ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၂) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၂)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
ကလေးတွေကို မနက်ခင်း မိဘတွေလာအပ်ချိန်ဟာ အရေးကြီးပါတယ်။
တချို့ ကလေးတွေက မနက်ခင်းမှာငိုလိုက်တာ တခါတရံ တမနက်လုံး
ငိုနေတတ်ပါတယ်။ ကလေးတစ်ယောက်ငိုနေလျှင်ကျန်ဆရာမတွေ အလုပ်ပိုရပါတယ်။
အဆင်မသင့်လို့  တအားလွန်လွန်မင်းမင်း ငိုနေလျှင် မိဘကို
ဖုံးဆက်ခေါ်ရပါတယ်။ မိဘကလဲ တချိန်လုံး ဖုံးဆက်မေးနေတတ်ပါတယ်။
ဖုံးဆက်မေးလျှင် လိမ်ပြောခွင့်လုံးဝမရှိပါ။
တချို့ မိဘက
ပိုသေးတယ်။ သူသမီိးမငိုဘူးပြောတာကို ကလေးကို နာမည်ခေါ်ကြည့်ပါ
လုပ်လာရင်ပြသနာ။ ကလေးကငိုနေတုံး။ သူကလဲ သူ့ ကလေးက နာမည်ခေါ်ရင် ရီတတ်တယ်
ထူးတတ်တယ် ဆိုပြီးအသံနဲ့  စစ်ဆေးတတ်သူက ရှိသေးတယ်။ Check လုပ်တတ်သူဆို
သတိထားရတယ်။
ကြွားတယ်မပြောကြပါနဲ့ ဦး။ ကလေး ၁ဝ-ယောက်လာရင် ၃
ယောက်လောက်က သူဟာသူနေတယ်။ ၇-ယောက်လောက်က ဆရာမတွေ ချီချော့ခေါ်ယူရတယ်။
အဲဒီထဲက ၆ ယောက်က ကျနော်ချီမှရတယ်။ တချို့က အမေ ဆီကနေ ခုန်ကူးလာတဲ့အထိ
ခင်မင်ကြပါတယ်။
ကလေးတွေကိုဆူတတ်သူ ငေါက်တတ်သူ
စိတ်တိုတတ်သူဆို ကလေးက မှတ်ထားပါတယ်။ အဲဒီလိုလူမျိုးနဲ့သာဆို
ကလေးကမိဘဆီက ချော့ခေါ်လို့ ကိုမရတော့ပါ။
အဲဒီမှာ
ဆိုးတဲ့ကလေးတွေ ပါတတ်တယ်။ သူတို့ ကို နားလည်အောင် ချော့ပြောဖို
့ကလဲငယ်သေး။ ဥပမာ ကလေးတစ်ယောက်ကို ကိုက်တယ်။ ကလေးကကိုက်ပြီးရင်
သူဘာလုပ်မိတယ် သိပ်မသိဘူး။ တခါတလေကိုက်တာက စိတ်မဆိုးဘဲ သာသာလေး
ကိုက်တတ်တာကရှိသေး။ တချို့ က သူပါးစပ်ရှေ့ ရောက်လာတာအကုန်ကိုက်တတ်တယ်။
လူကြီးလက်မောင်းသူ့ ရှေ့ ရောက်လာတာနဲ့  လှမ်းကိုက်တတ်သူကလဲရှိတယ်။
တဖြေးဖြေးချော့ပြောယူရတယ်။ ကျနော်ကချော့မော့ပြောတဲ့သူ။ ဆရာမတွေက
ဆူငေါက်စေချင်တယ်။ ကျနော် ဘယ်တော့မှမငေါက်ဘူး။ ဘာသွားတွေ့ သလဲဆိုတော့
အဲဒီခပ်ဆိုးဆိုးလေးတွေက ကျနော်က ပြောရင်နားထောင်တယ်။ ဆရာမတွေပြောရင်
ငြင်းဆန်တယ်။ ပိုရွဲ့ ပြတယ်။
ကလေးနှစ်ဦးဆိုလျှင်
အိမ်မှာလဲဆိုးနေတယ်။ အိမ်မှာ နားမထောင်တဲ့အခါ အဖေက အမေဆီကို
ဖုံးနဲ့ မက်ဆေ့ရိုက်လိုက်တယ်။ မက်ဆေ့အသံရတာနဲ့  အမေကဖုံးကိုင်ပြီး
ဘီလီ(ဆရာလှိုင်မြင့်)ဆီက မက်ဆေ့လာတယ်။ မင်းလိမ္မာရဲ့ လားမေးနေပြီ။
ငါလိမ္မာတယ်ဖြေလိုက်မယ် ဆိုတာလုပ်ရတယ်။ အိပ်ချိန်ဆို် ဘီလ်ီဆီက
မက်ဆေ့လာတယ် ဘီလီက အားလုံးမျက်စေ့ပိတ်တဲ့  ပြောရင်သူနားထောင်ပြီ ။
အားလုံးအံ့သြကြရပါတယ်။ ပညာတစ်ခုတိုးခဲ့ပါတယ်။
အဲဒါကိုကျောင်းအုပ်နဲ့  တခြားဆရာမတွေကို ပြောပြတတ်တယ်။
ပြောလိုတာကတော့ ကလေးတွေကို နားလည်မှုပေးလျှင်သူတို့ က အဲဒီလူရဲ
့စကားကို ပိုပြီးနားထောင်တတ်ကြပါတယ် ။ ကလေးကိုရိုက်တာနဲ့  ရလဒ်က
တခြားဆီပါ။ နောက်တော့ အဲဒီခပ်ဆိုးဆိုးလေးနှစ်ယောက် လိမ္မာလာပါတယ်။
အဲဒီဆိုးတဲ့ကလေးတွေရဲ့ အကျောကိုလေ့လာရတယ်။ တချို့ ကလေးက တီဗွီထဲက
Spider Man Super man, စတာတွေကြိုက်တတ်တယ်။ တချို့ ကအငိုသန်တယ်။
မိဘကလာအပ်ရင် ကျနော်က ကျောင်းဘေးက မိုးမြင့်တိုက်ကြီးတွေကို
ကြည့်နေတယ်။ အမေဖြစ်သူကမေးတယ်။ တမင်လုပ်နေတာကို အမေကသိတယ်။
ဘီလီ-ဘာကြည့်နေတာလဲ။ ဟာ မနက်အစောကြီးတုံးက Spidermen
ဒီတိုက်ပေါ်ကစောက်ထိုးဆင်းလာတာ ခြေရာတွေကျန်သေးတယ်ပေါ့။ ဟိုကောင်
ကျနော့်ဆီခုန်ကူးလာပြီ။ အမေက လစ်ပြီ။
တချို့ ကလေးက
အလုပ်ကူလုပ်ချင်သူဆိုရင် ငါကွာ လေမှုတ်စက်ပျက်သွားလို့  မင်းမငိုနဲ
့။ ငါမင်းအကူအညီလိုနေတယ်။ လာစက်ထားတဲ့ အခန်းသွားပြီးစက်ကို
ဖွင့်ကြည့်ရအောင်ပေါ့။ အမေကလစ်ပြီ။ ကျောင်းရဲ့ ပေါ်လစီ (မူဝါဒ) က
မိဘတွေဟာ ကလေးတွေကို နုတ်ဆက်ပြီးမှ ပြန်ရတာ။ တချို့ ကလေးက နုတ်ဆက်ဖို
့ မဖြစ်နိင်တော့ ၊ မရတော့ မူဝါဒကိုလဲ ဘေးချိတ်တန် ချိတ်ရတာပါဘဲ။
ကလေးတွေကို အော်မှ ငေါက်မှအဟုတ်ထင်နေသူတွေ စမ်းကြည့်ကြပါ။
ကြီးလာလျှင်လည်း သူတို့ ဘဝကို လေးလေးနက်နက် တွေးထားသူလို့ သူတို
့ကမြင်ထားလျှင် စကားလေး ဆယ်မိနစ် ဆယ့်ငါးမိနစ်ပြောဆို
သွန်သင်လိုက်တာနဲ့  ဂ-ကွေ့ ပြုပြင်တတ်ကြပါတယ်။ သူတို
့ကိုအော်ငေါက်ကြိမ်းမောင်းထားလျှင် တော်ရုံနားမထောင်ချင်ကြပါဘူး။
သတိထားကြည့်ကြပါ။ ပြောလေ ပိုဆိုးလေးဖြစ်တတ်တယ်။
ဒီကိစ္စက
အမျိုးတွေ မိတ်ဆွေမိသားစုတွေကြားမှာ သူတို့ သားသမီးတွေကို
ပြောဆိုမရလျှင် ကျနော်ကို ပြောခိုင်းတတ်ကြတာ မကြာခဏပါ ။ ဥပမာ
ကျနော့်အမ ညီမ ဆရာဝန်တွေဘဲ။ သားသမီးတွေကလဲ ပညာတတ်တွေ။ တချို
့ကိစ္စလေးတွေမှာမိဘပြောလျှင် နားမထောင်ကြဘူး။ ဒီတော့ ကိုကို
(ကျနော်ကို တမျိုးလုံးက ကိုကို ဟုဘဲခေါ်ပါသည်)။
ကိုကိုပြောပေးပါဦး။ ကျနော်ပြောလိုက်တော့လဲ ဂ -ငယ်ကွေ့ ပြင်သွားကြတယ်။
တလောက စင်ကာပူဝင်ရင်း တူတွေနဲ့ ဆုံပြီး မင်းတို့ ကွာ မင်းတို့ မိဘတွေက
အရာရှိကြီးတွေ ပြောတာနားမထောင်ကြဘူး။ ငါပြောတော့ လဲနားထောင်တယ်ဆိုတော့
တူတစ်ယောက်က ပါပါကြီးပြောတာက နာခံသာတယ်တဲ့။
တူတစ်ယောက်က
အရွှမ်းဖေါက်တတ်တယ်။ ပါပါကြီး ပါပါကြီးဒေါ်လာလိုရင် သားကိုပြော
သားနဲနဲဆိုးပေးလိုက်ရင် မေမေက ပါပါကြီးပါးကိုနမ်းပြီး အင်္ကျီင်္အိပ်ထဲ
ဒေါ်လာ ၁၅ဝ - ၂ဝဝ ထဲ့ပေးတတ်တာ ကျနော်သိတာပေါ့ ။ လူငယ်တွေသူတို့ 
ခံစားချက် ဘဝကိုနားလည်ဖို့ အရင်ကြိုးစားမှသာ ကိုယ်ဖြစ်စေလိုတာ
ဖြစ်လာပါမည်။
ကျနော့်ကျောင်းမှာ ကလေးတွေကို မနက် ၈.၃ဝ မှာ
ပုံပြင်တိုတိုလေး ဖတ်ပြရပါတယ်။ ကလေးစာအုပ်က တမျက်နှာလုံး
အရောင်ကွဲပြားတဲ့ ပုံကြီးတွေနဲ့ စာအုပ်။ သိုးကလေးအကြောင်းဆို
သိုးသံလေးလုပ်ပြရတယ်။ အဲဒီအချိန်မှာ မာမီ ဒယ်ဒီဆိုတဲ့ စာသားပါလာရင်
မပြောရပါဘူး။ တချို့ ကလေးက မာမီဆိုတာကြားလိုက်တာနဲ့ 
ထငိုတတ်တာကရှိသေး ။ မာသားလို့ ပြော်ရတယ်။
စာဖတ်စဉ်
သိုးလေးအကြောင်းဖတ်လျင် သိုးအသံလေးတွေ ကိုယ်ကလဲလုပ်ပြ သူတို
့ကိုလဲ ဆိုခိုင်းပေါ့။ ၅-မိနစ် ၁ဝ- မိနစ်လောက်ဘဲ ဖတ်ရပါတယ်။
ပြီးအရုပ်လေးတွေ ထုတ်ပြ ဇါတ်လမ်းလေးတွေလုပ် သီချင်းလေးတွေဆိုပြ ။
ဒါလဲ ၅ / ၁ဝ မိနစ်ထက်မပိုရပါဘူး။
ပြီးသီချင်းလေးတွေဆိုပေးပါတယ်။
သူတို့ ဆိုတတ်တာ ကြိုက်တတ်တာလေးတွေ ဆိုပြီး တစ်ဦးချင်းနာမည်ခေါ်
လက်ဆေးသင်ပေးရပါတယ်။ လက်ဆေးပြီးရင် နံနက်စာကျွေးရပါတယ်။ ကျနော်တို
့ကျောင်းမှာတော့ နွားနို့နဲ့ ပေါင်မုန့်ကို ယို သို့မဟုတ်
Vegemite ဆိုတဲ့ အော်ဇီအစာပါ။ အသီးအရွက်ကနေ ထုတ်ထားတဲ့ ငံသောအနစ်ပါ
ညိုညိုပါ။ ပုန်းရည်ကြီးငံငံ သဘောပါဘဲ ။ ကလေးတွေကကြိုက်တတ်ကြတယ်။ သူတို
့ဟာသူတို့ စားကြတာများပါတယ်။ ပြီးလျှင် ပန်းသီး လမ္မော်သီး သခွားသီး
ခရမ်းချဉ်းသီးတွေ ဆက်ကျွေးပါတယ်။
Cheese ကတော့
တော်တော်လေးကျွေးပါတယ်။ ဆရာ ဆရာမတွေကလဲ ကလေးတွေနဲ့ အတူ
ထိုင်စားပြရပါတယ်။ ကျနော်မှာက တစ်ဒုက္ခ။ သူတို့ အစာတွေတစ်ခုကိုမှ
ကျနော်မစားတတ်ပါ။ တဲ့လဲမတဲ့ဘူး။ ပန်းသီး သခွားသီးလောက်ဘဲ စားပြရပါတယ်။
ပြီးကလေးတွေကို ကစားကွင်းထဲခေါ်ထုတ်ရတယ်။ သူတို့ ဆီမှာ သဲကစားကွင်း
sand pit ကတော့ မပါလို့ မရဘူး။ လေးဘက်သွားစကလေးကနေ ပြေးလွှားနိုင်သူအထိ
သဲကွင်းကိုမက်ကြတယ်။ သဲကိုနဲနဲလေး စိုအောင်လုပ်ထားပြီး sand
castle, sand moulding အရုပ်ပုံလေးတွေလောင်း ပြရပါတယ်။
ထမင်းချက်တမ်းကစား။ ကျနော်တို့ ကိုယ်တိုင်ကလေးတွေ ပုံစံနဲ
့ဝင်ကစားရပါတယ်။ ထိုင်ကြည့်နေရုံမရဘူး။
သူတို့ နဲ့ 
သူငယ်ချင်းပုံစံ အတူကစားနေရပါတယ်။ ဘောလုံးပုတ်တမ်း
ပြေးတမ်းလိုက်တမ်း တူ့ တူပုန်းတမ်း။ တူရိယာတွေရှိတယ် တီးခတ် မှုတ်
သီချင်းဆို အတူတူလုပ်နေရပါတယ်။
ပန်းချီဆွဲတာ play dough ဂျုံမှုန့် နဲ့ လုပ်ထားတဲ့ ရွှံ့ သဘော အရုပ်လုပ်တမ်းကစားတာ အစုံလုပ်ပြကြရပါတယ်။
အဲဒီမှာ ကလေးဗဟိုပြု ပညာရေးကစတယ်။ ကျနော်တို့ ဆီမှာ ကစားစရာတွေကို
သီတင်းတပတ်လောက် ထုတ်ပေးတယ်။ အဲဒါလဲနေ့တိုင်း မထပ်စေရဘူး။
တပတ်ပြည့်လျှင် အဲဒီကစားစရာ အစုကို တစ်လ၊ နှစ်လ လောက်
ထုပ်ပိုးသိမ်းထားလိုက်ပြီ။ နောက်တစ်ကြိမ်ထပ်ထုတ်ပေးတော့ သူတို
့အတွက် အသစ်လိုဖြစ်နေတော့ စိတ်ဝင်စားမှုပိုကောင်းတယ်။
ကလေးဗဟိုပြုဆိုတာ အဲဒီတပတ်စာထဲက သူတို့ ကြိုက်တာကို
သေသေချာချာကြည့်ထားပြီး မှတ်တမ်းရေးထား နောက်နေ့ အတွက်
စီမံချက်ကြိုရေးထား ကိုထုတ်ပေးရတာ။ မိုက်ကယ် က ဘယ်လိုကစားနည်းကို
စိတ်ဝင်စားတယ်။ ဂျူလီယာ က ဘယ်အရုပ်ကိုမှ ဘယ်လိုကစားတယ်။ နောက်နေ့ မှာ
အဲဒီအရုပ်ကို အဝတ်အစား ဝတ်ပေးတဲ့အထိ တိုးတက်လုပ်လာအောင်
ဘယ်လိုစီမံထားမယ်။ စီမံချက်ရေး ရေးထားတဲ့အတိုင်း ထုတ်ပေးရတာကို
ကလေးဗဟိုပြုပညာရေးပါဘဲ။
အဲဒီလို ကလေးဗဟိုပြုပညာရေးစီမံချက်က
ကျနော်တို့ဆီမှာ အသက် ၂ -စ်အောက်ကလေးတွေဆိုလျင် ကလေး ၄ -ယောက်ကို ဆရာမ
တစ်ယောက်အချိုး ထားရှိပါတယ်။ အသက် ၂ -နစ်နင့် ၄ နစ်ကြားကို ကလေး ၈
-ယောက်ကိုဆရာမ တစ်ယောက်။ အသက် ၄ နင့် ၆ ကြားကို ကလေး ၁ဝ ယောက်ကို ဆရာမ
တစ်ယောက်နုံး သတ်မှတ်ထားပါတယ် ။
အကြီးတန်းကျတော့ သူတို ကြိုက်တာ
ရွေးခိုင်းပြီး ချပေးတာ။ မူကြိုတန်းကျတော့ သူတို့ ဘာသာ ကစားချင်ဆာကို
ဆရာမကိုတင်ပြပြီး ကိုယ်တိုင်ရွေးထုတ် ကစားရပါတယ်။ ပြီး
တစ်ခုကိုသိမ်းပြီမှ နောက်တစ်ခုကိုထုတ်ရပါတယ်။
ကစားပြီးရင်နေရာတကျပြန်သိမ်း။ နေရာတကျသိမ်းပြီးမှ နောက်တစ်ခု
ပြန်ယူလို့ ရတယ် ။ ကစားစရာကို သူ့ သတ်မှတ်နေရာမှာဘဲ
ကစားခွင့်ပေးထားတယ်။
ဥပမာ ရထားတွဲကစားလျှင် တစ်နေရာ။ ထမင်း ဟင်းချက်လျှင် တစ်နေရာ။
၁၁.၃ဝ ထိုးတာနဲ့  နေ့ လည်စာကျွေးပါတယ်။ မကျွေးခင် ၁၅-မိနစ်ခန့် 
ပုံပြင်ဖတ်ပြ သီချင်းဆိုပြရပါတယ်။ အဲဒီအချိန်မှာ ဘယ်ကလေးက
ပုံပြင်ကို ပြီးတဲ့အချိန်အထိ နားစိုက်ထောင်တယ်။ ဘယ်သူက တဝက်နဲ့ 
မငြိမ်တော့ဘူးတွေ မှတ်ရပါတယ်။
ပြီးနေ့ လည်စာကျွေးပါတယ်။
နေ
့လည်စာကျွေးပြီးရင် နေ့ခင်းအိပ်ချိန် သိပ်ရပါတယ်။ အဲဒီမှာ
ကလေးအကျောမသိရင် အကြာကြီးပုတ်သိပ်နေလဲ မအိပ်သူက မအိပ်ဘူး ။ ကလေး
အကျောသိအောင် ကြည့်ထားရင် ခနလေးနဲ့ အိပ်ပါတယ်။ ဆရာမတွေ သိပ်လို
့မရသူတွေကို ကျနော်သိပ်ပေးလျင် ၂ မိနစ်လောက် ၅ မိနစ်ဆိုအိပ်ပြီ။
အဲဒီလိုအိပ်ချိန်ကျတော့ ဆရာမတွေ အကွန် မတက်ရဲဘူး။ ကလေးအကျောဘယ်လို
ကြည့်ရမယ်ဆိုတာ ကျနော် သိတာ မမျှခဲ့ဘူး။ မျှလဲ နားထောင်မှာမဟုတ်ဘူး။
ဘဝင်တွေ။
ဆူတတ်ငေါက်တတ် စိတ်တိုတတ်သူဆို တချို့ ကလေးက
မယုံစားတော့ တော်တော်နဲ့ မအိပ်ဘူး။ တချို့ ဆို လုံးဝမအိပ်တာ။ ကျနော်က
ဘေးကပ်ထိုင်လိုက်တာနဲ့  သူ့ ဟာသူအိပ်သွားကြတာ။ သူတို့ သိပ်လို
့အိပ်လျှင်တောင် ခနနေ နိုးတော့တာ။
စိတ်မချစိတ်
မလုံခြုံတဲ့စိတ်က ကလေးဘဝတွေမှာကို ရှိနေပြီ။ တချို့ ဆို အိမ်မှာလဲနေ
့ခင်းဘက် မအိပ်ဘူး။ မိဘသိပ်လဲမအိပ်ဘူး။ တခြားဘယ်သူသိပ်သိပ်မအိပ်ဘူး။
ကျနော်ဘေးက အသာလေးထိုင်ပေးတာနဲ့  အိပ်တယ်။ ကျနော့်ကိုသူတို့ ရဲ
့သူငယ်ချင်းအဖြစ်မြင်ထားတာလေ။ သူတို့ ကိုငေါက်ထားဖူးတာ ရှိလျင်
မအိပ်တော့ဘူး။ အိပ်နေချိန်သူတို့ ကိုထားခဲ့ပြီး
အပြင်ထွက်သွားဖူးတာမျိုးလဲ စိတ်ကရှိနေတတ်တယ်။
တစ်ခါမှာတော့
တရုတ်မလေး။ ရှစ်လအရွယ်လာအပ်တယ်။ အမေကကျောင်းမှာ တလလောက် အတူတူ နေနေတယ်။
နေ့ လယ်ကလေးသိပ်ခါးနီးတိုင်း ပြန်ခေါ်သွားတယ်။ တလလောက်နေတော့
တစ်နေကုန်အပ်ထားခဲ့ပြီ။ ကလေးက ကျနော့်ကိုကပ်တော့ သူတို့ ကလဲသိနေတော့
ကျနော့်တာဝန်ပေါ့။
အိပ်ချိန်ကျတော့ လူပေါ်ဘဲအိပ်တာ။ ချတာနဲ့ နိုးပြီ။
ဒီတော့ အိပ်တာနဲ့  ကုတင်ပေါ်တင် လက်ဖဝါးနစ်ဖက်နဲ့  ကျောနဲ့ ရင်ကို
သာသာလေးညှပ်ဖိပေးထားပြီး တဖြေးဖြေးချင်း အသာ လွှတ်ပေးထားတော့ အိပ်သွားတယ်။
သိလိုက်ပြီ။ ဒါနဲ့  ဗွီဒီယို နင့် ဓါတ်ပုံရိုက်ထားလိုက်တယ်။
ခနနေတော့ အမေက ဖုံးဆက်လာတယ်။ သူ့ သမီးအိပ်ပြီလားပေါ့ ။ အိပ်ပြီ ။
ဘယ်မှာသိပ်လဲ။ ကုတင်ပေါ်မှာဆိုတော့ ရှင် တကယ်လားပေါ့ ။
ချက်ချင်းပြေးချလာတယ် ။ ပြီးမှ သူသမီးကမွေးကထည်းက လူကြီးပေါ်မှာဘဲ
အိပ်တာ ။ ဒါ ပထမဦးဆုံးအကြိမ် ကုတင်ပေါ်အိပ်တာပါပေါ့ ၊
မယုံနိုင်ဖြစ်နေရှာတယ်။ ကလေးရဲ့ အမေကို ဘယ်လိုသိပ်ရတယ်
ရှင်းပြရတာပေါ့။ ကျေးဇူးတင်လွန်းလို့  မျက်ရည်တောင်ကျရှာတယ်။
ပျော်လဲပျော်သွားရှာတယ် ကျေနပ်သွားတယ်။
ဘာပြောကောင်းမလဲ
သူစကားဖြန့် တာနဲ့  နောက်ထပ် တရုတ်ကောင်လေးတစ်ယောက် ထပ်ရောက်လာပါသေးတယ်။
ဒီပုံစံပါဘဲ။ အော်မိဘမေတ္တာ တယ်ကြီးမားရှာတာပါဘဲ။
နောက်တခုကတော့ မနာလိုစိတ် Jealousy စိတ်။ အဲဒါကအိမ်မှာ
အငယ်ရှိလာပြီးသူ့ ကိုအလေးမထားတော့လျှင် စိတ်ခံစားလာတတ်တာ။ အဲဒါကိုတော့
အငယ်လေးကို သူများက ယူသွားမယ် မင်းစောင့်ပေး။ မင်းမရှိရင်
အငယ်လေးကငိုတယ်။ တခါတလေ သူ့ ကိုနို့ တိုက်ခိုင်းတာမျိုး။
အဲဒီလိုပြုပြင်ယူရတယ်။
ဒီကလေးအငယ်ရှိလာလို့ သူ့ ကိုဂရုမစိုက်တာအတွက် စိတ်ဓါတ်ကျတဲ့ သဘောဆန်ဆန်ဖြစ်တာကို ပေါ့ပေါ့ထားလို့ မရဘူး။
သူငယ်ချင်းအချင်းချင်းလဲ မနာလိုတတ်တာရှိရင် ကုပ်တာဖဲ့တာ
ကိုက်တာလုပ်တတ်တယ်။ အဲဒါမျိုးကတော့ အကောင်းဆုံးက
ပြေးတမ်းလို်က်တမ်းအတူတူ ကစားပေးရင် ဘော်ဒါလိုပြန်ရင်းနှီးသွားပါတယ်။
ကိုက်တတ်သူကို ဒီနည်းက ကိုက်တတ်တဲ့အကျင့်ကို
မြန်မြန်ပျောက်စေပါတယ်။ ဒီကိုက်တတ်သူက သူရဲကောင်းပုံစံနဲ့ 
သူကလိုက်သူကို ရင်ဆိုင်ရဲတယ်။ ဆရာကြီးလုပ်တတ်ပြီး ကိုက်တတ်တာလေး
မေ့သွားတတ်တယ်။
ဒီဆိုးတဲ့ စွာတဲ့ကလေးတွေကလဲ
ကျနော့်ကိုပိုခင်တွယ် ပိုကပ်တယ်။ ကိုက်လိုက်ပြီဆို ကျနော်မှာ
အစီရင်စာခံဖေါင် ဖြည့်ရပြန်ပြီ။ ညနေမိဘကိုလက်မှတ်ထိုးခိုင်း
ကျေနပ်အောင်ပြောရ တာဝန်ပိုတယ် ။ ဆရာမတွေက ဘီလီ မင်းကောင်
ကိုက်ပြန်ပြီ။ ကုတ်လို်က်ပြန်ပြီ။ ကျနော်ကလဲ ကျနော်ကောင်မဟုတ်ဘူး။
အားလုံးရဲ့ ကလေးပါပေါ့။
အတန်းနဲနဲကြီးလာချိန်မှာ
အဲဒီကိုက်တတ်သူတွေကို မိန်းခလေးတွေက ပိုခင်တွယ်တတ်ကြတယ်။ သူတို့က
ယောက်ျားစိတ်ပိုရှိတဲ့ပုံ။ ဝိုင်းဝိုင်းလည် ။ သတ္တိလဲပိုရှိတတ်ကြတယ်။
နောက်တခုကတော့ ကျောင်းသင်ရိုးညွှန်းတမ်းမှာ
ကလေးငိုသံအမျိုးမျိုးကိုနားလည်ဖို့  သင်ပေးတယ်။ နို့ ဆာရင်ဘယ်လိုအသံ
သေးစိုနေရင်ဘယ်လိုအသံ။ စိတ်တိုလျှင် ဘယ်လိုအသံပေါ့။
တခါသင်ထားဘူးရင် သိလာတယ်။
အဲဒီမှာ မသင်ထားတဲ့အသံတွေကို
ကျနော်ကသတိထားမိလာတာရှိတယ်။ ကလေးတစ်ယောက်က စငိုစမှာကို
အသံကိုဖြဲငိုတတ်တာရှိတယ်။ ဂါး ဂါး အစအသံကိုမြင့်ထားတယ်။ အဲဒီကလေး
ဒေါသကြီးမယ်။ ကိုက်မယ် ကျနော်ကြိုပြောနိုင်ပြီ။
တချို့ကလေးက
စငိုတာ တိုးတိုးနောက်မှ အသံကျယ်ဆွဲငိုတတ်တယ်။ ငှဲငှဲတိုးတိုးပြီးမှ
အား။ တဖြေးဖြေးအသံဆွဲငိုတာ။ အဲဒီကလေး ကြောက်တတ်တယ်။ နဲနဲလဲ
ခြောက်တယ် ။
နောက်ကျနော်လေ့လာခဲ့တာပေါ့။ ခုနက အသံအစမှာ ဂါး
ဂါးစအော်တတ်သူတွေက ဝှေးစေ့ကြီးတယ်။ လူဆိုးတွေ ။ လူကြီးကိုတောင်
ပြန်ကိုက်တတ်တယ်။ စိတ်တိုလာရင်ကော့ထိုးတတ်တယ် ။ မျက်နှမိရင်
မျက်နာကုပ်ဆွဲတတ်သူတွေ။
အသံတိုးတိုးနဲ့ စတတ်သူတွေက ဝှေးစေ့
သေးသေးလေးတွေ ။ တစ်ချို့ ဆိုလျှင် ဝှေးစေ့က ရှိတောင်မရှိရှာဘူး။
အပြင်ဗန်းကြည့်လျှင် လူလိမ်မာလေးတွေပေါ့။ ထားသလိုနေတယ် ။
နားထောင်တတ်တယ် ။ ရန်မဖြစ်တတ်ဘူး။ ဟိုကောင်တွေကတော့
ထစ်ဆိုလုပ်ပြီးပြီ။ ရိုက်ပြီးပြီ ။ ကိုက်ပြီးပြီ။ ကျနော်က
ကလေးငယ်ငယ်လေးကထဲက ဒီကောင်ကိုက်မဲ့သူ။ ဒီကောင် လိမ္မာမဲ့သူပေါ့။
ကြီးလာတော့ မှန်နေတယ်။ ဆရာမတွေက ရှင်ဘယ်လိုလုပ်ကြိုသိတာလဲပေါ့။
ပြောရခက်နေတယ် ။ အသံကိုတော့ ပြောပြလို့ ရတယ်။
ဝှေးစေ့ကြည့်ထားတာပြောပြရင် ကျနော်ပြသနာတက်မယ်။ မပြောခဲ့ဘူး..
မိမိသားယောက်ျားလေးတွေမှာ ဝှေးစေ့ကို သေသေခြာခြာစစ်ကြည့်ကြပါ။
သံသယရှိလျှင် ဆရာဝန်နဲ့  ကြိုတိုင်ပင်စေချင်ပါတယ်။ ပြောသာပြောရတာ
ဆရာဝန်အများစုက ကျနော့်အယူအဆကို လက်ခံကြပါ့မလား။
သင်ရိုးညွှန်းတမ်းစာအုပ်တွေထဲမှာမှ မပါသေးတာ။
ဒါနဲ့  ဆက်စပ်ပေါ့ ။
ကျနော်ရန်ကုန်ပြန်ရောက်စတထည်းက သူငယ်ချင်းဆရာဝန်နှစ်ယောက်က ဘီလီ
မင်းအခုယောက်ျားတွေ အသက်နဲနဲရလာရင်ကို သွေးသားကိစ္စအားနည်းနေကြတယ် ။
မင်းအဲဒါကုတတ်ရင် တစ်ယောက် ၂ -သိန်းလဲ လာကြမယ။ ၅-သိန်းလဲလာကြမယ်ပေါ့ ။
အဲဒီကိစ္စ ပြသနာ ကျနော့်အမြင်လေးဆွေးနွေးပါဦးမယ်။ အမြင်ပါ။
(ဆောင်းပါးသီးသန့် ရေးပါမည်)
ကလေးတွေမှာ ငယ်ငယ်လေးကထည်းက
မိန်းမလျာစိတ် ရှိနေတတ်တာလေးတွေ အကြောင်းလဲရေးပါဦးမည်။
စောစောသတိထားနိုင်ရင် မိမိသားယောက်ျားလေးတွေ မိန်းမလျာဖြစ်သွားခြင်းမှ
ကာကွယ်နိုင်ကောင်း၏ လို့ယူဆမိလို့ ပါ။
အခု ကျနော် ဆစ်ဒနီပြန်ရောက်တော့ ကျနော့်အလုပ်ကိုသွာလည်ခဲ့ပါတယ်။ စိတ်မကောင်းတာက
(၁) ကလေးကစားကွင်းသန့် ရှင်းရေး အလွန်ညံ့နေပါသည်။ ကျနော်လို
အပင်ပန်းခံရှင်းမဲ့သူမရှိတော့ ကလေးတွေ အညစ်အကြေးတွေအပေါ် လေးဘက်ထောက်
သွားနေတာမြင်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ဆရာမတွေ ကိုယ့်သားသမိးဆို
ဒီလိုထားပါ့မလား အတွေးပေါ်လာတော့၏။
(၂) ကျနော့်ဘော်ဒါ
ဆရာမတစ်ယောက်က ဘီလီ မင်းမရှိတော့ ဆိုးတဲ့ကလေးတွေ သိပ်မရှိဘူး။ အော်
ကျနော်က ဆိုးအောင် ပြန်အာခံရဲအောင်သင်ပေးတာကို ဆိုလိုပါသည်။
ကျနော်က ငယ်ငယ်ကထဲက ပထမဆုံးသင်ပေးတဲ့ စကားက နိုး (NO)
ကိုသင်ပေးတာကို ဆရာမတချို့ ကမကြိုက်ကြတာပါ။ ကျနော်က လူမှန်လျင်
နိုးပြောရဲရမည် လို့ လက်ခံထားသူ။
( ၃ ) ကလေးတွေ ပျော်ရွှင်ပြီး
ကီး ၊ အား ၊ ဟီးဟား အော်သံတွေ တိတ်ဆိတ် နေပါတော့သည်။ ကျနော်ရှိစဉ်က
ဆူညံ့နေတတ်လို့  တခြားအခန်းက အသံတွေထိမ်းပေးဖို့  လာပြောတတ်ကြသည်။
အခုငိုသံတွေ လွှမ်းနေပါတော့သည်။ ကျနော်ကလေးကျောင်းမှာ အလုပ်ပြန် မဝင်ဖြစ်တော့ပါ။
ဆက်လက်ဖော်ပြပါမည်.
အားလုံးကိုလေးစားလျှက်ဒေါက်တာလှိုင်မြင့်
ကလေးပြုစုပျိုးထောင်ရေး ပညာရပ် (အပိုင်း ၁) ပြန်ဖတ်လိုလျှင်
http://www.demowaiyan.org/2013/06/blog-post_6644.html