ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သမ္မတရုံးဝက်ဘ်ဆိုက်နဲ့ သမ္မတတရုံး အရာရှိ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ မောင်းတော အခြေအနေ သတင်းများ...

သမ္မတရုံးဝက်ဘ်ဆိုက်နဲ့  သမ္မတရုံးအရာရှိ ဦးHmuu Zaw ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ မောင်းတော အခြေအနေ သတင်းများ...

ဇွန်လ ၈ ရက်နေ့ (၂၃၀၀)နာရီအချိန်တွင် ဝေသာလီရွာအား မီးဝင်ရှို့ခဲ့ကြောင်း၊ မိမိဘက်မှ ရှင်းလင်းလျက် ရှိကြောင်း သိရှိရပါသည်။

မောင်တောနှင့် ဘူးသီးတောင် ၀န်းကျင်ရှိ ရခိုင်ကျေးရွာများတွင် ဆူပူအကြမ်းဘက်သူများ အုပ်စုလိုက် ညအချိန်လာရောက် ချဉ်းကပ်လာသဖြင့် မိမိတို့ဘက်မှ လုံခြုံရေးတပ်ဖွဲ့များမှ ပစ်ခတ်မောင်းထုတ် ရခြင်းများလည်း ရှိနေကြောင်း သိရှိရပါသည်။

မောင်တောမြို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားသည့် သတင်းအား နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် လွှင့်တင်ထားပါကြောင်း

http://www.president-office.gov.mm/briefing-room/daily-news/news667
နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ထင်ယောင်ထင်မှား ဖြစ်စေမယ့် သတင်းတွေ တက်နေတာ တွေ့ရှိရပါတယ်-
သမ္မတရုံးအရာရှိ ဦးHmuu Zaw သတင်း

(အခုဖော်ပြချက်ကို ဖတ်ရှုရသော မြန်မာနိုင်ငံသား မီဒီယာသမားများအနေန့ မိမိတို့မီဒီယာတွင် ဖြစ်စဉ် အမှန်များ ဖော်ပြစေလိုပါတယ်။ သို့မဟုတ်ပါက အစိုးရလုံခြုံရေးအဖွဲ့ များက အစ္စလာမ်ဘာသာဝင်များကို အကြောင်းမဲ့ ပစ်ခတ်နေသည့် သဘော သက်ရောက် သွားနိုင်ပါတယ်။)

နေ့လည်(၁)နာရီခန့်တွင် မောင်တောမြို့မ ကျောက်ဗလီမှ ၀တ်ပြုပြီး ဆင်းလာသည့်... ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ အင်အား(၁၀၀၀)ကျော်ခန့်သည် ကမ္ဘောဇ ဘဏ်အဆောက်အအုံ၌ အဖီချထားသည့်အမိုးအား ဆွဲချပြီး ဆူပူအော်ဟစ်ခဲ့သည့်အပြင် ယူနိုက်တက်တည်းခိုခန်းနှင့် နေအိမ်တစ်လုံးတို့အား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ နေ့လည်(၂)နာရီခန့်တွင် သီရိမင်္ဂလာခန်းမရှေ့ သဇင်တည်းခိုခန်း၊ စားသောက်ဆိုင် ဈေးတန်းအား မီးရှို့ခဲ့ရာ ဆိုင်ခန်း(၆)ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆက်လက်၍ နာရီစင် နှင့် ဆေးရုံကြားရှိ ဘုန်းတော်ကြီးကျောင်း(ဗဟိုကျောင်း)အနောက်ဘက် ဗိုလ်မှူးရွာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မြို့ဦးရပ်ကွက်၌လည်း နေအိမ်(၂)လုံးအား မီးရှို့ဖျက် ဆီးခဲ့ကြောင်း၊ ဆက်လက်၍ မောင်တော-အလယ်သံကျော်ကားလမ်းပေါ်ရှိ ဒူးချီးယားတန်း ကျေးရွာအုပ်စု ခရေမြိုင်(နတလ) ကျေးရွာနှင့် ညောင်းချောင်းကျေးရွာအုပ်စုရှိ ရွှေရင်အေး (နတလ) ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအား မီးရှို့ခဲ့ကြောင်း၊

ညနေပိုင်းတွင် ဆူပူသူ (၂၀)ဦးခန့်သည် မောင်တောမြို့ ပြည်သူ့ ဆေးရုံအတွင်းသို့ဝင် ရောက်နှောက်ယှက်ခဲ့သာည့်အတွက် ကျန်းမာရေးဝန်ထမ်းများ ပုန်းရှောင်နေခဲ့ရကြောင်း၊ ဆေးရုံအရှေ့ရှိ မြို့မအရှေ့ရပ်ကွက်မှ နေအိမ်(၂)လုံးအား ထပ်မံမီးရှို့ခဲ့သည့်အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူများမှာ အနီးဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်း ရွှေ့တိမ်းရှောင်ခဲ့ရကြောင်း၊

ထို့ပြင် ဆူပူသူတို့၏ ရန်ပြုမှုများကြောင့် ဗိုလ်မှူးရွာမှ အောက်ပါ ဒဏ်ရာရ/သေဆုံးမှုများ ဖြစ်ခဲ့ရကြောင်း
(၁) ဒေါက်တာခင်မောင်လတ် (၆၃)နှစ် ၀မ်းဗိုက်ဓါးထိုးခံရ
(၂) ဒေါ်သန်းရီ (၅၇)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၃) ဦးကျော်လှ (၇၈)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၄) ဦးသိန်းဇော် (၃၆)နှစ် ခြေ/လက်တို့တွင် ဓါးခုတ်ခံရ
(၅) ဦးလှမောင် (၆၅)နှစ် ဦးခေါင်းတွင် ဓါးခုတ်ဒဏ်ရာ(၁၀)ချက်၊ လက်သန်းပြတ်ရှဒဏ်ရာ
တို့ဖြင့် သေဆုံးခဲ့ရ)