ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၉ရက်နေ့က စစ်တွေမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး (ရိုက်တာ သတင်းဋ္ဌာန ရုပ်သံ)နဲ့ ၁၀ရက်နေ့ စစ်တွေ၊ မောင်တောနောက်ဆုံး သတင်း..


၉ရက်နေ့ ရိုက်တာ ရုပ်သံ မြင်ကွင်း

၁၀ရက်နေ့ လက်ရှိ စစ်တွေ အခြေအနေ..

စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေသဖြင့်  လုံထိန်းတပ်ဖွဲ့ဝင်များမှာ တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံ တစ်ဦးက ပြောပါသည်။

မင်းဂံရပ်ကွက် ၁၃နှင့် ၁၄ တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံးရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂလီများက မင်းဂံရပ်ကွက် ၁၃နှင့် ၁၄ ကို မီးရှို့ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။

လက်ရှိအချိန်တွင် အဆိုပါနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ်ဖောက် သတိပေး နေသော်လည်း ဘဂါင်္လီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက်ရှိနေဆဲ ဖြစ်ကြောင်း သိရပါသည်။

လက်ရှိအနေ အထားအရ စစ်တွေမြို့မှ လုံခြုံရေး အင်အားနည်းသော ရပ်ကွက်များကို ဘဂါင်္လီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များရောက်ရှိလာပါက နောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘဂါင်္လီများက မီးရှိုရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း သိရပါသည်။

လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှ စိုးရိမ်ရသည့် အနေအထား ရှိနေကြောင်း သိရှိရပါသည်။ လုံထိန်းတပ်ဖွဲ့အင်အားမှာ နည်းပါးနေပြီး တစ်နေ့မှ အခြားတစ်နေရာသို့ ရွေ့ပြောင်းနေရကြောင်း သိရသည်။ ထိုသို့ ရွေ့ပြောင်းစောင့်ကြပ်နေရသည့် အတွက် လုံထိန်းတပ်ဖွဲ့ဝင်များ မရှိတော့အချိန်တွင် စစ်တွေ မြို့ပြင် ဘင်္ဂါလီရွာများမှ ဘဂါင်္လီများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို မီးရှို့ရန်ကြိုးစားနေဆဲ ဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။

ထို့အပြင် စစ်တွေမြို့တွင်း လုံခြုံရေးအတွက် မြို့ခံ ရခိုင်တိုင်းရင်းသားများက မိမိကိုယ်ကို ခုခံကာကွယ်နိုင်သည့် ပစ္စည်းများကို ကိုင်ဆောင်၍ မိမိတို့၏ နေအိမ်ရှေ့တွင် သက်ဆိုင်ရာ အိမ်ထောင်စုအလိုက် စုဖွဲ့စောင့်ကြည့်နေရကြောင်း သိရပါသည်။
မောင်တောမြို့ ၁၀ရက်နေ့ အခြေအနေ..
မောင်တောမြို့၌ လုံထိန်းတပ်ဖွဲ့ဝင်များ၊ ရခိုင်တိုင်းရင်းသားများ သွားလာ နေသည်ကို ဘဂါင်္လီများက နေအိမ်အတွင်းမှ နေ၍ ခဲဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသူ အရေအတွက်မှာ အတိအကျ မသိရှိရသေးသော်လည်း ထောင်ဂဏန်းရှိနေပြီဖြစ်ကြောင်း မောင်တောဒေသခံတစ်ဦးက ပြောပါသည်။ ထို့အပြင် ဘူးသီးတောင်ရှိ အမှတ်(၁) အလယ်တန်း ကျောင်း ကယ်ဆယ်ရေးစခန်းသို့ လူဦးရေ ၁၀၀၀ကျော် ရောက်ရှိ နေကြောင်းလည်း သိရပါသည်။

Eleven Media Group