ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်မြို့သို့ လေယာဉ်ခရီးဖြင့် ရောက်ရှိလာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ)

ဇွန်လ (၂၉)ရက်နေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ 2012 World Economic Forumသို့ တက်ရောက်ဟောပြောခဲ့တဲ့ မြန်မာပြည်သူထူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ ဇွန်လ(၂)ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ရဲ့ တဖက်ကမ်းမှာ ရှိတဲ့ မဲဆောက်မြို့သို့ ရောက်ရှိလာပါတယ်..။ ယနေ့မဲဆောက်ကို ရောက်ရှိလာတဲ့ မြန်မာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မယ်လဒုက္ခသည်စခန်း၊ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းကို သွားရောက်မှာ ဖြစ်ပြီး နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်..။ ယနေ့ရောက်ရှိလာမယ့် မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် မဲဆောက်မြို့မှ ထောင်ပေါင်းများစွာသော ပြည်သူများမှ ကြိုဆိုရန် ပြင်ဆင်လျှက်ရှိပြီး ထိုင်းအစိုးရမှလည်း ထိုင်းစပ်တပ်နဲ့ ထိုင်းရဲ အယောက် ၁၀၀အားလည်း လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားပါတယ်..။
မနေ့က တညလုံး အမေစုလာမယ် ဆိုလို့ ပျှော်ရွှင်နေကြတဲ့ မဲဆောက်မှ မြန်မာများရဲ့ ယနေ့ကြိုဆို နေကြတဲ့ မြင်ကွင်း..



ထိုင်းစစ်တပ်နှင့်ရဲမှ လုံခြုံရေး ယူပေးထားပါတယ်..
ဓာတ်ပုံ AP, InThai