ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေနဲ့အတူ (ကဗျာရှင် နေပြည်တော်သား)

အမေစုနဲ့ နေပြည်တော်သားများ (ဓာတ်ပုံ Getty Images)
အမေနဲ့အတူ 
(ကဗျာရှင် နေပြည်တော်သား)

ပြည်သူတွေကြားက၊ ပြည်သူနဲ့ တစ်သားတည်းဖြစ်တဲ့ အမေ
မာဏေးတီတိ မာတာ
သားသမီးတွေ ကိုချစ်လို့၊ အမေ ခေါ်သတဲ့
သားသမီးတွေ ကလည်း ချစ်ပါရဲ့ အမေ …….

ဗိုလ်ချုပ်ရဲ့ သွေးမို့ပဲ ပြောပြော
လောကဓံ ကိုအန်တု ၊ ကျွန်တော်တို့ စံပြုရတဲ့အမေ
ကျွန်တော်တို့ အားလုံးအတွက်
တစ်နယ်ဝင် တစ်နယ်ထွက်နဲ့
ဒီမိုကရေစီ ခရီးဆက်ရင်း
မောပန်းနွမ်းနယ်နေတဲ့ အမေ့ပုံကိုကြည့်ပြီး
ကျွန်တော်တို့ ချစ်လိုက်ရတာ အမေရယ်……….

ပြည်သူတွေရှေ့က အမေ ရှိသလို
အမေ့နောက်မှာလည်း ပြည်သူတွေ အားလုံး ရှိနေတာပါပဲ
မျှော်လင့်ပါရဲ့ အမေ…….
ကျွန်တော်တို့ တိုင်းပြည်မှာလေ..
ဒီမိုကရေစီ ကောင်းကင်ကြီးအောက်က
လွတ်လပ်ခြင်း ပန်းတွေ ပွင့်တဲ့အခါများ
ဗိုလ်ချုပ်နဲ့ သူရဲကောင်းတွေ အတွက်ရည်စူး
အမေနဲ့သားတို့ ပန်းတစ်ပွင့်အတူ ခူးပါရစေ အမေ...

နေပြည်တော်သား
ပါလေးတီတိ ပီတာ= အလုံးစုံ စောင့်ရှောက်သောကြောင့် အဖေ
မာဏေးတီတိ မာတာ= သားသမီးတို့အပေါ် ချစ်မြတ်နိုးခြင်းကြောင့် အမေ

သီတဂူ ဆရာတော်ကြီး
တပေါင်းလပြည့် မန္တလေး အဖေနေ့ ဟောပြောပွဲ