ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဖိုးသူတော်လဲတော့ တောင်ဝှေးမကူနိုင်(၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ဖိုးသူတော်လဲတော့ တောင်ဝှေးမကူနိုင်(၂) 
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
(က) ဘာဖြစ်သလဲ မသူတော်တွေကို ကူတာမမြင်ရတဲ့ ကံတရားက လှလှကြိးဆုံးမတော့တာ။ ကျနော်တို့ ဆီမှာ- ၈၈၈၈- လူထု အုံကြွမှုဖြစ်တယ်။ သူက လက်နက်တွေ နယ်စပ်ကနေ ပို့ပေးတယ်။  စစ်ကားတွေ အများကြီးအကြွေးနဲ့ ဒေါ်လာ- ၂-ဘီလျှံဖိုး ရောင်းပေးတယ်။ ဟောမကြာပါဘူး ... ၁၉၈၉-မေလမှာ သူ့ဆီမှာ တိန်ယီမင်ရင်ပြင် ကျောင်းသား ဦးဆောင်တဲ့ လူထုအုံကြွမှုဖြစ်တာဘဲ။ ၇-လဘဲကွာပါတယ်။  သူတို့ ကမ္ဘာမှာ လူကြားမကောင်းအောင် လူသတ်ပွဲကြီးကို ဆင်နွှဲလိုက်ရပါတယ်။ ကျနော်တို့ဆီမှာ ကျောင်းသားတွေကို သတ်တာကို နယ်စပ်ကနေ ချက်ချင်းလက်နက်တွေ ပို့ပေးတယ်။ သူတို့လည်း ကျောင်းသားတွေ ပြန်သတ်ရတာပါဘဲ။ ကမ္ဘာမှာ ကျော်မကောင်းကြားမကောင်းဖြစ်ရတော့တာပါဘဲ။ ကျောင်းသား တော်လှန်ရေးကို နှိပ်ကွပ်တာ ၀င်ကူပေးတယ်။ သူ့ဆီမှာ ကျောင်းသား သတ်ရတော့ တာပါဘဲ။

(ခ) ကျနော်တို့ဆီမှာ ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးဖြစ်တယ်။ ကုလမှာ ဗွီတိုအာဏာနဲ့ ကာကွယ်ပေးလိုက်တယ်။ တခြားနိုင်ငံတွေက ပြစ်ရှုံ့ ချကြတာကို ပြည်တွင်းရေးဘာညာ အော်ပေးတယ်။ ဟော ၆-လ ဘဲကွာပါတယ်။ ၂၀၀၈-မတ်လ-၁၀- ရက်မှာ တိဘက်မှာဘုန်းကြီးတွေကို ရက်ရက်စက်စက် သူတို့ကိုယ်တိုင် သတ်ရတော့တာ။ ဗမာပြည်မှာ ဘုန်းကြီးသတ်တာကို ကာကွယ်ပေးတယ်။ သူက အိုလံပစ် လုပ်ခါနီးမှာ လူကြားမကောင်းအောင် ဖြစ်ရတော့တာ။ ပထမက ကျောင်းသားဖြစ်တယ်။ သူ့ဆီမှာလဲ ကျောင်းသား။ ဒုတိယက ဘုန်းကြိး ဟောသူ့ ဆီမှာလဲ ဘုန်းကြီး။

(ဂ) ဒါတင်လား...၂၀၀၈- သဘာဝဘေးအန္တရာယ် နာဂစ်ဖြစ်တယ်။ အမေရိကန် နဲ့ အနောကနိုင်ငံတွေက ကူချင်တာ ကန့်ကွက်တယ်။ ဟော သူ့ဆီမှာ - ၁၀-ရက်ဘဲခြားပြီး. ၈.၀-စကေးရှိတဲ့ ချွမ်စီပြည်နယ် ငလျှင်လှုပ်တယ်။ လူပေါင်း ၈၀၀၀၀-လောက်သေတယ်။ လူဦးရေ ၅-သန်းလောက် အိုးအိမ်တွေ ပျက်ကုန်တယ်။ ကျနော်တို့ဆီမှာ သဘာဝဘေးဖြစ်တာ ၀င်ကန့်ကွက်ပေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ သူတို့ဆီမှာ သဘာဘေး အန္တရယ်ဖြစ်တယ်။ သူတို့ဖြစ်တာက ငလျင်။ တရုတ်ဝန်ကြီးချုပ်က ချက်ချင်း (၃-နာရီအတွင်း လေယဉ်နဲ့ ထွက်ခွာတယ်) ကမ္ဘာကို ကယ်ကြပါ ခေါ်တယ်။ မြန်မာပြည်ကျတော့ ပြည်တွင်းရေးတဲ့။ ပြောလို့မှ ပါးစပ်မပိတ်ရသေးဘူး ကယ်ကြပါအုံး လုပ်ရတယ်။ မြန်မာကိုတော့ မကူရဘူးပေါ့ ။

ဒါတင်ဘဲလား...ရှိပါသေးတယ်။ ခပ်သေးသေးတွေ

(ဃ) ၂၀၀၂-နစ်အကုန်မှာ ဗိုလ်ရွှေဟာ တပ်မကြီးခြံရံပြီး တရုတ်ပြည်ကို ကြွပါတယ်။ ဟိုကလည်း ယခင်နဲ့မတူ ခမ်းခမ်းနားနားကြိုဆိုလိုက်တယ်။ ဗိုလ်ရွှေ ပြန်ပြီး မကြာပါဘူး ၂၀၀၄- ဖေဖေါ်ဝါရီလ မှာ SARS ရောဂါ တရုတ်ပြည်ကနေ စတင်လိုက်တာ တကမ္ဘာလုံး နီးနီးပြန့်သွားပါတယ်။ တရုတ်ကုန်သွယ်ရေး ဘတ်ဂျက် ဒေါ်လာ ဘီလျှံ ၃၅၀-လောက်နာသွားပါတယ်။

အဲဒီ SARS ရောဂါကလဲ ထူးဆန်းနေတာလေးက န.အ.ဖ ကို ထောက်ခံနေတဲ့ တိုင်းပြည်တွေကိုဘဲ ခုန်ပျံ ကျော်လွှားကူးသွားပါတယ်။ တရုတ်ပြည်ကနေ ပထမဆုံးက ထိုင်း နဲ့စင်ကာပူ။ ပြီး မလေးရှား၊ ကိုးရီယားနဲ့ အာဖရိက နိုင်ငံတခု (န.အ.ဖ ဘော်ဒါဘဲ) ပြီး ကနေဒါ (အဲဒီအချိန်က သတ္တုတွင်းတူးနေတုန်း) ဂျာမဏီ ပြစ်သစ် စတဲ့ န.အ.ဖနဲ့ ပတ်သက်နေတဲ့ နိုင်တွေ အများဆုံး ကူးစက်သွားတာကတော့ အ့အားသင့်နေမိတယ်။ ခုန်ပျံကျော်လွှား ဆားကစား သွားတာ။

(င) ကြက်တုတ်ကွေး ရောဂါ။ အဲဒါကတော့ အခု ထိုင်းမှာနိုင်လိုက်တဲ့ ယပ်ဆင်ရဲ့ အကို သက်ဆင်ရှင်န၀ပ် ၂၀၀၄- မှာမြန်မာပြည်ကို လာလည်ပါတယ်။ ပုဂံ မှာ လုပ်ကြတယ်ပေါ့။ သူပြန်ပြီးမကြာပါဘူး ထိုင်းမှာ ကြက်တုတ်ကွေး ဖြစ်လိုက်တာ တရုတ်ပြည်ပါ ကူးဆက် ထိခိုက်တော့တာ။ သက်ဆင်ကြီးလဲ တီဗွီပေါ်ကနေ ကြက်ကြော်တွေ စားပြယူရပါတော့တယ်။ တရုတ်လဲ အတော်လေး ထိသွားပါတယ်။ ထိုင်းကတော့ ကမ္ဘာကို ကြက်သားပိုနေ့တာ တန်ဖိုး ၃-၀ ဘီလျှံ လောက် အလဟတ်သတ် ဖြစ်သွားရပါတယ် ။

ထားပါတော့... အခုကြိုဖြစ်လာနိုင်တာလေး တွေးမိလို့ပါ။ ကျနော်တို့ဆီမှာ တခုခုဖြစ်ရင် ဆွေးမျိုးပေါက်ဖေါ်ကြီးလဲ ကံတူအကျိုးပေးမို့လား မသူတော်တွေကို ကူညီလို့ ကံတရားရိုက်တာပေလား။ အခုမြန်မာပြည်မှာ ငွေဈေး ကမောက်မ ဖြစ်တယ်။ ဒီကနေ့ စီးပွားပျက်ကိန်းအထိ ရောကနိုင်တယ်။ ပျက်ရင်သူ သေချာပေါက် ၀င်ပါပါမယ်။ မြန်မာနိုင်ငံမှာ စီးပွားပျက်တာ ၀င်ကန့်လန့် ကန့်လန့် လုပ်ရင် သူလည်း ထိပါမယ်။ ကံတူအကျိုးပေးလေ။

အခုတောင် တရုတ်ပြည်မကြီးမှာ လူမနေတဲ့ အိမ်ခန်း /တိုက်ခန်းပေါ့ ( အသစ်စက်စက်တွေ) အခန်းလွှတ် (သန်း- ၇၀) ရှိနေပါတယ်။ အမေရိကန်စီးပွားပျက်တော့ အမေရိကန် နဲ့ အနောက်နိုင်ငံတွေကို ပို့ရမယ့် အိမ်ဆောက်ပစ္စည်းတွေက ရုတ်တရက် ရပ်လို့ကမရဘူး။ ဒီတော့ ဆက်ထုတ်လုပ်ပေးရတယ်။ ရုတ်တရက် ရပ်လိုက်ရင် သူ့ဆီမှာ လူတွေ အများကြီး အလုပ်လက်မဲ့ဖြစ်ပြီး နိုင်ငံရေးအုံကြွမှုကြီး ပေါ်လာနိုင်တယ်။ အဲဒီတော့ အဲဒီကုန်ကြမ်းတွေနဲ့ မြို့ အသစ်တွေတည်ဆောက် လိုက်တာ မြို့ ကြီးတွေ အများကြီးတိုးလာ။  လူမနေတော့ သရဲမြို့တော်တွေလို့ နာမည်အပေးခံထားရပြီ။ GHOST CITIES တွေပေါ့။ အခု တရုတ်ပြည်မှာ အိမ်ဈေးက မကျသေးဘူး ။
တရုတ်ပြည်က ဆောက်လုပ်ပြီး လူမနေတဲ့ တိုက်ခန်းများနဲ့ 
ဈေးဝယ်သူမရှိတဲ့ Shopping Malls များ ရုပ်သံဖိုင်...
ဒါပေမဲ့ တကယ်ရောင်းပြန်တော့ ပေါက်ဈေးထက် ၅၀- % ထက်လျှော့ရောင်းတာကို ၀ယ်သူကမရှိ ၀ယ်လက်ပျောက်နေပြီ။ ရောင်းချင်သူက မတရားများနေပြီ။ နောက်ထပ်လဲ တိုက်တွေက ဆက်ဆောက်နေရသေးတယ်။ အိမ်ဆောက်ပစ္စည်းတွေကို အမေရိကန်က ၀ယ်ဖို့ကိန်း မမြင်သေးဘူး။ ဥရောပကလဲ အိမ်ဆောက်တာတွေ ရပ်ထားရသလောက်။ ဒီတော့တရုတ်ပြည်မှာ ဆက်ဆောက် နေရတုန်းဘဲ။ လာမယ့် နှစ်ဆိုရင် လူမနေတဲ့အိမ်က သန်း-၈၀ လောက်ရှိလာနိုင်တယ်။ တခန်းကို လူငါးယောက်နဲ့ တွက်ကြည့်ရင် လူ-သန်း ၃၅၀- ကနေ ၄၀၀-လောက်နေနိုင်တဲ့ အိမ်ခန်းလွတ်တွေ။

တခန်းကို ဒေါ်လာ ၁.၅ သိန်းလောက်ဘဲ ထားတွက်ကြည့်ပေါ့။ သန်း၈၀- ရဲ့ ငွေပမာဏ။ ဘီလျံနဲ့ တွက်ရင် ဘီလျံပေါင်း ၁၅၀၀- လောက် (ထရီလျံဆို ၁.၅ ထရီလျံ။ အလွန်ကြောက်စရာ ကောင်းတဲ့ပမာဏ။  ဒါကုန်ထုပ်လုပ်မှု မဟုတ်ဘူး။ ငွေသေသွားတဲ့ အိပ်နေတဲ့ငွေတွေနော်။ ဘာတွေဖြစ်လာမလဲ။ မပြောတတ်တော့ဘူး။ ကမ္ဘာမှာ စီးပွားရေးပြိုကွဲတာ ၁၉၉၄ -မှာ မက္ကဆီကို ပီဆို (PESO) ငွေကြေုးပြိုကွဲတယ်။ အိမ်ဈေးကွက်ထဲ မတရားငွေ ထည့်ဝင်ရင်းနှီးတာ လွန်သွားလို့။ မက္ကဆီကို ဘရာဇီး တောင်ကိုးရီးယား၊ တိုင်ဝမ်တို့တော်တော်လေး ထိသွားတယ်။ IMF အကူယူရတော့တာဘဲ။ မယူလို့မှ မရတော့တာ။

၁၉၉၇- ထိုင်းပြိုကွဲတာလဲ ဆောက်လုပ်ရေးကို ဘဏ်ကြီးတွေက အပြိုင်အဆိုင်ငွေ ထုတ်ချေးလိုက်တာ များသွားတယ်။ ဘဏ်မှာလည်ပတ်ငွေ ကြပ်လာချိန် အမေရိကန် စီးပွားရေးရင်းနှီးမြုပ်နှံသူ ဂျော့ဆိုရပ် (George Solas ) က သူ့ ငွေတွေ အမြန်ဆွဲထုတ်ပြစ်လိုက်တယ်။ အာရှတခုလုံး ထိခိုက်သွားတယ်။

၂၀၀၈ အမေရိကန် မှာလဲ ဒီလိုဘဲ ဆောက်လုပ်ရေးလုပ်ငန်းကို တဖက်စောင်းနင်း အားလုံးစုပြုံ ငွေတွေ ရင်းထဲ့လိုက်တာ တခြားနေရာက ငွေလိုတော့ ဘဏ်ကြီးတွေ ငွေမပေးနိုင်တော့ ဘဏ်တွေ ပြိုကွဲကုန်တာပါဘဲ။

၂၀၀၃- ဖေဖေါ်ဝါရီ-၁၀ -ရက်နေ့ မှာ မြန်မာဘဏ်တွေ ကို ဗိုလ်ခင်ညွှန့် ငွေထုတ်ခွင့် ပိတ်လိုက်ရတာပါဘဲ။  မြန်မာဘဏ်တွေက သူတို့ကုမ္မဏီတွေနဲ့ ဆောက်လုပ်ရေးတွေ အများကြီလုပ်ထားတော့ ငွေခါးပြတ်သွားပါတယ်။ ခင်ညွှန့် အမိန့် နဲ့  မလေးရှားမဟာသီယာ နည်းပေါ့။ ပိတ်ထားတယ်။  ပြီး ဘဏ်မှာ ငွေမိနေသူတွေကို ငွေဈေးက တစတစကျလာတော့ ဘဏ်ထဲအပ်ထားငွေကို အိမ်တွေထိုးရောင်းပြီး ဈေးကွက်ကို မတရားနည်းနဲ့ ကျားကန်ခွင့်ပေးလိုက်ပါတယ်။

ဘဏ်ကြီးတွေက အိမ်ရောင်းရပြီးသား ငွေဖေါ်ပြီးသား ဖြစ်အောင်လုပ်လိုက်ပါတယ်။ လုပ်ငန်းရှင်တွေက စီးပွားရေးမှာ ငွေပျောက်သွားတယ်။ ၀ယ်လိုက်ရတဲ့အိမ်ကို ရတဲ့ဈေးနဲ့ လျှော့ရောင်းကြရပြန်တယ်။ အိမ်ဈေးတွေ ကမောက်ကမ ဖြစ်သွားပြန်တယ်။

အခု ကျနော်တို့ဆီမှာ မြန်မာငွေဈေး အတက်ကြမ်းထားတယ်။ ဈေးကွက်ကို ဂယက် ရိုက်လာပါမယ်။  အဲဒီဂယက်ကြောင့် မကြာခင် စီးပွားရေးတွေ ထိုးရပ်ပါတော့မယ်။ စီးပွားပျက်ရင် အိမ်ဈေးတွေ ထိုးကျလာပါမယ်။ ကျနော်တို့ ဆီမှာက စတော့ရှယ်ယာ (Stock Share) ငွေဈေးကွက်ကမရှိဘူး။ လူတွေက တိုက်နဲ့ အိမ်ဈေး ကစားပြီးအိမ်ကို စတော့ရှယ်ယာလို လုပ်နေကြတာ။ အိမ်ဈေး ကစားလိုက်တာနဲ့ အိမ်တွေ ထိုးရောင်းလာကြရပါမယ်။ စတော့က တရွက်ချင်း အပိုင်းလိုက် ခွဲရောင်းလို့ရတယ်  ပြီးလိုနေတာကို ဖြည့်စွက်လို့ ရတယ်။ အိမ်က ခွဲရောင်းလို့မရဘူး။

တွေးကြည့်ရင် တော်တော်လေး ရင်လေးစရာကောင်းနေပါပြီ။ ကျနော်တို့ဆီမှာဖြစ်ရင် တရုတ်ပြည်ကြီးမှာ လိုက်ဖြစ်တတ်တော့ သူသာ အိမ်ဈေးပြိုကွဲလိုက်ရင် တကမ္ဘာလုံး ဖင်ထိုင်သွားပါတော့မယ်။  ထိပ်ဆုံးကတော့ Australia Brazil Peru နဲ့အာဖရိက နိုင်ငံတွေ (သယံဇာတ ထုတ်ရောင်းနေရတဲ့ နိုင်ငံတွေ) အရင်ဆုံး ထိခိုက်ကုန်ပါမယ်။ Australia , Peru, Brazil တို့ကတော့ တော်တော်လေးကို နာသွားမယ်လို့ တချို့ ပညာရှင်တွေက ခန့် မှန်းထားပါတယ်။
အဲဒီတော့ ဖိုးသူတော်ကြီးက ဖိုးသူတော်လို မနေ မြန်မာမှာ မတရားတာဖြစ်ရင် ယီးစင်း ကြိုက်ကြိုက် လုပ်နေတာ ဒီတခါ မြန်မာမှာ ငွေဈေးပြိုမှာ ဒီအပြိုကို ယီးစင်းဝင်ပါရင် သွားစေ့ သွားပါမယ်။ ဖိုးသူတော်လဲတော့ တောင်ဝှေးမကူနိုင် ဖြစ်ပါတော့မယ်။

စဉ်းစားမိသမျှလေးတွေ ရေးထားတာပါ။ မဖြစ်မနေ ဖြစ်လာမယ်တော့ မပြောရဲဘူး။ တရုတ်စီးပွားရေးက အလွန်ကြီးမားတာပါ။ ဒါပေမဲ့ မြန်မာ့စီးပွားရေးက အမှားတွေချည်း တက်နင်းနေတော့ လာပါတော့မယ်။  ဖြစ်လာရမင် တရုတ်ကြီး ၀င်ပါပါမယ်။ ပြီးသူဆီမှာပါ လိုက်လိုက်ဖြစ်တတ်တော့ မမြင်ရသော ကံတရားကို တရုတ်တွေက လက်မခံပါဘူး။ သူတို့သွားပြောပြရင် ရီပြီးဟားနေကြမှာပေါ့ ။

ဒါပါဘဲ။ ဗေဒင်တော့မဟုတ်ဘူး။ တွက်ဆ ကြည့်တာပါ ။

အားလုံးကိုလေးစားလျှက်

လှိုင်မြင့်