ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်သူ့ခေတ် ဂျာနယ်မှ ၉ရက်နေ့.. မောင်းတော၊ စစ်တွေ အခြေအနေသတင်းများ....

ဇွန်လ ၈ ရက်နေ့ မောင်တောမြို့နယ် မှတ်တမ်းဓါတ်ပုံ ဦးMhu Zaw Facebook
စစ်တွေ ၉ရက်နေ့ (ည၉နာရီ)

ဘင်္ဂါလီအများစုနေထိုင်ရာ စစ်တွေတက္ကသိုလ်အနီးရှိ ဘုမေကျေးရွာသို့ အနီးအနားရွာများမှ ဘင်္ဂါလီများ လာရောက် စုရုံးနေကြသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ စစ်တွေမြို့နယ်မှ ဦးအောင်မြကျော်က ပြောသည်။ ၄င်းက“မြို့ပြင်ဖက်မှာတော့ တော်တော်စိုးရိမ်ရတဲ့ အခြေအနေရှိတယ်၊ မြို့ထဲမှာတော့ ထိန်းချုပ်လို့ရနေတယ်”ဟုပြောသည်။ သူ၏ပြောပြချက်အရ ဘုမေကျေးရွာတွင် စုစည်းနေသူ အင်အားမှာ အလွန်များပြားနေကြောင်း၊ ရဲတပ်ဖွဲ့ လုံခြုံရေး အင်အား ၄၀ခန့်သည် အဆိုပါကျေးရွာနှင့် မြို့ကို ပိုင်းခြားတည်ရှိသည့် စစ်တွေမြို့ဖက် ရထားလမ်းမှနေ၍ ဘင်္ဂါလီများဝင်ရောက်ရန် မကြာခဏ ကြိုးစားနေသဖြင့် သေနတ်ပစ်ဖောက် ထိန်းသိမ်းနေကြောင်း၊ လုံခြုံရေးဖွဲ့များ၏ အင်အားမှာ ယနေ့ညဦးပိုင်းအချိန်အထိ နည်းပါးစွာပင်ရှိနေသေးကြောင်း ၄င်းကပြောသည်။

မောင်တောမြို့ ညနေ ၅နာရီ၁၀မိနစ် အခြေအနေ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မောင်တောမြို့နယ် ဥက္ကဌ ဦးဘရွှေက မောင်တောမြို့ လက်ရှိအခြေအနေအား အောက်ပါအတိုင်းပြောပြသည်-

တာဝန်ရှိသူများရောက်ရှိလာ

“ဒီနေ့ရန်ကုန်ကနေ လူကြီးတွေလာတယ်။ ပြည်နယ်ဝန်ကြီးချုပ်ရယ်၊ တိုင်းမှူးရယ်၊ ကာကွယ်ရေးဝန်ကြီး ဌာနက ဒုဗိုလ်ချုပ်ကြီးလှမင်း သူတို့လာတယ်။ ခင်ဇော်နဲ့ မောင်လှမြိုင်ဆိုတဲ့ ဘင်္ဂါလီနှစ်ယောက်နဲ့ ဆွေးနွေးသေး တယ်လားမသိဘူး။ သူတို့က ခေါင်းဆောင်လိုမျိုးပေါ့။ ဘာဆွေးနွေးမှန်းတော့ မသိဘူး။ ဒါပေမယ့် အခြေအနေ ကတော့ သိပ်အဆင်ပြေမယ့်ပုံ မပေါ်ဘူး”

ကျေးရွာများအခြေအနေ

“မောင်တော တောင်ပိုင်းမှာ ဆိုရင် အမေကို သားကရှာမရဘူး။ သမီးက အမေကိုရှာမရဘူး တကွဲတပြားနဲ့ ရခိုင်ရွာတွေ၊ အကုန်လုံးရင်နာစရာပဲ၊ ရခိုင်တွေကို မင်းတို့ဒီရွာကိုလုံးဝမလာနဲ့တော့လို့ ခြိမ်းခြောက်တယ်။ အခြေအနေကတော့ တော်တော်ဆိုးတယ်။ အဲဒီကောင်တွေက လူသတ်ပစ္စည်းလု၊ ဗိုလ်မှူးရွာက တစ်ယောက်မှာ ရွှေကျပ်သား၃၀လောက်ပါသွားတယ်။ တစ်ကယ့်အကြမ်းဖက်မှု အစစ်ပဲ၊ အဲဒီလောက် ရက်စက်မှု တစ်ခါမှ မကြုံခဲ့ဖူးဘူး”

လူအသေအပျောက်

“လူဘယ်လောက် သေသွားတယ်၊ ဘယ်လောက် ပျောက်နေတယ်ဆိုတာ ဘယ်လိုမှ စစ်ဆေးလို့ မရနိုင်သေးဘူး။ နယ်တွေမှာ လုံခြုံရေး မရောက်တဲ့ နေရာတွေရှိတယ်။ ဌာနဆိုင်ရာကလည်း ဒီအချိန်မှာ ဘယ်လိုမှ စုံစမ်းနိုင်မှာ မဟုတ်ဘူး”

ကျေးရွာများမှလာရောက်ခိုလှုံ

“အခုမောင်တောတောင်ပိုင်းက လူ၇၀၀လောက် ဘူးသီးတောင်ကို ထွက်ပြေးလို့ အဲဒီမှာရောက်နေတယ်။ အိုးမဲ့ အိမ်မဲ့ ၅၀၀လောက် မောင်တောမြို့ထဲကို ရောက်နေကြတယ်။ မောင်တော မြောက်ပိုင်းမှာ ဆိုရင်လည်း ရွာတွေကို စွန့်ခွာနေရတယ်၊ ရခိုင်ရွာ ၁၇ရွာလောက် အခု အခြေအနေမဲ့ဖြစ်နေတယ်။ ဘူးသီးတောင်၊ ကျောက်စာတိုင်ရွာကို စစ်တပ် တပ်ရင်းရှိတယ်။ အဲဒီကို လူ၄၅၀ရောက်နေတယ်။ နောက် ၂၅၀ လောက်ရောက်လာဖို့ရှိတယ်”  ဟုပြောပြခဲ့သည်။

ပြည်သူ့ခေတ် ဂျာနယ် Facebookမှ..