ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် (၁/၂၀၁၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် (၁/၂၀၁၂)

ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း၊အပတ်စဉ် (၁/ ၂၀၁၂)အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ရွှေဂုံတိုင်တွင် ၁၁၊၀၆၊၂၀၁၂ တနလာင်္နေ့လည် ၁း၀၀ အချိန်တွင် NLD-နာယကကြီး ဦးတင်ဦးမှ ဦးဆောင် ဖွင့်လှစ်ပေးခဲ့ပါတယ်.။

 ပြည်နယ်နှင့်တိုင်း အသီးသီးမှ NLDပါတီဝင်များဖြစ်သော သင်တန်းသား၊ သင်တန်းသူ ခြောက်ဆယ်ကျော်ကို ၁၁၊၀၆၊၂၀၁၂ မှ ၁၁၊၀၇၊၂၀၁၂-အတွင်း ရုံးလုပ်ငန်း နည်းပညာ ဖွဲ့စည်းပုံနှင့် ဆက်သွယ်ရေး နည်းပညာများကို ဦးသန့်ဇင် (စာရေးဆရာစံမောင်)မှ လည်းကောင်း ဦးဆောင်မှုနှင့် သပ်ရပ်မှု နည်းပညာများကို ဒေါ်နန်းဝိုးဖန်က လည်းကောင်း၊ ရုံးစာနှင့် လုံခြုံရေးနည်ပညာများ ကိုဦးထွန်းအောင်ကျော်က လည်းကောင်း၊ စည်းရုံးရေး နည်းပညာများကို ဦးသက်ပိုင်ထွန်းက လည်းကောင်း အပါတ်စဉ်တိုင်း တနလာင်္နေ့မှ စနေနေ့ထိ ဖွင့်လှစ် သင်ကြားသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

လင်းဆက်