရုံးက ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးသဖြင့် ယခုအချိန်အထိ စာနယ်ဇင်းများက “Accused” ဟူသည့် စကားလုံးဖြင့်သာ သုံးနှုန်းပြီး အပြစ်ရှိသူဟု မသုံးနှုန်းကြောင်း သတိပြုမိပါသည်။)
ဆေးပညာရှုထောင့်
(၁) အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် ကိုယ်အလေးချိန်နည်းသော မြန်မာ အမျိုးသမီးများ အဖို့ ပုံမှန်ရှိသော သွေးပေါင်ချိန် ဖြစ်နိုင်သည်။ အမျိုးသမီးငယ်၏ နေထိုင်မကောင်း မဖြစ်မီက ရှိသော သွေးပေါင်ချိန်နှင့် နှိုင်းယှဉ် စဉ်းစားရန်လိုသည်။ သာမာန်အားဖြင့်မူ အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သည် သွေးပေါင်ချိန် နည်းနေသည်ဟု မဆိုသာ။
(၂) Acute abdomen - ရုတ်တရက်ဖြစ်သော ဗိုက်အောင့်ဗိုက်နာ ရောဂါအုပ်စု၏ လက္ခဏာများမှာ ခပ်ဆင်ဆင်တူသည်။ သေစာရင်း Death certificate တွင်ပါရှိသော ရောဂါအမည် သတ်မှတ်ချက်ဖြစ်သည့် Mesenteric lymphadenitis (အူရှိ ပြန်ရည်ကျိတ်ရောင် ရောဂါ) နှင့် Acute appendicitis (အူအတက်ရောင်ရောဂါ) ရောဂါ နှစ်မျိုးစလုံးမှာ ရုတ်တရက်ဖြစ်သော ဗိုက်နာ ဗိုက်အောင့် ရောဂါ အုပ်စုတွင် အကျုံးဝင်သဖြင့် ရောဂါလက္ခဏာ ဆင်တူသည်။ ၀မ်းဗိုက်ကို ဖိလျင် နာခြင်း (tenderness) သည် ၄င်း Acute abdomen ရောဂါအုပ်စု၏ လက္ခဏာ တစ်မျိုးဖြစ်သည်။ ကုသပုံမှာ ကွဲပြားသည်။ အူအတက်ရောင်ရောဂါ ဖြစ်လျှင် ခွဲစိတ်ကုသမှသာ ပျောက်ကင်းရန် အခွင့်အလန်းများပြီး ပြန်ရည်ကျိတ်ရောင်ခြင်း အတွက်မူ ခွဲစိတ်ကုသရန် လိုအပ်လေ့မရှိ။
(၃) ခွဲစိတ်ကုသရန်အတွက် အရွယ်မရောက်သေးသူဖြစ်ပါက မိဘ (သို့) အုပ်ထိမ်းသူ၏ ခွင့်ပြုချက် ရယူရန်လိုသည်။ ထိုခွင့်ပြုချက်တွင် ခွဲစိတ်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များကို သိရှိနားလည်ကြောင်းနှင့် ခွင့်ပြုကြောင်းပါရှိသည်။ ကျွန်တော်တို့ နိုင်ငံတွင် ဆရာဝန့် သဘောပါဟု ဆရာဝန်ကို ပုံအပ်တတ်ကြသည်။ အမှန်တကယ် ဖြစ်သင့်သည်မှာ ဆရာဝန် ကိုယ်တိုင် (သို့) ဆရာဝန်က လွှဲအပ်ခြင်း ခံရသော သူနာပြု က ခွဲစိတ်ခြင်း၏ အကျိုး၊ အပြစ်တို့ကို လူနာရှင်အား သေသေချာချာနားလည် သဘောပေါက်အောင် ရှင်းပြပြီး လူနာရှင်က ဆုံးဖြတ်ချက် ချရန်ဖြစ်သည်။ ဆိုလိုရင်းမှာ ဆေးပညာရှင်များဖက်က လူနာနှင့် လူနာရှင် နားလည် သဘောပေါက်အောင် ရှင်းလင်း ပြောပြရန် တာဝန်ရှိပြီး၊ ဆုံးဖြတ်ချက်ချရန်နှင့် ထိုဆုံးဖြတ်ချက်၏ အကျိုးဆက်ကို ခံစားရန်မှာ လူနာနှင့် လူနာရှင်ဖြစ်သည်။ ခွဲစိတ်ကုသချက်တွင် ကျွမ်းကျင်မှု ရှိမရှိကမူ ခွဲစိတ်ကုသသူ ဆရာဝန်၏ တာဝန်ဖြစ်ပေမည်။
(၄) “တီဗွီဓာတ်မှန် မရိုက်၊ သွေးမစစ်ပဲ ခွဲစိတ်ခန်းထဲ ပို့လိုက်တယ်” ဟု လူနာရှင် မိခင်က ပြန်လည်ပြောပြကြောင်း သတင်းတွင် ရေးသားထားသည်။ ဤအချက်မှာ အတိအကျ မှန်မမှန် ပြောရခက်သည်။ အဘယ်ကြောင့်ဆိုသော် အရေးပေါ်ခွဲစိတ်ကုသမှု အတွက် ပြင်ဆင်တိုင်း သွေးအမျိုးအစား စစ်ဆေးခြင်းနှင့် သွေးအရန်သင့်ထားခြင်းတို့က မဖြစ်မနေ လုပ်ရမည့်ကိစ္စများပင်။ ထိုသို့ မလုပ်ဆောင်ခဲ့သော် ဆရာဝန်ဖက်က “ပေါ့လျော့မှု” ရှိသည်ဟု ပြောမည်ဆိုက ပြောနိုင်သည်။ တီဗွီဓာတ်မှန် ရိုက်ခြင်းသည် ဤရောဂါအတွက် အကောင်းဆုံး စစ်ဆေးချက် ဟုတ်မဟုတ် ကျွန်တော် မပြောတတ်ပေ။ သို့ရာတွင် လူနာကို လက်ဖြင့် စမ်းသပ်ရုံတင်မကပဲ ထပ်မံအတည်ပြုသည့် စစ်ဆေးချက် ( ဥပမာ - ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း ) ကို ဆောင်ရွက်ရန် အခြေအနေပေးပါက ဆောင်ရွက်သင့်ပေသည်။ အထက်ပါအချက်မှာ ကျွန်တော်၏ ထင်မြင်ချက်သာဖြစ်ပြီး ပို၍ ဖြစ်သင့်သည်မှာ မခွဲစိတ်မီ လုံလောက်သော စမ်းသပ် စစ်ဆေးချက်များ ပြုလုပ်ခဲ့ခြင်း ရှိမရှိကို ကျွမ်းကျင်သော ပညာရှင်များပါသည့် (တရားဥပဒေ ရှုထောင့် အချက် - ၃ ပါ) ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးရေး အဖွဲ့က အဆုံးအဖြတ် ပေးရပေမည်။
ပြန်လှန် ဆွေးနွေးချက်ကို အချုပ်ဆိုရသော် သတင်းပါ အချက်အလက်များသည် ဆရာဝန်တွင် အပြစ်ရှိသည် (သို့မဟုတ်) မရှိပါဟု ပြောဆိုရန် မလုံလောက်ဟု ထင်မြင်မိပါသည်။ ထို့အပြင် တရားရုံးတွင် တရားရင်ဆိုင်ပြီး ဆရာဝန်တွင် အပြစ်ရှိသည်ဟု စီရင်ချက် မချမှတ်သေးသောကြောင့် ဥပဒေသဘောအရ ယခုပစ္စုပ္ပန်အချိန်တွင် ဆရာဝန်၌ အပြစ်မရှိဟု မှတ်ယူရပေမည်။
တိုင်းပြည်၏ မျက်စိနှင့် နားသဖွယ်ဖြစ်သော သတင်းမီဒီယာအချို့၏ သတင်းဆောင်းပါး ရေးသားသူများက ဥပဒေရှေ့က တင်ကြို၍ အဆုံးအဖြတ်ပေးနေခြင်းသည် တရားစည်းဘောင်လွတ်နေကြောင်း ထောက်ပြလိုက်ရပါသည်။
လူမှုရေး ရှုထောင့်တစ်ခုတည်းမှ ကြည့်၍ ကောက်ချက်ချသူများ၏ ထင်မြင်ယူဆချက်များ အတွက်မူ ကျွန်တော့်အနေဖြင့် မပြောသာပေ။ ဤဆောင်းပါး နှစ်ပုဒ်၏ ကောက်ချက်များနှင့် Prejudice ( ဥပဒေ ရှေ့က တင်ကြိုအဆုံးအဖြတ်ပေးခြင်း ) တို့ကို လုံးဝ သဘောမတူ စေကာမူ မြန်မာနိုင်ငံရှိ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် တိုက်တွန်းနှိုးဆော်သည်ကိုတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ တိုင်းပြည်၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေဖို့ ဆေးဝန်ထမ်းများသာမက ပြည်သူပြည်သားအားလုံးနှင့် သတင်းမီဒီယာများတွင်ပါ တာဝန်ရှိသည် မဟုတ်ပါလား။
ပြန်လှန် ဆွေးနွေးလိုပါက မှတ်ချက်တွင် ရေးသားပေးသွားပါရန် မေတ္တာရပ်ပါသည်။ စီဘောက်စ်တွင် ဆွေးနွေးရ ခက်ခဲသောကြောင့် ဖြစ်ပါသည်။
အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်
comment များသွားရောက် ဖတ်ရှုနိုင်ပါသည်။
http://health.ngoinmyanmar.org/2009/11/presumption-of-innocence.html

မြန်မာပြည်က လာတဲ့စာ....

မေးလ်ထဲကို ပေးပို့လာတဲ့ သတင်းပါ မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။
ကိုဒီမိုရေ
နိုင်ငံရေးကတော့ ပြည်သူတွေ အားလုံးရဲ့ ရင်ထဲမှာတော့ရှိတယ်။ ဖြစ်လာရင်တော့ အသင့်ပဲ....။ ၅၀၀၀ တန်ကတော့ ပြည်သူတွေ လက်ထဲသိပ်မရောက်သေးဘူး။ ကချင်ငြိမ်းကတော့ နယ်ခြားစောင့်တပ်ဖြစ်သွားပြီ။ နအဖကတော့ အကုန်စီစဉ်ပြီးနေပြီ။ ဒီကောင်တွေ ကပ်ဖြုတ်လိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ် တွေတောင်ရွေးပြီးနေပြီ။ ကိုယ်စားလှယ်တွေကို နောက်ကနေ ရဲဘက်ကတစ်ယောက် တရားရုံးချုပ် ဘက်ကတစ်ယောက် အဲလိုညှပ်ထားမယ်တဲ့ ကျွန်တော်သေချာတော့ မရှင်းဘူး။ တရားရုံးချုပ်နဲ့ ရဲဘက်လူတွေကို တဆင့်မြှင့်ရာထူးပေးပြီး နေပြည်တော်ကို လှမ်းခေါ်ထားတယ်။ ကာကွယ်ပေးတာလဲဖြစ်မယ်။ လှုပ်မရအောင် ချုပ်ချင်တာလဲပါမယ်။

(၁)လပိုင်းမှာ နေကြတ်တဲ့ကိစ္စရှိတော့ သူတို့အဲဒါကို ရှောင်လိမ့်မယ် ထင်တယ်။ ကြံ့ခိုင်ရေးကတော့ လူမြင်ကောင်းအောင် တအားလုပ်ပြနေတယ်။ ရန်ကုန်မှာ လမ်းတော်တော်များများကို ပြင်ပြနေတယ်။ သူတို့ ဆိုင်းဘုတ်တွေ အလံတွေထောင်ပြီးတော့ ပြင်ပြနေတာ မျက်စိနောက်လောက်အောင် လုပ်ပြနေတာ။ နာရေးကူညီမှု အသင်းက ည(၆)နာရီကျော်ရင် အလောင်းသယ်ခွင့် မရဘူး။ ကြံ့ခိုင်ရေးမှပေးသယ်တယ်... အဲလိုတွေ စေတနာမပါပဲ လူမြင်ကောင်းအောင် လုပ်ပြနေတယ်။.... လူထုကတော့ ငြိမ်ခံပေါ့အစ်ကိုရာ။ ဘာတတ်နိုင်မှာလဲ တစ်အိမ်ကို ဘယ်လောက်ဆြိုပီး မြို့ထဲဘက်ကို ပိုက်ဆံကောက်တယ်။ ... မတတ်နိင်တဲ့မြို့စွန်ကျတော့ သူတို့(ကြံ့ဖွံ့) ပိုက်ဆံနဲ့လုပ်တယ်။ သူတို့ပိုက်ဆံဆိုတာ စည်ပင်ပိုက်ဆံပဲ။ ရေမီတာတွေ တပ်ဖို့လဲလုပ်နေတယ်။ ရေမီတာကို တစ်သိန်းပေးရမယ်ပြောတယ်။ မြို့စွန်ဘက်တွေမှာ နဲနဲစီစမ်းနေတယ်။
ဒီကောင်တွေကတော့ ဘယ်တော့မှ ဆင်းပေးမယ့်ပုံ မပေါ်ဘူး အကိုရေ။ ကျွဲပါးစောင်းတီးတာကမှ ကြာရင် နားလည်ချင် နားလည်ဦးမယ်။ သူတို့ကတော့ နားလည်မှာကိုမဟုတ်ဘူး အကိုရေ.... နောက်မှ ကျွန်တော်သတင်းတွေ ပို့ပေးပါဦးမယ်။
ပေးပို့လာသူ ညီငယ်အား ကျေးဇူးတင်ပါသည်.......

နယ်ခြားစောင့်တပ်နှင့် KIA ၊ KIO .....

စစ်အစိုးရအလိုကျ နယ်ခြားစောင့်တပ်ဆိုပြီး အသွင် ပြောင်းသွားတဲ့ NDAK အဖွဲ့က အရာရှိတစ်ဦးရဲ့ စာတစ်စောင်ကို စစ်အစိုးရရဲ့အာဘော် မြန်မာ့အလင်း သတင်းစာမှာ ၂၅ ရက်နေ့ကဖတ်လိုက်ရတယ်။ ဒီစာဟာ KIA ကထိပ်ပိုင်းခေါင်းဆောင် တွေကို NDAK က ပေးပို့တဲ့စာဖြစ်ကြောင်း မြစ်ကြီးနားနဲ့ ဗန်းမော်မြို့မှာ သတင်း ဖြစ်ပေါ်နေပါတယ်။
ဒီစာအရ နယ်ခြားစောင့်တပ်တွေထဲကို မြန်မာစစ်တပ်က အရာရှိ၊ ရဲဘော် စုစုပေါင်း လူ ၃၀ ယောက် လာပေါင်းတာဟာ သူတို့အတွက် အဆင်ပြေကြောင်း၊ ရုံးလုပ်ငန်းကိစ္စတွေမှာ အများကြီးအထောက်အကူပြုကြောင်း၊ ကချင်ရယ် ဗမာရယ်လို့ ခွဲခြားမှုမရှိဘဲ စစ်တပ်လုပ်ထုံးလုပ်နည်းတွေအတိုင်း အတူတကွလက်တွဲ တာဝန်ထမ်းဆောင်နေကြောင်း၊ ယခင်က ဖြစ်သလိုလက်နက်ကိုင်ပြီး တိုက်ခိုက်နေရာကနေ၊ အခုဗိုလ်သင်တန်းတွေ၊ ရဲဘော်သင်တန်းတွေ တက်နေကြကြောင်း၊ သင်တန်းတွေမှာလည်း NDAK တပ်ဖွဲ့ဝင်တွေက အားကျမခံကြိုးစားကြလို့ မြန်မာစစ်တပ် သင်တန်းကျောင်းက၊ ဆရာကြီးတွေ က အံ့သြချီးကျူးနေကြကြောင်း ရေးထားပါတယ်။
NDAK ကနေပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းလာတဲ့အဖွဲ့ကို မြစ်ကြီးနားမှာ တခမ်းတနားကြိုတာ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို မြန်မာစစ်တပ်က တိုင်းမှူးတွေ၊ ဗိုလ်ချုပ်တွေက ကိုယ်တိုင်အပွင့်တင်ပေးနေကြတာတွေ ကြည့်ပြီး KIA က အောက်ခြေအဆင့်ရဲဘော်တွေမှာ အားကျစိတ်တွေ၊ တွေဝေစိတ်တွေ ဖြစ်လာမှာကို KIO မှလူကြီးများ စိုးရိမ်နေကြပါတယ်။ ဒါကြောင့် KIO ထိပ်ပိုင်းခေါင်းဆောင်တွေက ကိုယ့်ရဲဘော်တွေကို စည်းရုံးရေး သေသေချာချာလုပ်ကြဖို့ KIA ကို အမိန့်တွေထုတ်ထားကြောင်း လိုင်ဇာမှ ကုန်သည်တစ်ဦးက ဝေဖန်ပြောကြားပါတယ်။
KIA အနေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ထဲက သူငယ်ချင်းတွေရဲ့ စည်းရုံးရာနောက်ကို လိုက်မှာလား KIO ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ စည်းရုံးရာကိုလိုက်မှာလား ဆိုတာကတော့ ပိတ်ကားပေါ်မှာ ဆက်လက် ကြည့်ရှုကြရတာပေါ့ဗျာ။
L ZAWNAUNG က သူ့အမြင်ကို မေးလ်ထဲ ကို ပေးပို့လာပါတယ်။
ဒီစာအရ နယ်ခြားစောင့်တပ်တွေထဲကို မြန်မာစစ်တပ်က အရာရှိ၊ ရဲဘော် စုစုပေါင်း လူ ၃၀ ယောက် လာပေါင်းတာဟာ သူတို့အတွက် အဆင်ပြေကြောင်း၊ ရုံးလုပ်ငန်းကိစ္စတွေမှာ အများကြီးအထောက်အကူပြုကြောင်း၊ ကချင်ရယ် ဗမာရယ်လို့ ခွဲခြားမှုမရှိဘဲ စစ်တပ်လုပ်ထုံးလုပ်နည်းတွေအတိုင်း အတူတကွလက်တွဲ တာဝန်ထမ်းဆောင်နေကြောင်း၊ ယခင်က ဖြစ်သလိုလက်နက်ကိုင်ပြီး တိုက်ခိုက်နေရာကနေ၊ အခုဗိုလ်သင်တန်းတွေ၊ ရဲဘော်သင်တန်းတွေ တက်နေကြကြောင်း၊ သင်တန်းတွေမှာလည်း NDAK တပ်ဖွဲ့ဝင်တွေက အားကျမခံကြိုးစားကြလို့ မြန်မာစစ်တပ် သင်တန်းကျောင်းက၊ ဆရာကြီးတွေ က အံ့သြချီးကျူးနေကြကြောင်း ရေးထားပါတယ်။

KIA အနေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ထဲက သူငယ်ချင်းတွေရဲ့ စည်းရုံးရာနောက်ကို လိုက်မှာလား KIO ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ စည်းရုံးရာကိုလိုက်မှာလား ဆိုတာကတော့ ပိတ်ကားပေါ်မှာ ဆက်လက် ကြည့်ရှုကြရတာပေါ့ဗျာ။
L ZAWNAUNG က သူ့အမြင်ကို မေးလ်ထဲ ကို ပေးပို့လာပါတယ်။
ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သော ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲမှ ထုတ်ပြန်ကြေငြာချက်
ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ အခမ်းအနားတွင် တက်ရောက်ဆွေးနွေးခဲ့ကြသည့် ဂျပန်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် အထူးဧည့်သည်တော်များ။

ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ။(ဓာတ်ပုံမှတ်တမ်း)
VOICE OF BURMA စာစောင်။..။
နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် ( Orphans of Burma Cyclone) ဆုရရှိ
စာပေချစ်မြတ်နိုးသော ပုဂ္ဂိလ်များထံသို့ တိုက်တွန်းနိုးဆော်စာ
ကိုဖိုးတုတ်နှင့် ကိုကံမြင့်တို့အား မတရားထောင်ဒဏ်ထပ်မံ တိုးမြှင့် ခြင်းအပေါ် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ-အဖွဲ့ချုပ်ကြေငြာချက်
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကြေငြာချက်....
ပေးပို့လာသူ ကိုစိုင်း.....
zy;ydkYvmol udkpdkif;
ပေးပို့လာသူ ကိုစိုင်း.....
zy;ydkYvmol udkpdkif;
သိုက်နန်းရှင်တောင် မနေနိုင်ပေါင်။(အိုဘားမား၊မြနန်းနွယ်နှင့် ဆားပုလင်းသန်းရွှေ)
အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်) (International Sangha Office) (Japan) ဖွင့်ပွဲအခမ်းအနား ဓာတ်ပုံမှတ်တမ်း။
ဖြူးဆရာတော်ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးသတင်း

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှု ခံယူလျှက်ရှိနေပါသည်။
ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုးခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင်ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှုခံယူလျှက်ရှိပါသည်။
ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မှီစက်ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက်ရှိပါသည်။ ယခုအချိန်အထိ ကုန်ကျငွေမှာ ကျပ်သိန်းငါးရာ ကျော်လာပြီဖြစ်ပါသည်။
သို့ပါသောကြောင့် ဆရာတော်ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေးဆေးအလှူတော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လိုကြပါလျှင် အောက်ပါဖုံးနံပါတ်များသို့  ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်
း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။

ထိုင်းနိုင်ငံ
ဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုံးနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယ
ဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်
မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။
စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုံးနံပါတ်။ ။ +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀
မြန်မာနိုင်ငံ
ဦးစန္ဒာသီရိ၊ ဦးစန္ဒောဘာသ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ
၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄
အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်) ဖွင့်ပွဲအခမ်းအနား မနက်ဖြန် စနေနေ့ နေ့လည် (၂)နာရီမှာ ကျင်းပပါမည်။
အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်) (International Sangha Office) (Japan) ဖွင့်ပွဲအခမ်းအနားကို မနက်ဖြန် စနေနေ့ နေ့လည် (၂)နာရီမှာ Sugamo ရှိ သံဃာ့ရုံးခန်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ တာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိကမှ ရုံးခန်းဖွင့်လှစ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ နယူးဇီလန်၊ အင်္ဂလန်မှ ဆရာတော်များမှလည်း လာရောက် ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ လာရောက် ဆွေးနွေးနိုင်ပါတယ်။
၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီးအား စစ်အစိုးရမှအကြမ်းဖက်ဖြိုခွဲခဲ့မှု နောက်ပိုင်း တိုင်းပြည်မှာ ဆုတ်ယုတ်နေတဲ့ သာသနာ့ အန္တရာယ်ကိုကာကွယ်ရန် နှင့် အပြည်ပြည်ဆိုင်ရာမှ သံဃာတော်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ၌ ပထမဦးဆုံးရုံးခန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရေးနှင့် နိုင်ငံတကာမှ သံဃာတော်များ အရေး၊ ဂျပန်နိုင်ငံလာရောက်စဉ် တည်းခိုနေထိုင်ရေး စသည်အချက်အလက်များ အတွက် မေးမြန်းဆက်သွယ်နိုင်ပါသည်။
ဆက်သွယ်နိုင်တဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကတော့....
Room(501) Sugamo 3-24-5 Toshima-ku
Tokyo, Japan
E-Mail...vcdma2006@gmail.com
ဦးဓမ္မဇောတိ ...... 080-3250-6712
......090-9972-6001
.....080-5373-2524
.....080-3380-5847
.....080-3120-9084
.....090-1695-2455

တန်ဖိုးရှိသော ဘဝအတွက်စာတိုလေးများ။(မေးလ်ထဲကပါပြန်လည်မျှဝေပါတယ်)။
Subscribe to:
Posts (Atom)
Total Pageviews
10425451
အသစ်တင်သမျှ ဖတ်ကြရအောင်.....
ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓါတ်ပုံများ
ဂျပန်နဲ့ နိုင်ငံတကာမှ ဗေဒင်၊ လက္ခဏာ ဝါသနာရှင်များအတွက် ဗေဒင်၊ လက္ခဏာ ပညာရှင် ဆရာဦးတင်ဦး

ဘလော့ဂ်ဂါများ နည်းပညာ အကူအညီလိုလျှင်..
တင်သမျှဖတ်မယ့် မိတ်ဆွေများ..
ဒီမိုဝေယံ Facebook
ဘေလာ့ဂ္ဂါမ်ား
ရသဘလော့(ဂ်)များ
နိုင်ငံရေး ဘလော့(ဂ်)များ...
နစ်နေမန်း | Dr.လွဏ်းဆွေ | |
ကိုဖိုးတရုတ် | ဦးဇင်းထာဝရ | မြတ်လေးငုံ |
သတင်းဋ္ဌာနများ....
BBC | VOA | RFA |
DVB | မိုးမခ | ဧရာဝတီ |
မဇ္ဈိမ | ရိုးမ ၃ | နေ့သစ် |
ယနေ့မြန်မာ | ကချင်သတင်းဋ္ဌာန | နိရဉ္စရာ |
သျှမ်းသံတော်ဆင့် | မွန်သတင်းအေဂျင်စီ | KIC |
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ..
အမေ့အိမ် ပညာရေးကော်မတီ ဆက်သွယ်၊ လှူဒါန်းရန် လိပ်စာများ
(၁)အမေ့အိမ် ပညာဒါန စာသင်ကျောင်း
အမှတ်( ၃၅၂) ရန်ကြီးအောင်လမ်း( ရ )ရပ်ကွက်၊ ရွှေပြည်သာ
ကျောင်းတာဝန်ခံ။ ဒေါ်ငြိမ်းတင် (အငြိမ်းစား ဆရာမကြီး)
Tel : C/O 661639
(၂) ပစ်တိုင်းထောင် ပညာဒါနကျောင်း
အမှတ်( ၆၂ရ ) သီတာလမ်း၊ စဥ့်ငူရပ်၊ အောင်ဆန်း၊ အင်းစိန်မြို့ 
ကျောင်းတာဝန်ခံ။ ဦးလှငွေ ၊ ကိုကျော်ဝဏ္က
Tel : C/O 09 4933 6270
ကိုငယ်( ၀၉ ၅၁၆ ၂၀၆၀ )
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ

NLD (BG) သွေးအကူအညီပေးရေးအဖွဲ့ ဆက်သွယ်ရန် လိပ်စာ
တလအတွင်း အဖတ်အများဆုံး ပိုစ့်များ.....
-
နအဖလက်ထက် သစ်တောဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင် (၂၀၀၇ခုနှစ် နိုဝင်ဘာလက တရုတ် ဘုန်းတော်ကြီးများအား သစ်တန်ချိန် ၃၀၀ လှူဒါန်းစဉ် မြင်ကွင်း )...
-
ထားဝယ်သားများ ဒုတ်/ဓါးများ ကိုင်ဆောင်ပြီး ပြည်ခိုင်ဖြိုး ပါတီဝင် အများဆုံးပါဝင်သော ထားဝယ်ဖွံ့ဖြိုးမှုအများပိုင် ကုမ္မဏီသို့ ဆန္ဒပြခြင်း ထားဝယ်...
-
၂၀၁၀စက်တင်ဘာလ ၈ရက်နေ့က မြန်မာစစ်ဗိုလ် ကျောင်းသား ၅၁ဦးအဖွဲ့ မော်စကိုမြို့ရှိ MSTU ကျောင်းသို့ ရောက်ရှိလာစဉ်.. ရုရှားမှ မြန်မာစစ်ဗိုလ်များရဲ့...
-
တမူးသာယုံတင်မက ပိဿာလိုက်ကို သာနေသော ဦးအောင်သိန်းလင်းရဲ့ ဧည့်ခန်းမြင်ကွင်း.. ဇူလိုင်လ ၆ရက်နေ့က မြို့တောင်ဝန်ဟောင်း တောင်ဥက္ကလာပ အမတ်မင်းနဲ့ ...
-
မြိတ်မြို့၏ မြို့မျက်နှာဖုံးလော အာလီဘာဘာလော (တိုင်ကြားစာ) တခါတုန်းက ကျားကြီးအော်ကျေးရွာမှာ နေတဲ့ ဘိတ်သားလေး တယောက်ရှိသတဲ့။ အဲဒီကောင်လေးဟ...
-
"ဓာတ်ပုံ Reuters" ပြည်သူ့အတွက် အမေ ပင်ပန်းမှုတွေ ပြေပျောက်ပါစေ... အသက်ရာကျော် ရှည်ပါစေ.. (ဒီမိုဝေယံ) ဒီနေတော့ တနေကုန်တနေခန်း အမေစ...
-
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းမြင်ကွင်း ဘေးတဘက် တချက်မှာ စီမံကိန်းတွေ တည်ဆောက်နေတာပါ.. (ပုံကြီးချဲ့ကြည့်ပါ) ဒါကတော့ ၂၀၀၆ခုနှစ်က မြန်မာပြည်တွင်းမ...
-
ရင်ထဲခံစားမိသော ဓာတ်ပုံလေးတပုံ.... ဒီဓာတ်ပုံလေးကတော့ ညီငယ်သတင်းထောက်တဦး မှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့ရဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆေ...
-
၂၀၁၁ခုနှစ် ဇန္နဝါလ ၁၈ရက်နေ့က အာဏာရှင် တပ်ချုပ်ကြီးပုံအား (ယခုထက်တိုင် ချိတ်ဆွဲထားပါတယ်) ဦးထိပ်ထား၍ ဒေါက်တာဇော်ဖျင်းမှ ပြည်တွင်း ရေအားလျှပ်...
-
၂၀၀၇ခုနှစ်က သစ်တောဝန်ကြီး ဗိုလ်မှုးချုပ်သိန်းအောင် ဘယ်သူ့ကို ကန်တော့နေတာလဲ ဆိုတာ... ကျနော် ၊ ကျမတို့သည် သစ်တောရေးရာဝန်ကြီးဌာန ၊ မြန်မာ့သစ်...
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရုပ်သံနှင့် ရေကာတာ ဆန့်ကျင်ရေး လက်စွဲစာအုပ်
မြန်မာသက္ကရာဇ်
ဆရာတော် ဦးပညာသီဟ (ရွှေည၀ါဆရာတော်) တရားတော်များ...
ဆရာကြီးဦးအောင်သင်းရဲ့ ဟောပြောပွဲ အသံဖိုင်များ
သတင်းစာဆရာကြီးဘဘဦးဝင်းတင်ရဲ့ ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ် Download ရယူရန်.....
နိုင်ငံရေးသီချင်းများ။..။
နိုင်ငံရေး ဟာသများ။.
စိတ်ညစ်စရာတွေ ပြေပျောက်အောင် နားထောင်ကြည့်ပါဦး။(၂၀၁၀)မြန်မာ့နိုင်ငံရေး ဘောလုံးပွဲ
နှစ်ပြားမတန်သီချင်း။...။ (Download ရယူရန်)
ကြပ်ပြေးအရှုပ်တော်ပုံ ၁မှ၂၆ ပေါင်းချုပ်
မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေမှုးချုပ် ဦးသန့်..
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ
KP3 (နည်းပညာဘလော့)
မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း။..။
စာအုပ်ပေါင်း (၄၀၀)ကျော်ရှိသည့် ဗမာ့ကြယ် ကွန်ယက်စာအုပ်စင် – စာအုပ်စာရင်း...
ဒါတွေပြန်ဖတ်ချင်ရင်...
- article (38)
- GRWသတင်းများ (10)
- internet (1)
- interview (19)
- news (19)
- photo (51)
- poem (2)
- statement (10)
- video (19)
- ကဗျာ (136)
- ကာတွန်း (4)
- ကျန်းမာရေး (1)
- ခရီသွားမှတ်တမ်း (19)
- ဂီတဖျော်ဖြေပွဲ (2)
- ဂုဏ်ပြုလွှာ (1)
- စာအုပ် (15)
- စာစောင်များ (133)
- ဆက်သွယ်မေးမြန်းချက် (141)
- ဆုတောင်း (18)
- တပ်မှုးတပ်သားပြောစကားအသံဖိုင် (23)
- တရားဓမ္မ (1)
- တိုက်တွန်းနှိုးဆော်ချက် (127)
- တိုင်ကြားစာ (235)
- တကောင်းတောင်နီကယ်စီမံကိန်း (3)
- ထုတ်ပြန်ကြေငြာချက် (191)
- ဓာတ်ပုံ (1106)
- နာရေး (27)
- နာရေးကူညီမှုအသင်း (217)
- ဖိတ်ကြားစာ (61)
- ဗိုလ်ချုပ်အမှတ်တရ (20)
- ဗီဒီယို (140)
- ဘားမားပါပါရာဇီ (10)
- မှတ်တမ်း (76)
- မှတ်သားစရာ (47)
- မိန့်ခွန်းများ (6)
- ပြည်တွင်းလှုပ်ရှားမှု (12)
- မြစ်ဆုံဆည်သတင်းများ (71)
- မြန်မာပြည်ကလာတဲ့စာ (65)
- ရုပ်သံ (312)
- ရုရှား (2)
- ဝတ္ထု (3)
- ဝမ်းနည်းမှတ်တမ်း (9)
- သတင်း (1200)
- သဝဏ်လွှာ (3)
- သီချင်း (42)
- သူ့အမြင်ကိုယ့်အမြင် (5)
- သရော်စာ (31)
- အ (1)
- အခမ်းအနားဖိတ်စာ (23)
- အင်တာဗျုး (6)
- အစီရင်ခံစာ (7)
- အတို့အထိ (78)
- အထိမ်းအမှတ် (17)
- အမှတ်တရ (37)
- အသံဖိုင် (9)
- အသံဖိုင်များ (73)
- အားကစား (2)
- အမေစုသတင်းများ (175)
- အမေ့အိမ်ပညာသင်ကျောင်း (28)
- ဥပဒေ (8)
- ဦးကျော်သူ (11)
- ဆောင်းပါး (427)
- ဒေါက်တာလှိုင်မြင့် ဆောင်းပါးများ (92)
- နေရဲနီကဗျာများ (52)
- ပေးစာ (74)
- ကြေငြာချက် (75)
- မွေးနေ့ (43)
- ရွေးကောက်ပွဲ (1)
- ရွှေညဝါဆရာတော် (49)
- ရွှေဓူဝံဆောင်းပါးများ (5)
- ရွှေလီရေအားလျှပ်စစ်စက်ရုံ (6)
- ဝေဖန်ရေး (5)
- နှစ်ပတ်လည် အခမ်းအနား (25) သစ်ထူးလွင်
Blog Archive
-
▼
2009
(660)
-
▼
November
(83)
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ်၆လ၊ (၇၈)လ ပြ...
- အဖွဲ့ချုပ်ရုံးတွင်ပြုလုပ်မည့် ကမ္ဘာခုခံအားကျဆင်းမှု ...
- ရခိုင်အမျိုးသားသတင်းစာ(နိုဝင်ဘာလ)
- ဧရာဝတီသောကြာစကားဝိုင်း ....
- တိုင်းရင်းသားပအို့ဝ်ဒေသမှ လူ့အခွင့်အရေးချိုးဖောက်မ...
- ဝါရင့်နိုင်ငံရေးသမားကြီးများမှ နအဖဥက္ကဋ္ဌထံပေးစာ
- မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း။
- မြန်မာပြည်က လာတဲ့စာ....
- နယ်ခြားစောင့်တပ်နှင့် KIA ၊ KIO .....
- ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သော ရွှေဂုံတိုင်ကြေငြ...
- ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ အခမ်းအနား...
- ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ အခမ်းအနား...
- ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ အခမ်းအနား...
- ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ။(ဓာတ်ပုံမ...
- VOICE OF BURMA စာစောင်။..။
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပ...
- နာဂစ် မိဘမဲ့ကလေးများအကြောင်း မှတ်တမ်းရုပ်ရှင် ( Or...
- စာပေချစ်မြတ်နိုးသော ပုဂ္ဂိလ်များထံသို့ တိုက်တွန်းနူ...
- ကိုဖိုးတုတ်နှင့် ကိုကံမြင့်တို့အား မတရားထောင်ဒဏ်ထပ...
- သိုက်နန်းရှင်တောင် မနေနိုင်ပေါင်။(အိုဘားမား၊မြနန်း...
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်) (Internatio...
- ဖြူးဆရာတော်ဘုရားကြီး၏ အရေးပေါ်ကျန်းမာရေးသတင်း
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (ဂျပန်) ဖွင့်ပွဲအခမ...
- တန်ဖိုးရှိသော ဘဝအတွက်စာတိုလေးများ။(မေးလ်ထဲကပါပြန်လ...
- RFA ကထုတ်လွှင့်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း...
- Quarterly Human Rights Report (Jul-Sep 2009) by ND...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး...
- The Voiceဂျာနယ်။(နိုဝင်ဘာ၁၆)
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဆဋ္ဌ...
- ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ရန် အန်အယ်ဒီ-အယ်ေ...
- ရွှေဂုံတိုင်ကြေငြာစာတမ်း အပြည်ပြည်ဆိုင်ရာ နှီးနှောဖ...
- ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ဖိတ်ကြားစာ။
- ရွှေဂုံတိုင်ကြေငြာစာတမ်း မြန်မာ-ဂျပန်-အင်္ဂလိပ်.....။
- မမှန်သတင်းများနှင့် အမှောင်ထဲက ဖော်လံဖား စီဘောက်များ။
- ဒေါ်အောင်ဆန်းစုကြည်မှ နအဖဥက္ကဋ္ဌထံပေးစာနှင့် အဖွဲ့ချုပ...
- * သံတိုင်ကြားက N.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို...
- ဒေါ်အောင်ဆန်းစုကြည် ကြေငြာချက်နှင့် ပတ်သတ်၍ ရှေ့နြေ...
- အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းဖွင့်လှစ်။...။(ဂျပန်...
- VOICE OF BURMA စာစောင်။..။(နိုဝင်ဘာ ၁၅ရက်နေ့)
- ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းများ စုစည်းတင်ဆက်...
- အမေရိကန်ပြည်ထောင်စု ကမ္ဘာကျော် စတန်းဖို့ဒ် တက္ကသိုလ်...
- နှစ်ပြားမတန်သီချင်း။...။ (Download ရယူရန်)
- သောကြာနေ့ညရ ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုညီ...
- The Voice ဂျာနယ်။..။
- နေ့စဉ်နေထိုင်နည်း(အချက်..၄၀)....(မေးလ်ထဲကပါ ပြန်လည...
- အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်မည့် ဘဘ(သူရ)ဦးတင်ဦးရဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် အကျိုးဆောင် ရှေ့နေကြီးဦးဥ...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၈၉)နှစ်မြောက် အမျို...
- ဗိုလ်ချုပ်ပုံပါတဲ့သစ်သီးဆွမ်းကပ်တာတောင် တားမြစ်ခံရ...
- မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် အားထပ်မံတွေ့ဆုံခွင့်ရမ...
- ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၏ မေတ္တာရပ်ခံပ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် အကျိုးဆောင် ရှေ့နေများ ထပ...
- စစ်အစိုးရ အကျဉ်းထောင်အတွင်း မတရားဖမ်းဆီး ခံထားရသော...
- ဒေါ်အောင်ဆန်းစုကြည်နှင့် အကျိုးဆောင် ရှေ့နေ(၄)ဦး ...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ(ဂျပ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံဆွေး...
- စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အားကန့်ကွက် ဆန္ဒပြပွ...
- နိုင်ငံရေးအကျဉ်းသား မနီမိုလှိုင် ကျန်းမာရေးဆိုးရွာ...
- ကိုမင်းကိုနိုင်၏ အမှတ်တရ စကားများကောက်နှုတ်ချက်
- စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အား ကန့်ကွက်ဆန္ဒပြပွ...
- အမေရိကန်နိုင်ငံသား ကိုညီညီအောင်အား တရားမဝင် နိုင်င...
- Generation Wave သီချင်းပါ။..။
- စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန် လာရောက်မည့် ခရီးစဥ...
- ရန်ကုန်အမေရိကန်သံရုံးမှ အမေရိကန်အဆင့်မြင့် ကိုယ်စာ...
- နောက်ဆုံးရ နိုင်ငံရေးအကျဉ်းသားများစာရင်း (အောက်တို...
- စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အား ဂျပန်အစိုးရမှ ဖ...
- စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန်အား ဂျပန်အစိုးရမှ ဖ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အဆ...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CECနှင့် အမေရိကန် အာ...
- အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်မှာ ဒီမိုကရေစ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ဆွေးနွေးပွ...
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၀၉ခုနှစ်နိုဝင်ဘာ(၄...
- ယနေ့ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံကအကြောင်းပါ ။...။
- အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မနက်ပိုင်းမှာ...
- မလေးရှား UNHCR ၏ လုပ်ထုံးလုပ်နည်းအသစ်များအကြောင်း
- စစ်အစိုးရ ဝန်ကြီးချုပ်သိန်းစိန် လာရောက်မည့် ခရီးစဥ...
- (၂၀၀၇ )စက်တင်ဘာအရေးတော်ပုံအတွင်း စစ်ခွေးများ၏ရိုက်...
- ပြည်သူ့အနုပညာရှင် ကိုကျော်သူရဲ့ နှစ်(၅၀)ပြည့် ရွှေရ...
- စစ်ရာဇဝတ်မှု(War Crime)ဘာလဲ ။..။(ဆောင်းပါးရှင်..ကု...
- မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ...
- အမျိုးသားအောင်ပွဲနေ့ ဖိတ်ကြားစာ။..။
- သစ်ပုတ်ပင်ရဲ့ ဝေဒနာ......(ကဗျာ) ထွန်းငြိမ်း (ဘောက်...
- The Voice ဂျာနယ်။...။
-
▼
November
(83)