ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် ဘယ်လ်ဂျီယံ နိုင်ငံသို့ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေ..


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ဟာ Belgium နိုင်ငံ ဘရပ်ဆဲလ်မြို့တွင်ကျင်းပသော "The Summit of Alliance of Liberal Democrats for Europe (ALDE) and Council of Asian Liberals and Democrats (CALD)" ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရန်ကုန်လေဆိပ်မှ မထွက်ခွါမှီ တွေ့ရစဉ်..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ဟာ Belgium နိုင်ငံ၊ Brussels မြို့တွင် ( ၄ ဇွန် မှ ၈ ဇွန် ၂၀၁၂) အထိကျင်းပမည့် “The Summit of Alliance of Liberal Democrats for Europe (ALDE) and Council of Asian Liberals and Democrats (CALD) ကို တက်ရောက်ရန်အတွက် ၃ -၆-၂၀၁၂ ညနေပိုင်းက ရန်ကုန်မြို့မှ Bangkok airline လေကြောင်း ခရီးဖြင့်ထွက်ခွာ သွားပြီဖြစ်ပါတယ်၊ ၄င်းSeminar ဖြစ်မြောက်ရေးကော်မတီမှ ဦးဝင်းထိန်ကို တိုက်ရိုက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်၊ အဆိုပါ ဆွေးနွေးပွဲဟာ ၂၀၁၁ နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာကျင်းပခဲ့ပြီး ဦးဝင်းထိန်တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲ နှင့် ဆက်စပ်သော ဆွေးနွေးပွဲ လို့လည်း သိရပါတယ်။ 

၎င်းအခမ်းအနားတွင် ဦးဝင်းထိန်မှ ဇွန်လ ၅ ရက် နေ့တွင် မိန့်ခွန်း စကားလည်း ပြောကြားမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရပါတယ်၊ ယင်းဆွေးနွေးပွဲသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ (ဥရောပ၊ အရှေ့အာရှ နှင့် အရှေ့တောင်အာရှ မှ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်မယ်လို့ သိရပါတယ်၊ ၎င်းဆွေးနွေးပွဲအပြီး ဇွန်လ ၉ ရက်နေ့မှာတော့ ဘယ်ဂျီယံနိုင်ငံမှ တဆင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့   ၂ရက်ကြာ သွားရောက်လည်ပတ်မှာ ဖြစ်ပြီး  ဇွန်လ၁၂ ရက်နေ့မှာ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာမည်ဟု သတင်းရရှိပါသည်။

သတင်းဖော်ပြတာ နောက်ကျခဲ့တဲ့ အတွက် သတင်း ပေးပို့သူအား အထူးတောင်းပန်အပ်ပါသည်..