ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မောင်းတောမှ ရခိုင်ပြည်သူများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်တဲ့ ပြည်သူ့ခေတ်ဂျာနယ် သတင်းများ

“အကြမ်းဖက်ခံရခိုင်အမျိုးသားညီအစ်ကိုမောင်နှမများအား စာနာထောက်ထားပါသည်။ တိုင်းတပါးသားများကျူးကျော်မှု အပြင်းအထန်ဆန့်ကျင်ရှုံချပါသည်” စာတမ်းကိုင်ဆောင်လျက် ...အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ရန်ကုန်မြို့ ဆူးလေရှိမြို့တော်ခန်းမအနီးတွင် ဆန္ဒဖော်ထုတ်ရန်ရောက်ရှိလာစဉ် လုံခြုံရေးတာဝန်ရှိသူများမှ ဖြောင်းဖျ လူစုခွဲစေခဲ့သည်။(ဇွန်၉ရက်၊ နံနက် 10နာရီခွဲခန့်)

ပျက်စီးဆုံးရှုံးမှုအခြေအနေကို ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မောင်တောမြို့နယ်၊ ဥက္ကဌ ဦးဘရွှေက ပြောပြရာတွင်“ မောင်တော်တောင် ပိုင်းက ရွာ၇ရွာလောက်တော့ ပြာကျသွားတယ်။ သတင်း အတည်ပြုချက်ရပြီ၊ မြို့ပေါ်နဲ့နယ်က လောလောဆယ် လူ၆ယောက် ဆုံးသွားပြီလို့ သိရတယ်။ ဆေးရုံကိုထပ်ရောက်နေတာ ၅ယောက်လောက်ရှိတယ်၊ မနက်5နာရီလောက်မှာ လူစုကွဲပြီးတော့ အခုနည်းနည်းငြိမ်နေတဲ့ သဘောရှိတယ်။ နယ်တွေမှာ ပြန်ပြီးစည်းရုံးနေတယ်ဆိုတယ်လို့...တော့ ကြားရတယ်”ဟုပြောပြသည်။

လက်တလော အခြေအနေများနှင့် ပတ်သက်၍ ၄င်းက “မနက်ကသတင်းကြား တာတော့ စည်ပင်သာယာပေးနေတဲ့ ရေကို အဆိပ်ခပ်လို့ အဲဒီရေကို သောက်မိတဲ့သူတွေက နည်းနည်း ဒုက္ခဖြစ်နေတယ်လို့ ပြောသံကြားတယ်။ အတည်ပြုချက်တော့ မရသေးဘူး၊ မသောက်သုံးဖို့အတွက် လူတွေကို တားထားတယ်”ဟုပြောသည်။

နိုင်ငံတော်သမ္မတရုံး၊ အကြီးတန်းတာဝန်ရှိသူတစ်ဦး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြထားချက်အရ မောင်တောမြို့ပေါ်ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း စသည့် ၃နေရာတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားကြောင်းသိရသည်။

ဇွန်၉ရက်နံနက်တွင် ရခို်င်အမျိုးသားများတိုးတက်ရေး ပါတီ မောင်တောမြို့နယ် ဥက္ကဌ၏ ပြောပြချက်အရ မောင်တောမြို့ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ရွာများမှ ထိခိုက်ဒဏ်ရာရရှိသူများ ဆေးရုံသို့ ရောက်ရှိလာနေဆဲဖြစ်ပြီး အသေ အပျောက်နှင့် ဒဏ်ရာရရှိသူစာရင်းကို အတိအကျ မသိနိုင်သေးကြောင်း ပြောပြသည်။ ညည့်နက်ပိုင်းက လက်နက်များဖြင့် နယ်စပ်ကိုဖြတ်ကျော် ၀င်ရောက် လာသည်ဟုသိရသော ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ဝင်များအမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများနှင့် ပတ်သက်သည့် သတင်းများမှာ ထပ်မံကြားသိ ရခြင်းမရှိသေးကြောင်း၊ ယမန်နေ့က အကြမ်းဖက်ခဲ့ကြသည့် ဘင်္ဂါလီ ရိုဟင်ဂျာများ လူသူစုရုံးမှုများ ရှိနေသည်ကို ကြားသိနေရဆဲဖြစ်ကြောင်း ၄င်းကပြောသည်။

မောင်တောနှင့် နယ်စပ်ဒေသများလုံခြုံရေးအတွက် တပ်မတော်(ကြည်း၊ရေ) တပ်ဖွဲ့များ ရောက်ရှိတာဝန်ယူနေကြောင်းသိရ

ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မောင်တောမြို့နယ်၊ ဥက္ကဌ ဦးဘရွှေ၏ အတည်ပြုပြောပြချက်အရ မောင်တောနှင့် နယ်စပ်ဒေသများလုံခြုံရေးအတွက် တပ်မတော်(ကြည်း၊ရေ)တပ်ဖွဲ့များ ရောက်ရှိတာဝန်ယူနေကြောင်း သိရသည်။

၎င်းက “လုံခြုံရေးကတော့ စစ်တပ်ကရော၊ လုံထိန်းရော၊ အသင်းအဖွဲ့ရော အကုန်လုံးရှိပါတယ်၊ ညပိုင်းက ဘင်္ဂလားဒေ...့ရှ်ဘက်က လက်နက်နဲ့ဝင်လာတဲ့ လူတွေကို ရေတပ်က ပိုက်စိပ်တိုက် လိုက်ရှာနေတယ်လို့ သိရတယ်” ဟုပြောသည်။

လုံခြုံရေး တာဝန်ယူထားမှု အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ အကြီးတန်း တာဝန်ရှိသူတစ်ဦး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် “မောင်တော- ဘူးသီးတောင်နယ်မြေအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များအပြင် အရန်အဖြစ် တပ်မတော်မှ ဒုစခကမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကျက် ချထားလျက်ရှိကြောင်း၊ နယ်စပ်ဒေသများလုံ ခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၆စီး ဖြန့်ကျက် ထားကြောင်း” ဖော်ပြထားသည်။

သတင်း...   ပြည်သူ့ခေတ် ဂျာနယ် Facebookနှင့် ဆန္ဒပြသတင်း Nay Lin Htike Facebook

နောက်ဆုံးသိရှိရသည့် ဇွန်လ ၈ ရက် ညက မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများ

မောင်တောမြို့နယ် မြောက်ပိုင်း
(၁) နံသာတောင်ရွာ
(၂) သာယာကုန်းရွာ
(၃) သင်္ဘောလှရွာ
(၄) တရိန်းရွာ
(၅) ကြိမ်ချောင်းရွာ
(၆) ငခူရရွာ
(၇) ကပ်ပတောင်ရွာ
... (၈) ဒိုးတန်းရွာ
(၉) ခြံပြင်ရွာ
(၁၀) ဇရပ်အုပ်ရွာ
(၁၁) အောင်မင်္ဂလာရွာ
(၁၂) ဗန္ဓုလရွာ
(၁၃) ကျီးကန်းပြင်ရွာ

မောင်တောမြို့နယ် တောင်ပိုင်း
(၁) သရီကုန်ဘောင်ရွာ
(၂) မောရ၀တီရွာ
(၃) ဆင်မကျပ်ရွာ
(၄) ဥဒေါင်းရွာ
(၅) ဝေသာလီရွာ
(၆) နတလရွာ ၄ ရွာ

မောင်တောတောင်ပိုင်းသို့ သွားရောက်သည့် လမ်းပေါ်ရှိ ဇော်မဒပ် တံတားကိုလည်း ဘင်္ဂါလီတို့က ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (EMG သတင်း)
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ သဘောထားထုတ်ပြန် ကြေညာ