ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြင်သစ်နိုင်ငံရဲ့ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိလာတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..

ပြင်သစ်သမ္မတ Francois Hollande ရဲ့ အထူးဧည့်သည်တော် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..။ အပြိုင်အဆိုင် ခမ်းခမ်းနားနားကို ကြိုဆိုကြတာပါ..။
ဇွန်လ(၂၆)ရက်နေ့က ပြင်သစ်နိုင်ငံမှာ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..။ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက်ပိုင်းက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိလာခဲ့ပါတယ်..။
 

ဓာတ်ပုံ၊ AP,Reuters