ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ရခိုင်တိုင်းရင်းသားများရဲ့ ဆန္ဒထုတ်ဖော်ပွဲနှင့် ရိုက်တာ သတင်းဋ္ဌာနရဲ့ မှားယွင်းတဲ့ ဓာတ်ပုံ သတင်း ရေးသားဖော်ပြချက်တချို့..

ယနေ့ ရခိုင် သံဃာတော်များအပါအဝင် ရခိုင်တိုင်းရင်းသား ၄၀၀ဦးမှ ရခိုင်ပြည်နယ်အရေး ရွှေတိဂုံစေတီတော်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်..။ (Reuters)

၉ရက်နေ့က လုံခြုံရေးရဲအဖွဲ့ဝင်များ စစ်တွေမြို့သို့ အင်အားဖြည့် ရောက်ရှိလာစဉ်..
ရခိုင် မိန်းကလေးတွေ ဒီလို လက်နက်တွေ ကိုင်ချင်ပါ့မလား။ မိမိကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကိုင်ဆောင်နေရတာ... ဘယ်လောက် ဝမ်းနည်းစရာလည်း..။
 ရိုက်တာသတင်းဋ္ဌာနရဲ့ ရေးသားချက်အား ကန့်ကွက်ပါသည်..
(We don't agree and oppose Reuter's News)

စစ်တွေမှာ ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသမီးငယ်တွေ ကိုယ့်ဒေသ ကိုယ်ပြန်လည် စောင့်ရှောက်နေကြတဲ့ ဓာတ်ပုံအောက်မှာ ရိုက်တာ သတင်းဋ္ဌာနရဲ့ ရေးသားချက်ကတော့
Reuters Pictures
Buddhist women hold sharpened bamboo sticks as they guard their homes after fighting between Muslim and Buddhist communities in Sittwe June 9, 2012. Myanmar sent troops and naval vessels to the western state of Rakhine on Saturday after seven people died in the worst fighting in years between minority Muslim Rohingya and Buddhists.
ဗုဒ္ဓဘာသာနှင့် မွတ်စလင် တိုက်ခိုက်မှုမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဝါးချွန်တွေနဲ့ ကိုင်ဆောင်ပြီး နေအိမ်များအား ကာကွယ်နေကြောင်း မြန်မာအစိုးရမှ စစ်တပ်၊ ရေတပ်တွေ စေလွှတ်ထားကြောင်း ရေးသားထားသလို (minority Muslim Rohingya) လူနည်းစု ရိုဟင်ဂျာနဲ့ ဗုဒ္ဓဘာသာတို့ရဲ့ အဆိုးဝါးဆုံး တိုက်ခိုက်မှုလို့ ဖော်ပြထားပါတယ်..။ 


ဗုဒ္ဓဘာသာနှင့် မွတ်စလင် ပဋိပက္ခမဟုတ်ပါ..။ အချုပ်အခြာ အာဏာထိပါးမှုအပြင် အမျိုးသားရေးနဲ့ ဆိုင်ပါတယ်.. လူမျိုးရေး ဘာသာရေးနဲ့ မဆိုင်သလို လူနည်းစု ရိုဟင်ဂျာများလို့ ရေးသားဖော်ပြထားပါတယ်...။ အဆိုပါ သတင်း ရေးသား ဖော်ပြချက်အား အပြင်းအထန် ကန့်ကွက်ပါသည်...။ ရိုက်ကူးသူ ကာယကံရှင်များမှ အဆိုပါ ရေးသားဖော်ပြချက်အား သက်ဆိုင်ရာ သတင်းဋ္ဌာနသို့ ပြင်ဆင်ပေးရန် တောင်းဆိုပါတယ်..။


ပြည်တွင်း The Voice နဲ့ Eleven Media ကဲ့သို့သော ပြည်တွင်း သတင်းမီဒီယာများမှ အဖြစ်မှန်အား ပြန်လည် ရေးသားဖော်ပြမည်ဟု မျှော်လင့်သလို ကန့်ကွက်ကြဖို့ တောင်းဆိုပါတယ်.။


မိမိတိုင်းရင်းသားတွေ လုံခြုံရေးနဲ့ အချုပ်အခြာ အာဏာ တည်တံခိုင်မြဲရေးအတွက် ယခုထက်ပိုမို ထိရောက်တဲ့ အရေးယူမှုမျိုးနဲ့ အလျင်အမြန် ဆောင်ရွက်ပေးပါရန် မြန်မာအစိုးရအား တောင်းဆိုပါသည်။
၉ရက်နေ့က ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုကြောင့် စစ်တွေ ဆေးရုံသို့ ရောက်ရှိလာတဲ့ ရခိုင်တိုင်းရင်းသားတဦး..