ကုလ အတွင်းရေးမှူးချုပ် လာမည့်သောကြာနေ့ မြန်မာပြည် သွားမည်။VOA သတင်း။

30 June 2009 |
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲတိုးတက်မှုတွေ ရှိလာဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ လာမယ့် သောကြာနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးစားသွားမယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဘက်က ဘယ်လို မျှော်လင့်ထားတယ်၊ ဒီမျှော်လင့်ချက်တွေကရော ဘယ်လောက်အထိ ဖြစ်နိုင်မလဲဆိုတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံကို အခု ဇူလိုင် ၃ ရက်နဲ့ ၄ ရက်မှာ သွားရောက်မယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ဒီကနေ့ပဲ အတည်ပြု ပြောလိုက်တာပါ။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ အချိန်အတော်ကြာကတည်းက စိုးရိမ်ပူပန်နေတဲ့ ကိစ္စရပ်တွေကို မြန်မာ အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် တွေ့ဆုံဖြေရှင်းနိုင်ဖို့ အတွင်းရေးမှူးချုပ် အနေနဲ့ မျှော်လင့်ထားတယ်လို့ ပြောခွင့်ရသူ မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က ပြောပါတယ်။
မြန်မာနိုင်ငံ အနာဂတ်အတွက်တော့ မဖြေရှင်းလို့ မဖြစ်တဲ့ အချက် ၃ ချက် ရှိတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယူဆထားတယ်လို့ ဆိုပါတယ်။
“အနာဂတ်အတွက် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့ လမ်းဆုံလမ်းခွမှာ မဖြေရှင်းဘဲ ထားခဲ့လို့ မဖြစ်တဲ့ အရေးကြီးဆုံး အချက် ၃ ခု ရှိတယ်လို့ အတွင်းရေးမှူးချုပ်က ယူဆပါတယ်။ ဒါတွေကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မရှိမဖြစ် အစိတ်အပိုင်းတရပ် အနေနဲ့ အစိုးရနဲ့ အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စဖို့နဲ့ အများလက်ခံ ယုံကြည်တဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်မယ့် အခြေအနေကောင်းတွေ ဖန်တီးဖို့ ဆိုတာတွေပါ။”
မြန်မာနိုင်ငံက မကြာခင်က ပြန်ရောက်လာတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီ (Mr. Gambari) ဟာ ဒီမနက်ပိုင်းမှာ သူ့ခရီးစဉ်ရလဒ်ကို အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံရှင်းပြပြီးတဲ့နောက်မှ အတွင်းရေးမှူးချုပ်အနေနဲ့ ဒီမနက်ပိုင်းကြမှ မြန်မာနိုင်ငံကိုသွားဖို့ တရားဝင် ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ အရင်ကတော့ သူ့အနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး သွားရောက်ဖို့ စီစဉ်နေတယ်၊ ဒါပေမယ့် သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါကို ရွေးနေတယ်လို့ ဆိုထားပါတယ်။ အခု ဂျပန်နိုင်ငံ ခရီးစဉ်ကအပြန် မြန်မာနိုင်ငံကို ၀င်ရောက်မှာ ဖြစ်ပါတယ်။ အပြည့်အစုံဖတ်ရန်VOA သတင်းဋ္ဌာနသို့
ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး ဖြစ်တဲ့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် တို့၏ အယူခံ ဗဟိုတရားရုံးမှ ပယ်ချ။....။

လူထု တရပ်လုံး အတွက် အမှန်တကယ် စတေးခံနေတဲ့ အကောင်းဆုံး မြေသြဇာအဖွဲ့ ။....။
ံHeal The World.
၂၇ နေ့လက်ရှိ နောက်ဆုံးရ သတင်း။

ဆက်ရပ်သတင်း။....။
မစ္စတာဂမ်ဘာရီ ဒေါ်စုနဲ့ မတွေ့ဆုံ ခဲ့ရဘူးလို့ နောက်ဆုံးသိရှိရပါတယ်။
NLD ဥက္ကဋ္ဌ အဘ ဦးအောင်ရွှေ ကျန်းမာရေး သိပ်မကောင်းပါ။ ရုံးမတက်နိုင်တာ တလရှိပြီလို့ သိရှိရပါတယ်။အသက် ၉၁နှစ်ရှိပါပြီ။
ဒေါ်စုရဲ့ သက်သေ တဦးဖြစ်တဲ့ NLD တောင်ကြီးမြို့နယ် စည်းရုံးရေး အဖွဲဝင် ဥပဒေ ပညာရှင် ရဲ့နာမည်ဟာ ဒေါ်ခင်မိုးမိုးဖြစ်ပါတယ်။ ဒေါ်ခင်မို့မို့မဟုတ်ပါ။ တချို့သတင်းဋ္ဌာန တွေမှာ မှားဖော်ပြနေလို့ပါ။.....။
မြန်မာပြည်မှာ ဝက်တုပ်ကွေး စဖြစ်ပြီ။.....။
ယနေ့ည မြန်မာ့ရုပ်မြင်သံကြား မှာ ဝက်တုပ်ကွေး ကူးစက်ရောဂါပိုး စတင်တွေ့ရှိကြောင်း ကြေငြာသွားပါတယ် ။စင်ကာပူအလည် သွားပြီး ပြန်လာတဲ့ ၁၃နှစ်အရွယ် ကျောင်းသူတဦး ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး သီးသန့် လူနာခန်းမှာ ထားရှိပြီး ကုသလျှက်ရှိကြောင်း ကြေငြာသွားပါတယ်။
သတင်း။....။ဒီမိုဝေယံ
၂၆ရက်နေ့ နေ့လည် သတင်းများ။...။
ဒေါ်အောင်ဆန်းစုကြည် ရဲချုပ်ခင်ရီ သတင်းစာရှင်းလင်းပွဲ ကိစ္စနားမလည် နိုင်ကြောင်းပြောဆို။...။
ဒေါ်အောင်ဆန်းစုကြည် ရဲချုပ်ခင်ရီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တဲ့ကိစ္စအပေါ် သူတို့(သတင်းစာရှင်းလင်းပွဲ ) ဘာကြောင့် လုပ်တယ်ဆိုတာ နားမလည် နိုင်ကြောင်း ယနေ့ ရှေ့နေများနှင့် ခေတ္တ တွေ့ခွင့် ရစဉ် ပြောဆို လိုက်ပါတယ် ။ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း ကိုလည်း ဒေါ်စု သိခွင့်မရပဲ ယနေ့ရှေ့နေများမှ တဆင့် သိရှိ ရခြင်း ဖြစ်သည်။....။
နောက်ထပ်ရုံးချိန်း ဂျူလိုင်လ ၃ ရက်နေ့ ။.....။
ကုလသမဂ္ဂ အထူးကိုယ်စားလယ် မစ္စတာဂမ်ဘာရီ မြန်မာပြည် ရောက်ပြီ။...။
သတင်း။....။ဒိမိုဝေယံ........
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် A/H1 N1 တုပ်ကွေးရောဂါ ဖြစ်ပွားနေသည်ဟူသော သတင်းများ ယမန်နေ့ကစ၍ ပျံ့နှံ့လျက်ရှိကြောင်း ။
A/H1 N1 တုပ်ကွေးရောဂါ သံသယဖြစ်ဖွယ် ဝေဒနာရှင်တဦးကို တွေ့ရှိရပြီးသည့်နောက် သတင်းစတင်ပေါက်ကြား ရာမှ ပြည်သူများကြား ယင်းသို့ သတင်းများ ပျံ့နှံ့နေခြင်းဖြစ်သည်။
အဆိုပါဝေဒနာရှင်သည် ရန်ကုန်ဆေးရုံကြီး၊ ရောဂါထိန်းချုပ်ရေးသီးသန့် လူနာခန်းတွင် ဇွန် (၂၂) ရက်၌ ဆေးကုသမှု ခံယူခဲ့ကြောင်း ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။
ရောဂါဖြစ်သည်ဟု သံသယဖြစ်ခံရသူမှာ အိန္ဒိယနိုင်ငံသား အမျိုးသားတဦးဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူထားသော ပညာရှင်တဦးဖြစ်ကာ မြန်မာနိုင်ငံသို့ မလာရောက်မီ A/H1 N1 တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသော ထိုင်းနိုင်ငံတွင် ရက်ပိုင်းမျှ နေထိုင်ခဲ့သူဖြစ်ကြောင်း ဇွန်(၂၆) ရက်နေ့စွဲဖြင့် ယနေ့ ကြာသပတေးနေ့တွင် ဖြန့်ချိသည့် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တခုမှ အယ်ဒီတာတဦးကမူ “ကျနော်တို့လည်းကြားတာပဲ။ ဆေးရုံကြီးကို ဖုန်းနဲ့မေးတော့ ဆေးရုံတက်တယ်ဆိုတာ ဟုတ်တယ်တဲ့။ ဆေးရုံက ဆင်းသွားပြီလား၊ မဆင်းသေးဘူးလားဆိုတာ မေးတော့ မပြောတတ်ဘူးလို့ ပြောတယ်ဗျ” ဟု ပြောသည်။
ယင်းသတင်းကြောင့် လူအများကြောက်ရွံ့နေကြပြီး အဆိုပါရောဂါဖြစ်ပွားပါက ကူးစက်မှုနှုန်းမြန်သည်ဟူ၍ ရောဂါလက္ခဏာများအကြောင်း ရေးသားဖော်ပြချက်များကြောင့် တဦးနှင့်တဦး သတင်းများလက်ဆင့်ကမ်း ပြောဆိုနေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းနေ အိမ်ရှင်မတဦးက “ကျမတို့နေတာက ဒဂုံဆိုတော့ ဘာမှမသိရဘူး။ ဘာဖြစ်လို့ဖြစ်နေမှန်း ကို မသိတာ။ ဒါကြောင့် ရန်ကုန်မြို့ထဲမှာ ဆေးခန်းဖွင့်ထားတဲ့ အသိအိမ်ကို သွားမေးရတယ်။ ဒါနဲ့ သူတို့က ပြောတယ်။ ရန်ကုန်မှာ ၀က်တုပ်ကွေးဖြစ်ပြီတဲ့လေ။ ကြားကြားချင်းတော့ လန့်သွားတာပဲ။ အမလေး ကျမတို့အိမ်က ၀က်သားဆိုရင် အလွန်ကြိုက်ပဲ” ဟု ပြောသည်။
ဧရာဝတီ သတင်းဋ္ဌာနမှ ကူးယူဖော်ပြပါသည်။...။
၂၅ရက်နေ့ည ရသတင်းများ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား သား၂ယောက်မှ မိခင်အား လာရောက် တွေ့ဆုံရန် ဆန္ဒ ရှိကြောင်း ကြားသိ ရပါတယ်။ ပြည်ဝင်ခွင့် ဗီဇာ ရရှိပါက တွေဆုံနိုင်ခွင့် ရှိကြောင်း စုံစမ်းသိရှိရပါသည်။ နောက်ဆက်တွဲ သတင်းများ ရရှိပါက ဆက်လက် ဖော်ပြပါမည်။
နောက်တခါ လာပြန်ပြီပဟေ့............။
ကုလသမဂ္ဂ အထူးကိုယ်စားလယ် မစ္စတာဂမ်ဘာရီ မနက်ဖြန် မြန်မာပြည် ရောက်မည်ဟု ကြားသိရပါသည်။...။
အမိန့် မလွန်ဆန်ဝံ့ဘူး........။.....။
မနေ့က ဗဟိုတရားရုံး မှ သက်သေ၂ ဦး အယူခံ ကိုတော့ တပတ် အတွင်း လက်ခံ၊မခံ သိရှိရပါမယ်။မနက်ဖြန် အင်းစိန် မူလတရားရုံး ကတော့ အမှုကို စစ်ဆေးမှာ မဟုတ်ပဲ ရက်ချိန်းရယူ ရမှာဖြစ်ပါတယ်။ ......။
သတင်း။....။ဒီမိုဝေယံ
လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့ ။...။အရေးပေါ် ထုတ်ပြန် ကြေငြာချက်.....
လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့ ။...။အထူးထုတ်ပြန် ကြေငြာချက်.....
ဒေါ်အောင်ဆန်းစုကြည် အမှုရက်ရွှေ့ဆိုင်းရဦးမည်။ (ခေတ်ပြိုင်ဂျာနယ်)...
ဗဟိုတရားရုံးချုပ်သို့ တင်ပြထားသော သက်သေထွက်ဆိုခွင့်အယူခံအတွက် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲ ချက်ကို ယနေ့ကြားနာခဲ့ပြီး တရားရုံးက စီရင်ချက်မချမှတ်သေးသဖြင့် အင်းစိန်တရားခွင် ရုံးချိန်းမှာ အလိုအလျောက် ရွှေ့ဆိုင်းပေးရလိမ့်မည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
“ဒီနေ့ကတော့ နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကိုပဲ ကြားနာသွားပါတယ်။ အစိုးရဘက်က ရှေ့နေတွေ တင်ပြသွားတဲ့ အချက်နှစ်ခုရှိပါတယ်။ အဲဒါက ဦးတင်ဦးဟာ နေအိမ် အကျယ်ချုပ်ချခံ ထားရတဲ့ အတွက် သက်သေ ထွက်ခွင့်မရှိပါဘူးတဲ့။ နောက် ဦးဝင်းတင်ကိုလည်း ပြည်ပမီဒီယာများကို အင်တာဗျူးများ ပေးနေခြင်းကြောင့် အစိုးရကို ဝေဖန်နေသဖြင့် သက်သေထွက်ခွင့် မပြုထိုက်ပါဘူးဆိုတဲ့ သဘောမျိုးတွေ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်း က တရားခွင် လျှောက်လဲချက်များကို ရှင်းပြသည်။အပြည့်အစုံသို့။...။
၇ ဂျူလိုင် အခမ်းအနား ဖိတ်ကြားစာ (ဂျပန်နိုင်ငံ)။.....။
ဒေါ်စုမှ သားနှစ်ယောက်သို့ အမှာစကား။

သတင်း......ဒီမိုဝေယံ။...။
ဗိုလ်မှုးအောင်လင်းထွဋ္ဋ် ဇွန်လ အစီရင်ခံစာ ။...။(ကိုဖိုးတရုတ် website မှကူးယူဖော်ပြပါသည်။)
၂၂ ရက်နေ့ည နောက်ဆုံးရ သတင်းများ ။.....။
ယနေ့ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ၄ဦးမှ တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီး ဦးဥာဏ်ဝင်း မှပြောဆိုပါသည်။ယနေ့နေ့လည် ၃နာရီခွဲမှ ၅နာရီ ခွဲအထိ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံ တွင်တရားဥပဒေ စိုးမိုးမှု မရှိတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ပြောဆိုခဲ့ပါတယ် ။ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ရင် နိုင်ငံထူထောင် လို့မရနိုင်ကြောင်း၊ နိုင်ငံရေး ၊အုပ်ချုပ်ရေး ဘယ်ဟာမှ မအောင်မြင် နိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။...။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပေးသူများအား ဒေါ်စုမှ ပြည်တွင်း၊ပြည်ပမှ ဆုတောင်း မေတ္တာ ပို့သသူများအား တဦးချင်းစီ အကြောင်း မပြန်နိုင်ပေမယ့် ကျေးဇူးတင်ပါကြောင်း မှာကြားလိုက်တယ်လို့ သိရှိရပါတယ် ။......။
ဂျပန်အစိုးရရဲ့ ဒေါ်စု မွေးနေ့သဝဏ်လွှာ ။...။
ပေးပို့ခဲ့ပါတယ်။ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း နှင့်အတူ မြန်မာအစိုးရအားလည်း အမှုကိုရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရန် အမှုစတင်သည်မှ စတင်၍ ယခုအထိ ဆက်တိုက် တောင်းဆိုနေကြောင်း ဖော်ပြပါရှိတယ်လို့ သိရှိရပါတယ် ။...။
သတင်း။....။ဒီမိုဝေယံ.......
ရဟန်း၊သံဃာတော်များအား မကောင်းဆိုးဝါးများက ကြောက်ကြကုန်၏ ။
အခု ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ အကျယ်တ၀င့် ဖော်ပြဖို့ သင့်နေပြီဆိုတာကို ဦးဇင်းတို့ သံဃာ့ကိုယ်စား အထူးမေတ္တာရပ်ခံအပ်ပါသည်။
၎င်းဖြစ်ရပ်မှန်ကို ခရီးသွားနေသော အမည်မဖော်လိုသော ဒုလ္လဘဦးဇင်းကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရသည်ကို တင်ပြရခြင်းဖြစ်ပါသည်။ အခုသတင်းဟာ လုပ်ဇာတ်မဟုတ်ပါဘူး၊ မယုံဘူးဆိုလို့ရှိရင် ဒေသခံဆရာတော် သံဃာတော်တို့အား ယခုအခါ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
Mail ထဲကအတိုင်း ဖော်ပြလိုက်ပါတယ်။....။
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် မှ အရှင်သောပါက၏ ဒေါ်စုမွေးနေ့ ရောမမြို့ခရီးစဉ်။....။
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် မှ အရှင်သောပါက၏ ဒေါ်စုမွေးနေ့ ရောမမြို့ ဆုတောင်းပွဲ။
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် မှ အရှင်သောပါက၏ ဒေါ်စုမွေးနေ့ ရောမမြို့ ဆုတောင်းပွဲ။
ဒီမိုဝေယံ။...။
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ။...။

ဒေါ်စု ဓာတ်ပုံတွေ တစုတစည်း ထဲရှိတဲ့ နေရာလေးပါ။ လိုသလို သုံးနိုင်ပါတယ်။..။ click
ပေးပို့လာသူ ကိုစိုးနိုင်အား ကျေးဇူးတင်ပါသည်။
ခေတ်သစ် နိုင်ငံရေး ပုဒ်မ (ခ)၊အမြင်ကပ်ပုဒ်မ၊
သတင်း။....။ ဒီမိုဝေယံ။
သောကြာနေ့ည နောက်ဆုံးရ သတင်းများ။.....
အမုန်းချိန်း ။...။
ဒီကနေ့ ဗဟိုတရားရုံး NOTICE BOARD မှာ ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး အတွက် ဗဟိုတရားရုံးမှာ နှစ်ဘက်ရှေ့နေများ လျှောက်လဲရမည့် ရက်ချိန်း ကို လာမည့် ၂၄ ရက် ဗုဒ္ဓဟူးနေ့သို့ ရက်ချိန်း ပေးထားကြောင်း သိရှိရပါတယ်။
သတင်း။...။ဒီမိုဝေယံ.......
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲ အခမ်းအနား။
သတင်း...။ဒီမိုဝေယံ......
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲ ဓာတ်ပုံ မှတ်တမ်း။...။
ဒေါ်အောင်ဆန်းစုကြည် (၆၄)နှစ်ပြည့် မွေးနေ့ အင်းစိန်ထောင် လုံခြုံရေး ဝန်ထမ်းများအား ဒေါ်စုကိုယ်တိုင် အလှု ဒါနပြုခွင့် ရမည်။

သတင်း။...။ဒီမိုဝေယံ......
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးဆု ပေးအပ်မည်။..။

သတင်း။...။ဦးသောင်းမြင့်ဦး အတွင်းရေးမှုး NLD(LA)JB
................ဒီမိုဝေယံ
မနက်ဖြန် မှာပြုလုပ်မဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံး အစီအစဉ်များ။....။

အခမ်းအနား အစီစဉ် တွေကတော့ ........
၁...မနက် ၅း၃၀ မှာ သံဃာတော်များအား မွေးနေ့ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပါမယ်။
၂....၁၀နာရီမှာ ငြိမ်းချမ်းရေးကို ရည်စူးပြီး ငြိမ်းချမ်းရေး ဂျိးဖြူများ လွှတ်ပါမယ်။
၃... ဆုမဲ ကျပ်ငွေ ၂၀၀၀၀ ပါတဲ့ မွေးနေ့ မိုးပျံဗူဘောင်း များလွှတ်တင်ပြီး ကံထူးရှင်ဟာ အဖွဲ့ချုပ်ရုံးမှာ လာရောက် ထုတ်ယူနိုင်ပါတယ်။
၎...နေ့လည် ၁နာရီမှာ ရန်ကုန်တိုင်း NLD မိသားစုများရဲ. ပညာရေး ထောက်ပံကြေး ပေးအပ်ပွဲ ပြုလုပ်မှာဖြစ်ကြောင်း သတင်းရရှိပါတယ် ။.....။
သတင်း။.....ဒီမိုဝေယံ...
တို့အိမ် ။....။
မစ္စတာဘန်ကီမွန်း ဇူလိုင်မှာ မြန်မာပြည်သွားဖို့ မျှော်လင့်။

သူ မြန်မာပြည်ကို သွားချင်တဲ့အကြောင်းကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး မြန်မာ စစ်အစိုးရကို တိုက်တွန်းဖို့ပဲလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး နောက်ပိုင်း မစ္စတာ ဘန်ကီမွန်းက ဒုက္ခသည်တွေရဲ့  အခြေအနေတွေကို ကြည့်ရှု အားပေးတဲ့ အနေနဲ့ မြန်မာပြည်ကို တကြိမ်ရောက်ခဲ့ ပြီးပါပြီ။
VOA သတင်းဋ္ဌာန မှကူးယူ ဖော်ပြပါသည်။...။
ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့သဝဏ်လွှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ အထွေထွေ အတွင်းရေးမှုး မစ္စတာ Yoshinori Suematsu....
"We will never give up hope"
Birthday message from AIPMC to Daw Aung San Suu Kyi and message to ASEAN to act accordingly vis-a-vis Burma
တပ်မတော်သာ အဖိ တပ်မတော်သာ အဖါး။
ယနေ့ည နောက်ဆုံးရ သတင်းများ။.....
ဗဟိုတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး ဖြစ်တဲ့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် တို့၏ သက်သေ အယူခံကို ဗဟိုတရားရုံးမှာ ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများက ၄၅မိနစ်ကြာ လျှောက်လဲချက် ပေးခဲ့ပြီး နေ့လည် ၂နာရီ ၃၀မှာ အမှုကို လက်ခံကြောင်း အကြာင်းပြန် လာကြောင်း အမှုကို လက်ခံလိုက်တဲ့ အတွက် နောက်ရုံးချိန်းမှာ ၂ဘက်ရှေ့နေများ အပြန်အလှန် လျှောက်လဲချက်ပေးပြီး သက်သေ ၂ဦး အင်းစိန် တရားခွင်မှာ သက်သေထွက်ဆိုခွင့် ရမရသိရှိရမှာ ဖြစ်ပါတယ်။ နောက်ရုံးချိန်းကတော့ ရက်သတ်မှတ် မပေးဘဲ သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ အမှုရက်ချိန်း Notice Board မှာ ပါမပါ ကြည့်ရမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်း ကပြောပါတယ်။
၈၈ မျိုးဆက်သစ် ကျောင်းသား ခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိအခြေအနေ ဆိုးဝါး။
မြစ်ကြီးနားထောင်မှာ နှစ်ရှည် မတရား အကျဉ်းကျ ခံနေရတဲ့ ၈၈မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် ယခင် မျက်လုံး တဖက်ကောင်းမွန်စွာ ဆေးကုသခွင့် မရတဲ့ အတွက်ကွယ်သွားခဲ့ ပြီး၊ ယခုတဖန် ကျန်သည့် တဖက်မှာလည်း ကွယ်လုနီး ဖြစ်နေတဲ့ အတွက် အမြန်ဆုံး ဆေးကုသရန် လိုအပ်ကြောင်း ယခုအထိ ကုသခွင့် မရသေးကြောင်း ကြားသိရပါတယ်။
စနေနေ့ညမှာ အဖမ်းခံရတဲ့ အဖွဲ့ချုပ် ရုံးအဖွဲ့ဝင် ကိုလေးဝင်း တနင်္လာနေ့ ကပြန်လည်လွတ်မြောက်လာ။
အဖွဲ့ချုပ် ရုံးအဖွဲ့ဝင် ကိုလေးဝင်း ကို အာဏာပိုင်များက စနေနေ့ည မှာလာရောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။ ဗဟန်းမြို့နယ်မှ NLD လူငယ် ၃ဦး ကိစ္စစစ်ဆေး မေးမြန်းရန် လာရောက် ခေါ်ဆောင်သွားပြီး တနင်္လာနေ့မှာ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ှ NLD လူငယ် ၃ဦး ကိုလေးဝင်း နေတဲ့ အဆောင်မှာ လာရောက် အိပ်ဖူးချင်း ရှိမရှိ စုံစမ်း မေးမြန်းချင်း ဖြစ်ကြောင်း ကြားသိရပါတယ်။ ဗဟန်းမြို့နယ်မှ NLD လူငယ် ၃ဦး ကတော့ ရဲစခန်း မှာ အစစ်ဆေး ခံနေရဆဲ ဖြစ်ပြီး မည်သည့် အကြောင်းကြောင့် ဖမ်းဆီးခံထားရမှန်း မသိရှိ ရသေးကြောင်း သိရှိရပါတယ်။….။
သတင်း။…။ဒီမိုဝေယံ……
ကမ္ဘာမကြေတေး။

ကမ္ဘာမကြေတေး
အနှစ်(၂၀) ကြာပေမယ့်
မကျက်နိုင်သေးတဲ့ဒဏ်ရာ
သွေးပြန်ထွက်လာပေါ့..
အာဏာနဲ့လက်နက်ကတော့
ဗီဇအတိုင်း ရက်စက်မှာပဲ
သွေးစွန်းသွားတဲ့ သင်္ကန်းတွေ
မျက်ရည်နဲ့ပဲ လျှော်နေကြတော့မလား..
ယမ်းနံ့သွေးနံ့တွေ ညှီဟောက်နေတဲ့ကြားက
အနှစ် (၂၀) သန္ဓေသား ရအောင်မွေးဖွားမယ်..
ကဲ...
သိုဝှက်သိမ်းဆည်းထားသမျှဆန္ဒတွေ.
ဖေါက်ခွဲပစ်ကြတော့
ငါတို့ ရင်ထဲ.. ဓါးမြှောင်တစ်လက်ရှိနေတာ...
ကမ္ဘာ ကသိတယ်..။
လင်းလင်းလတ် (တိုကျို)
မျောက်မင်းမိုက်။(Link)
မောက်မာ မာန်မဲ မျောက်မိုက် မင်းမူ
မျောက်မူးမတ်၊ မျောက်မောင်းမ၊
မျောက်မြေး၊ မျောက်မြစ်၊
မျောက်မျိုးများ မြောက်မြောက်များ..။
မျောက်မင်းမိုက် မြော်မြင်မှုမဲ့
မည်းမည်းမြင် မိုက်မာန်မဲ
မောက်မောက်မာ မိန့်မှတ်
မှားမှားမှန် မူးမူးမိုက်
မျောက်မွဲများ မုန်းမာန်မြင့်မား..။
မျောက်များမှာ မျှော်မှန်း
မျောက်မင်းမြတ် မင်းမူမှ
မျောက်များ မြန်မြန် မြင့်
မျောက်မျိုး မြန်မြန် မြတ်
မျောက်မိမြေ မိုးမျှော်မည်..။
မျောက်မွဲများ မုန်းမာန်
မျောက်မင်းမိုက် မူးမေ့
မီးမွှေး မျောက် မီးမွှေး
မီးမှုတ် မျောက် မီးမှုတ်
မီးမြှိုက် မျောက် မီးမြှိုက်
မျောက်များမာန် မာန်များမြောက်
မင်းမိုက် မီးမျို..။
(ကိုရင်နော်)
(ကိုရင်နော် ခင်လေးငယ် ဘလော့ click)့ ထဲက ကဗျာလေး ယူလာပါတယ်။ ကြိုက်လွန်းလို့ပါ။ တွေးစရာတွေ ပါလာပါတယ်။ မ နဲ့စတဲ့ နိုင်ငံက မျောက်မင်းတွေ မှုးမတ်တွေ မူမမှန်တာ၊မိုက်ကန်းတာ။ မိုးကြိုးပစ်မှာ မြွေကိုက်မှာ မြေမျိုမှာကို မြင်မိတယ်။...။
နောက်ဆို လူပါအရည်ဖျော်တော့မယ်။
(ကိုညိုစိုင်း မှပေးပို့ ပါသည် မှတ်ချက် ဆောင်ရန်ရှောင်ရန်ဆိုသလို စီပွားရေးသမားတွေမှာ ငွေသာမြင်သည်မို့  စားအုံးဆီ မခဲရေးအတွက် အဆိပ် တဇွန်းလောက်ထည့်ရမယ်ဆိုရင်လည်းသူတို့ က ဂျွမ်းထိုးထည့်မှာပါ-ဒေါင်းTM)
အပြည့်အစုံဖတ်ရန်။....။(ဒေါင်းတမာန်)
မနက်ဖြန် ၁၇ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် သက်သေ၂ ဦး အယူခံ အမှုလျှောက်လဲချက်ပေးရမည်။

မနက်ဖြန် မနက် ၁၀နာရီ ဗဟိုတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး ဖြစ်တဲ့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် တို့၏ အယူခံ အမှုလျှောက်လဲချက် ပေးရမှာဖြစ်ကြောင်း၊ အမှုလက်ခံမခံကို ညနေ ၄နာရီ လောက်မှာ သိရမှာဖြစ်ကြောင်း ၊အမှုလက်ခံပါက သက်သေ ၂ယောက် အတွက် တရားခွင်မှာ လျှောက်လဲခွင့် ရဖို့ထပ်မံ တင်သွင်းရမှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောပါတယ်။NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဥပဒေပညာရှင် ဒေါ်ခင်မိုးမိုး၏ လျှောက်လဲချက် ကိုတော့ ယခုလ ၂၆ ရက်နေ့မှာ အင်းစိန် တရားရုံးမှာ ကြားနာမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်အားလည်း ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေများမှ ပြုပြင် သိမ်းဆည်းတာတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း ကြားသိရပါသည်။
သတင်း။......။ဒီမိုဝေယံ
ွ
မွေးနေ့ကတိ အမေသိစေ။.....။

မွေးနေ့ကတိ အမေသိစေ။.....။
ရမက်တွေထုံနေတဲ့ ခုံပေါ်မှာ
ဖင်ကြွဖို့ကိုတောင် ရင်လေးနေရတဲ့ ဘဝ
သာပါစ မာပါစ လို့ မေးရမှာတောင်ရွံရှာမိရ..။
မကြည့်ပဲ မြင်နေရတဲ့ မျက်စေ့ကိုဖောက်ထုတ်
ကိုယ်တိုင်သာ စုံလုံးကန်းချင်မိပေါ့...။
နားမထောင်ပဲ အတင်းဝင်လာတဲ့အသံ
ကြားရတဲ့ ကိုယ့်နားကိုတောင် စက်ဆုပ်ရပြန်ရဲ့...။
မရှုရက်ပါပဲ နှာခေါင်းဝမှာ တိုးတိုးလာတဲ့
သမိုင်းဟောင်းက သွေးစက်တို့ရဲ့ ရနံ့မှာ
မျက်ရည်ဝဲကာ ဦးညွှတ်မိရဲ့..။
ယုံကြည်ချက်တစ်ခုကိုပိုက်ရင်း
ဓါးအမိုးမှာ လည်စင်းပေးခဲ့တဲ့
သူရဲကောင်းတို့ရဲ့ သွေးတွေနဲ့
အနီရောင်အလံကို ပိုတောက်စေမယ် အမေ...။
ဖုတ်လိုက် ဖုတ်လိုက်နဲ့
အသက်မထွက်ခင် နင်နေတဲ့
အာဏာရူးတို့ အစွယ်ကိုချိုးဖို့
ကျွန်မတို့အလံကို ပိုမြင့်အာင်မြှင့်မယ် အမေ...။
ဆာလောင်ငြီးတွားရင်း
ကယ်သူကိုမျှော် ငိုကျွေးနေတဲ့
အနာဂါတ်မဲ့ ကလေးတွေအတွက်
ကျွန်မတို့ချွေးနဲ့ အလံကိုလွှင့် လေမှာဝင့်လို့
ဗမာ့မြေတဝှမ်း ခွပ်ဒေါင်းသံညံဖို့
အမေ့မွေးနေ့မှာ ကတိထပ်ပြုတယ် အမေ...။
လင်းလင်းလတ်(တိုကျို)
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် မှ အရှင်သောပါက၏ မြန်မာ့အရေး စလိုဗားကီးယားခရီး။
သတင်း။....။ဒီမိုဝေယံ
ကလေးများကို စစ်တပ်ထဲ သွတ်သွင်းနေ (ဦးအေးမြင့်နှင့် အင်တာဗျူး)
အင်တာဗျူး |
ကိုဝိုင်း |
တနင်္လာနေ့၊ ဇွန်လ 15 2009 17:52 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ)။ ။ ကလေးများအား စစ်သားအဖြစ် စုဆောင်းမှုများ မြန်မာစစ်တပ်က ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုနေသူ ပဲခူးမြို့မှ “လမ်းပြကြယ်” အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်ကို မဇ္ဈိမ က ဆက်သွယ်မေးမြန်းထားသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC - Convention on the Rights of the Child ကို လက်မှတ်ထိုးထားသော်လည်း၊ CRC ၏ အပိုဒ် ၃၈ တွင် အသက် ၁၅ နှစ်အောက် ကလေးများကို စစ်သားအဖြစ် သွပ်သွင်းခြင်း မပြုရန် တားမြစ်ထားကာ၊ မြန်မာနိုင်ငံ၏ စစ်မှုထမ်းဥပဒေအရလည်း အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် မစုဆောင်းရန်လည်း ပြဋ္ဌာန်းထားသေးသည်။ သို့သော်လည်း မည်သို့မည်ပုံ စုဆောင်းကြောင်း ဦးအေးမြင့်၏ ပြောပြချက်ကို ဖော်ပြလိုက်ပါသည်။ အပြည့်စုံဖတ်ရန်၊မဇ္ဈိမ။...။ |
မြန်မာ့ အာဇာနည် ဒေါ်အောင်ဆန်းစုကြည်။

မြတ်မိခင်ဒေါင်း။
အမှောင်မသန်း၊
အရောင်မနွမ်းပါတဲ့၊
အောင်ဆန်းဟေ့ စုကြည်။
မြန်ပြည်ထုရဲ့၊
အန်တီစု ဇာနည်။
ကွေ့မပြေးပါဘူး၊
ဖအေ့သွေးဟာ နီနီရဲပါလို့၊
ပြည့်အရေးမှာ ညီညီဇွဲနဲ့၊
တည်ကြည်ဆဲဟေ့ ဘာမထီ၊
မြန်မာပြည်ရဲ့ ခေါင်းဆောင်ကောင်း။
တကယ်ယုတ်မာ ပြိတ္တာများရယ်က၊
အကျယ်ချုပ်မှာ ပိတ်ကာထားရုံမက၊
မိစ္ဆာတရား အမှောင်ဉာဏ်ဆင့်လို့၊
ထောင်ဒဏ်နှင့်ပင် ထပ်ဖိချင်လည်း၊
ဗျတ္တိဉာဉ် မပြောင်းပါဘူး၊
သတ္တိအစဉ် ကောင်းပါဘိ၊
မြတ်မိခင်ဒေါင်း။
ကိုဒေါင်းကြယ်စင် ရဲ့ကဗျာပါ။
ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ။
မြန်မာစစ်အစိုးရက ဗီဇာငြင်းပယ်ထားခြင်းကိုဝေဖန် ပြောဆိုသွားပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် မတရားအကျဉ်းခံ နိုင်ငံရေးသမားများအား ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ထို့နောက် မြန်မာပြည်တွင်းမှာ ရှိကျတဲ့ ၇ရက် သားသမီးများ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံစေပြီး အာဏာရှင် လက်အောက်မှ အမြန် လွတ်မြောက်စေရန် ၇ည်ရွယ်ပြီး ငှက် ၇နှစ်ကောင်ကို မြန်မာလူမျိုးများ၊ဂျပန်လူမျိုးများ ဂျပန်လွှတ်တော်အမတ်များ နှင့်အတူဆုတောင်း လွှတ်ကြပါသည်။ထို့နောက် လွှတ်တော် အမတ်တဦးဖြစ်သည့် မစ္စတာ Azuma Konno ၏ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့သဝဏ်လွှာကို NLD(LA)JB မှလူမှုရေးရာမှုး ဒေါ်ကေသီသိန်းမှ ဖတ်ကြားပါသည်။ဂျပန် အလုပ်မား အဖွဲချုပ် (RENGO)မှ ညွန်ကြားရေးမှုး မစ္စတာMasayuki Shiota၊ တိုကျို မြူနီစီပယ် တိုင်းလွှတ်တော် အမတ်ဟောင်း မစ္စတာ Wada Munehara ၊ဗမာ့ရေးရာ ပြည်သူ့အဖွဲ့ (PFB) မှ မစ္စတာ Hisao Tanabe(ဦးရွှေဘ)၊မြန်မာ အမျိုးသမီး သမဂ္ဂ မှ တာဝန်ခံ ဒေါ်ချိုချိုအေး တို့မှ အမှာစကား ပြောကြားကြပါသည် ။ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိအား NLD(LA)JB အမျိုးသမီးရေးရာမှုး ဒေါ်ခင်ခင်စိုး မှလည်းကောင်း အာဟာရစာစောင်မှ ကိုသက်လင်းမှ ကဗျာဖြင့် ဂုဏ်ပြုကြပါသည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည် ၏နိုင်ငံရေး လှုပ်ရှားမှုအား ဆလိုက်ထိုးပြသပါသည်။ NLD(LA)JB ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးမှ နိဂုံးချုပ် အမှာစကား ပြောကြားပါသည်။မိုးသောက်ကြယ် အဖွဲ့သားများဦးစီး ၍ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် PAUL MCCARTNEY ရေးသားသည့် FREEDOM သီချင်းဖြင့် သီဆိုပြီး အခမ်းအနားကို ၉နာရီ၁၀မိနစ် အချိန်၌ ကြွေးကြော်သံများ ကြွေးကြော်ပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ယနေ့အခမ်းအနား သို. မြန်မာလူမျိုးများ၊ဂျပန်လူမျိုးများ စုစုပေါင်း ၈၀၀ ခန့် ခမ်းမ အပြည့်အလျှံလာရောက် ကြပါသည်။
သတင်း။ ။ဦးလင်းအောင် ဒုဥက္ကဋ္ဌ ၂ NLD(LA)JB။
ဒီမိုဝေယံ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်(၆၄)နှစ်ပြည့် မွေးနေ့ဓာတ်ပုံ မှတ်တမ်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အဖွဲ့ ဝင် (၃) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း။
၁၃ရက်နေ့ မနက်ခင်း သတင်းများ။....။
အခုစာကလေးကြော် အခုဆီထမင်း။
ဒေါ်အောင်ဆန်းစုကြည် အမှု၏ သက်သေ၂ဦး ဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးတို့၏ အမှုလျှောက်လဲချက်ပေးရန် ဗဟိုတရားရုံးက ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းရက်ပေးအပြီး ညနေပိုင်းတွင် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပါတယ်။
ယမန်နေ့ သောကြာနေ့ ညနေ ဗဟိုတရားရုံး အမှုရက်ချိန်းများ Notice Board တွင် ၁၇ ရက်နေ့၌ လာရောက် လျှောက်လဲချက်ပေး ရန် အမှုစာရင်း ပြန်ပါလာကြောင်း ကြားသိရပါသည်။
တောင်ကြီးမှ ရန်ကုန်သို့ ခရီးအကွာအဝေး ၂ ပါတ်။...။
NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဥပဒေပညာရှင် ဒေါ်ခင်မို့မို့၏ သက်သေလျှောက်လဲချက်ကို ယခုလ ၂၆ ရက်နေ့သို့ ရက်ချိန်းပေးခဲ့ပါသည်။တရားရုံးရဲ့ အကြောင်းပြချက် ကတော့ ခရီးဝေးလို့ပါတဲ့။...။
ဤ ခရီးနီးသလား ၂ပါတ် ကြာလာရ၏။....။
ဒေါ်စုအိမ် ရှင်းလင်းခွင့်ရပြီ။......။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အား ရှင်းလင်းခွင့်အား သက်ဆိုင်ရာမှ ခွင့်ပြုလိုက်ပြီဖြစ်၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်နေပြီ ဖြစ်ကြောင်းကြားသိရပါသည်။...။
ဒေါ်စု အိမ်လည်း အကျယ်ချုပ် လွတ်ပါပြီ။.....။
သတင်းဒီမိုဝေယံ။
ဂငယ်လေးဆူ အုတ်သစ်ထူ။( ပြန်ဖတ်လိုလျှင် click လုပ်ပါ)
ထူသည့် အုတ်သစ် ဆယ့်ကိုးနှစ်
ဆယ့်ကိုးနှစ်ကျော် တဖန်ပေါ်
ပေါ်သည့် ဦးခေါင်း နေထီးဆောင်း
ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်
တစ်ရောင်ထဲထွက် မင်းလည်းပျက်
ဖြစ်ပျက်စုံညီ မြန်မာပြည်
အောင်စည်သံတို့ မြည်လာပြီ...
ဝိဇ္ဇ္ဇာရှစ်သောင်း ဆရာအပေါင်း
ခညောင်း မ လိမ့်မည် ။
ဂငယ် ၄လုံးတွင် ပြီးခဲ့သည့် နှစ်များအထိ ၂ လုံး လှုပ်ရှားလေ၏ ။ ယခုနှစ်တွင် (၃)လုံး လှုပ်ရှားလာ၏ ။
၁) ဂမ္ဘာရီ ၊
၂) ဂဗၻီရ ၊
၃) ဂျွန်ဝီလျံ ရက်ထော နှင့် အတူ
၎) အခြား ဂငယ် တစ်လုံး ပေါ်လာချိန်တွင်တော့ ...
သင်တို့ ကြိုးစင်သို့ ဆီမဆွတ်ဘဲ တက်လှမ်းကြရလိမ့်အုံးမည်။
အရေးတော်ပုံ .. အောင်ရမည်။
ကိုတေးအေးရိပ်ရဲ. ဘလော့ထဲက ပြန်ကူးယူ လာတာပါ။
ပို့စ်အဟောင်းမှာဖေါ်ပြခဲ့ဘူးပါတယ်။
ဆရာရေ စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုဂျုတ်တောင် မြန်မာပြည်က ပြန်သွားပါပြီ။
အခုလည်း လှိုဏ်ဂူ တူးနေပြန်ပါပြီ။
နအဖ ဂျိုကုပ်ကြီး တို့မြန်မာပြည်က ဂန့်ပြီး ဂိုးရမယ့် ရက်ကို ကျွန်တော်တို့
မြန်မာပြည်သူတွေ စောင့်မျှော်နေပါကြောင်း။.....။
ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်။....
လှိုဏ်ဂူ တူးလျှင် ပြုတ်နိုင်ပါပြီ။....။
ဒေါ်အောင်ဆန်းစုကြည် အမှုရက်ချိန်း ၂၆ ရက်သို့ ချိန်းဆို ။
သောကြာနေ့၊ ဇွန်လ 12 2009 18:53 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို ဇွန်လ ၂၆ ရက်နေ့သို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ပြီး ထိုနေ့တွင် သက်သေဖြစ်သူ ဒေါ်ခင်မို့မို့ကို စစ်ဆေးမည်ဟု သိရသည်။
အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက သတ်မှတ်ထားသည့်အတိုင်း ယနေ့တွင် ရုံးချိန်း ထုတ်ခဲ့သော်လည်း တရားသူကြီး ဦးသောင်းညွန့်နှင့် ဦးညီညီစိုးတို့က တောင်ကြီးမြို့နေ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါ်ခင်မို့မို့အား စစ်ဆေးရန်အတွက် နောက်ထပ် သီတင်းပတ် နှစ်ပတ်ခွာကာ ချိန်းဆိုလိုက်သည်။
“ဒီမနက် ၁၀ နာရီမှာ အန်တီစုတို့လည်း ရောက်တယ်။ တရားသူကြီးက ဒေါ်ခင်မို့မို့ကို စစ်ဆေးဖို့ ဇွန်လ ၂၆ ရက်နေ့ကို ချိန်းလိုက်တယ်။ ဒီနေ့ ရုံးချိန်းကတော့ ခဏလေးပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၅ မိနစ်ခန့် တွေ့ဆုံခွင့်ရခဲ့ပြီး လုပ်ငန်းကိစ္စအချို့ ဆွေးနွေးခဲ့ကြောင်းနှင့် နိုဘယ် ငြိမ်းချမ်းရေးဆုရှင်မှာ ကျန်းမာရေး ကောင်းမွန်ပြီး “လန်းလန်းဆန်းဆန်း၊ တက်တက်ကြွကြွ” ရှိနေကြောင်း သိရသည်။
အခြားသော ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ ထွက်ဆိုပြီး ဖြစ်သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှ တင်ပြထားသော သက်သေ နောက်ထပ် နှစ်ဦးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့ကို တရားရုံးက လက်မခံသဖြင့် ဗဟိုတရားရုံးသို့ အယူခံတင်ထားသည်ကို ဇွန်လ ၁၇ ရက်နေ့တွင် ထွက်ဆိုခွင့် ရှိ၊ မရှိ ဆုံးဖြတ်မည်ဟု ချိန်းဆိုပြီးမှ နာရီ အနည်းငယ်အကြာတွင် အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သည်။ မဇ္ဈိမသတင်းဋ္ဌာနမှရယူပါသည်။
၂၁ရာစု ကျောက်ခေတ်ဂူအောင်း ဗိုလ်ချုပ်ကြီးများ။....။BURMA TODAY မှရယူပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအတွက် မဲဆွယ်ခွင့်ပေးသင့်သည်ဟု ဂိုဂျုတ်တောင်ပြော။
ဥပဒေအရလိုအပ်သလို ပြဿနာကို လမ်းဆုံးထိ ဆောင်ရွက်မည်။(ဒေါ်အောင်ဆန်းစုကြည်)
ဦးဥာဏ်ဝင်း။…….။ ”နေ့လည် ၁နာရီခန့်မှာ ဗဟိုတရားရုံးက လာမည့် ၁၇ ရက်နေ့ မှာလျှောက်လဲချက် လက်ခံရေး အတွက် Document for admition လာရောက် လျှောက်ထားနိုင်ကြောင်း အကြောင်းကြားလာပါတယ်။တရားရုံးက လက်ခံရင် နောက်တစ်ဆင့်
နှစ်ဘက်လုံးက လျှောက်လဲချက်ပေးရမယ်။မနက်ဖြန် အင်းစိန်တရားရုံးမှာ ဒေါ်ခင်မို့မို့
သက်သေထွက်ဆိုရမယ့် ရုံးချိန်းရက်ကို သိရှိရပါမယ်။”
သတင်း။…..။ဒီမိုဝေယံ..
ဆက်သွယ်မေးမြန်းပါသည်။
ငါတို့... ဆုတောင်းနေကြတယ်။....။

ငါတို့... ဆုတောင်းနေကြတယ်။....။
သားငယ်အပြန်ကိုမျှော်နေရှာတဲ့ အမေတွေ
လင်သားအပြန်ကို ကြိုစောင့်နေတဲ့ ဇနီးသည်တွေ..
ဗမာပြည်မှာ
ပိတ်လို့မရတဲ့ အိမ်တံခါးတွေလည်းများလှပြီ...
ပေးဆပ်ကြရတဲ့ အရင်းအနှီးတွေကလည်းများလွန်းတယ်..
ခုထိ
ငါတို့ ရောင်နီလေးပျို့အံမလာသေးဘူးလား...
နှစ်ရှည်လများ.. ပိတ်လှောင်ခံထားရတဲ့
ငါတို့.. ခေါင်းဆောင်တွေ..
ကျန်းမာပါစေ..
ငါတို့ တိုင်းပြည်ရဲ့
မီးရှူးတန်ဆောင်
ဒေါ်အောင်ဆန်းစုကြည်.. ကျန်းမာပါစေ...
ငါ တို့သွေးသားဝိဉာဉ်က စိမ့်ကျလာတဲ့
ဆုတောင်းမေတ္တာပို့သံတွေ
ဗမာပြည်ရဲ့ ဘ၀ဂ်မှာညံနေတယ်..။
လင်းလင်းလတ် (တိုကျို)
၁၀ ရက်နေ့ရ နောက်ဆုံး အထူးသတင်းများ။
တို့အား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ၄ဦးနှင့် တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း
NLD ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီး ဦးဥာဏ်ဝင်း မှပြောပါသည်။
အဓိက အရေးကြီးဆုံး သက်သေ ၃ယောက် ကိစ္စအားဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဥပဒေအရ
လိုအပ်သလို ပြဿနာကို လမ်းဆုံးထိ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ဒေါ်စုအား နေအိမ် အကျယ်ချုပ် မှလွှတ်ပေးသော်လည်း အိမ်ကိုထိန်းသိမ်းထားသလို
ဖြစ်နေသည့် အတွက် မကျေနပ်ကြောင်းပြော။
မေလ ၂၆ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် မှလွှတ်ပေးခဲ့ပါသည်။
နေအိမ်အား စောင့်ရှောက်ရန် အတွက် လူ၂ယောက် ထားခဲ့ပါသည်။ထို သူနှစ်ဦးအား နေအိမ်ပြင်ပသို့
ခွင့်ပြုချက်ယူပြီး မှသာ သွားခွင့်ပြုကြောင်း ၊ထို့အပြင် ၆နှစ်ခန့်ပြုပြင်မှု မရှိသော နေအိမ်အား ပြုပြင်ရန်
NLD မဟုတ်သော ပြင်ပလူများနှင့် ပြုပြင်ရန် သွားရောက်ရာ ဝင်ခွင့်မပေးခဲ့ကြောင်း ကြားသိရသဖြင့်
ဒေါ်အောင်ဆန်းစုကြည်မှ မကျေနပ်ကြောင်း ပြောဆိုပါသည်။
လူကိုလွှတ်ပြီး အိမ်ကိုထိန်းသိမ်းထားသလို ဖြစ်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါသည်။.....။
ဒေါ်အောင်ဆန်းစုကြည် ၏ရှေ့နေ ဦးလှမျိုးမြင့် ဇနီးတရားမဲ့စွာ အလုပ်မှ ရပ်စဲခံရခြင်း။......။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက် ရှေ့နေကြီး တစ်ဦးဖြစ်သူ ဦးလှမျိုးမြင့်၏ ဇနီးဖြစ်သူ
ဗဟိုသမဝါယမ အကြီးတန်း မန်နေဂျာ ဒေါ်ခင်ခင်အေး မနေ့က အလုပ်မှ ရပ်စဲချင်း ခံရကြောင်း
သိရှိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဦးလှမျိုးမြင့် လိုက်ပါဆောင်ရွက်ခွင့် ရသည့်နေ့မှ
စ၍ ဒေါ်ခင်ခင်အေးအား သက်ဆိုင်ရာမှ စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့ပြီး မနေ့က အလုပ်မှ ရပ်စဲခဲ့ကြောင်း
ထိုမတရားမှုအား ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့သိရှိသွားခဲ့ပါတယ်။ဦးလှမျိုးုမြင့် မှမိမိအတွက် အရေး
မကြီးကြောင်းပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် မှ တရားဥပဒေစိုးမိုးမှု မရှိတာကိုသိအောင်
ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရှိရပါသည်။.......။
သတင်း။....။ဒီမိုဝေယံ
AAPPဂျပန်ဋ္ဌာနခွဲမှဦးစီး၍ဂျပန်လွှတ်တော် အမတ်များနှင့်ပူးတွဲ၍သတင်းစာရှင်းလင်းပွဲပြုလုပ်။
လက်ရှိ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အမှာစကားများ ပြောကြားခဲ့ပါ
ယနေ့သည် ဖမ်းဆီးခံနာဂစ်သတင်းထောက်များ ဖြစ်ကြသည့် ကိုကျော်ကျော်သန့်နှင့် မအိမ့်ခိုင်ဦး တို့ အဖမ်းဆီးခံရသည့် တစ်နှစ်ပြည့်မြောက်သည့်နေ့လည်းဖြစ်ပါသည်။ကိုကျော်ကျော်သန့်၏ ထောင်တွင်းလက်ရှိ အခြေအနေအား ညီမဖြစ်သူ မဇင်မာသန့်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ AAPP ဂျပန်ဋ္ဌာနခွဲ တာဝန်ခံကိုဖုန်းမြင့်ထွန်းမှ သတင်
ကြောင်
သတင်း၊ဓာတ်ပုံ။......ဒီမိုဝေယံ၊စိုးအောင်ဝင်း (NLD)LA JB
ဒေါ်အောင်ဆန်းစုကြည် နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဂျပန်လွှတ်တော် အမတ်များနှင့်သတင်းစာရှင်းလင်းပွဲဓာတ်ပုံမှတ်တမ်း။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အင်ဒို၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပူးတွဲတောင်းဆို။
တရားစွဲဆိုမှုဟာ အခြေအမြစ်မရှိဘဲ
ဖမ်းဆီးထားရာကနေ အမြန်ဆုံးပြန်လွှတ်
ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန်
ဝိရာယုဒ (Hassan Wirajuda) တို့က ပူးတွဲ
သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုသွား
ပါတယ်။အပြည့်အစုံသို့။
ရပ်ပစ်၎ပါး။ရန်သူမျိုးနအဖ။.....။
ယနေ့ အထူးသတင်း။
ယနေ့ တိုင်းတရားရုံးမှ ဒေါ်ခင်မို့မို.တစ်ဦးတည်း ကိုသာလက်ခံကြောင်း
ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ ပြောပါသည်။မည်သည့် အတွက်ကြောင့်
သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် NLD ဒု ဥက္ကဌ ဦးတင်ဦး တို့အား လက်မခံသည်ကို
ဥပဒေ အကြောင်းအရ ရှင်းရှင်းလင်းလင်း မရှိ သည့် အတွက်ကြောင့် ပြင်ဆင်မှု ပြန်လည်တင်မည်ဟု
NLD ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ ပြောပါသည်။....။
သတင်း။...။ဒီမိုဝေယံ
ဆက်သွယ် မေးမြန်းပါသည်။
ဘုရားလည်းပြို လူလည်းအိုပြီ ငါ့ကိုကြိုးစင်ပို့ပါတော့။
ပုလင်းတူ ဗူးဆို့။....။VOA သတင်း။
အမေရိကန် အမျိုးသမီး သတင်းသမား ၂ ယောက် မြောက်ကိုရီးယားဘက်ကို
တရားမ၀င် ဖြတ်သန်းဝင်ရောက်ခြင်းအားဖြင့် ကြီးမားတဲ့ရာဇ၀တ်မှုများ ကျူးလွန်လို့
တရားရုံးတော်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချလိုက်ကြောင်း KCN
ကိုရီးယား ဗဟိုသတင်းဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။အပြည့်အစုံဖတ်ရန်။
ဗိုလ်ချုပ်တစုနဲ့ ဒီအမှု (နေ့သစ်ဘလော့မှ)
အခုလည်းပဲ အိမ်ဖောက်ထွင်းတဲ့ကိစ္စမှာ လုံခြုံရေးတာဝန်ရှိသူတွေကိုတော့ ဘာမှအရေးမယူဘဲ ဖောက်ထွင်းခံရတဲ့ အိမ်ရှင် ကို အရေးယူအပြစ်ပေးဖို့ စီစဉ်နေတာဟာ ဒီနေ့ခေတ် ဗမာပြည်နိုင်ငံရေးရဲ့ အင်မတန် အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်ရပ် တခုလို့ဆိုရင် မမှားပါဘူး။အပြည့်စုံဖတ်ရန်။.....။
ရန်ကုန်ရှိ အမေရိကန်နှင့် ဗြိတိသျှ သံရုံးများက ဒီချုပ်ကို ကူညီနေဟု နိုင်ငံပိုင် သတင်းစာက ရေးသား ။...။
နအဖ၏ မတရား ထုတ်ပယ်ခံရသော သူငယ်ချင်းများအတွက် အမှတ်တရ။(ကိုဖိုးတရုတ်ဘလော့မှ)
ဆောင်းပါးရှင် - မောင်ကျောင်းသား (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)
nuclear-plan
၂၀၀၁ ခုနှစ်၊ မေလ၏ မနက်တစ်ခုတွင် ရန်ကုန်မြို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းမှ မှန်လုံ ကားငယ် ၄ စီး တန်းစီ ထွက်လာခဲ့သည်။ ကားပေါ်တွင် မျက်နှာညှိးငယ်စွာဖြင့် လိုက်ပါလာကြသော သူများကား စစ်ဘက်၊ အရပ်ဘက်မှ အရာရှိများ၊ ကထိကများ ဖြစ်ကြပါသည်။ ၄င်းတို့ အားလုံး အဘယ်ကြောင့် မျက်နှာများ မသာမယာ ဖြစ်နေရပါသနည်း။
သင်တို့ ယုံချင်မှ ယုံပါလိမ့်မည်။ ထိုသူတို့သည် ဗိုလ်ချူပ်ကြီး မောင်အေး၏ စကားဖြင့်ဆိုရလျှင် တပ်မတော်မှ ချီးမြှောက်ခြင်း ခံရသော ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံရသည့် အညတရ အရာရှိများ ဖြစ်ပါသည်။ နိုင်ငံရပ်ခြားသို့ ပညာတော်သင် သွားရခြင်းသည် မကောင်းပါလား။ ကောင်းပါသည်။ အလွန်ကောင်းပါသည်။အပြည့်စုံဖတ်ရန်။....။
ဒေါ်အောင်ဆန်းစုကြည် (၆၄)နှစ်ပြည့်  မွေးနေ့ ပွဲ အထိမ်းအမှတ် အခမ်းအနား ဖိတ်ကြားလွှာ။....။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဂျွန်ဝီလျံယက်တော ၀င်ရောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်မှူးအောင်လင်းထွဋ်နှင့် DVB အင်တာဗျူးpart1
ဗိုလ်မှူးအောင်လင်းထွဋ်နှင့် DVB အင်တာဗျူး part2
ယနေ့သတင်းများ။.....
- ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရက စွဲဆိုထားသော အင်းစိန်တရားရုံး ရုံးချိန်းကို ဇွန်လ ၁၂ ရက်နေ့သို့ ချိန်းဆိုလိုက်ပါသည်။
- ဒေါ်အောင်ဆန်းစုကြည်အတွက် ထွက်ဆိုမည့် သက်သေ (၃)ဦး ပြင်ဆင်မှုကို ရန်ကုန်တိုင်းတရားရုံးမှ လာမည့် ဇွန်လ ၉ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရ ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောပါသည်။
နာရေးသတင်း။.......။
NLD သာကေတမြို့နယ် ဥက္ကဋ္ဌ ဦးစိုးမြင့်သည် ဇွန်လ ၄ရက်နေ့ တွင်ကွယ်လွန် သွားပါကြောင်း၊
သာကေတမြို.နယ် ဥက္ကဋ္ဌ အဖြစ် ဖွဲ့စည်းချိန်မှ ကွယ်လွန်ချိန်အထိ တာဝန်ထမ်းရွက်ခဲ့ပါသောကြောင့်
လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
အစိုးရ၏ ဓနုတ်ဘုရားသတင်း လူထုယုံကြည်မှုကင်း
ဒေါ်စုအမှုအတွက် သက်သေ ၃ ဦးအရေး တရားရုံးက ရက်ချိန်း ထပ်ပေး
ကိုဝိုင်း |
သောကြာနေ့၊ ဇွန်လ 05 2009 18:08 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ထွက်ဆိုမည့် သက်သေ (၃) ဦးအား ပယ်ချခံထားခြင်းကို ပြန်လည် ခွင့်ပြု-မပြုနှင့် ပတ်သက်၍ ယခုလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။ “ကျနော်တို့ ဒီနေ့ ၃ နာရီမှာ ရန်ကုန်တိုင်း တရားသူကြီးရှေ့မှာ သက်သေ (၃) ယောက်ကို ပယ်တာနဲ့ ပတ်သက်ပြီး တရားလိုရော ကျနော်တို့ဘက်ကရော နှစ်ဘက်က လျှောက်လဲချက် ပေးကြတယ်။ ကျနော်တို့ဘက်ကတော့ ဒါမှားတယ်ပေါ့။ မလုပ်နိုင်ဘူး ပြောတာပေါ့။ ဒီဟာကို အမိန့်ချဖို့ ၉ ရက်နေ့ ညနေ ၃ နာရီကို ချိန်းလိုက်တယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။ အပြည်အစုံဖတ်ရန်... |
မိုးလင်းမှ သိမယ်တဲ့။
ဂငယ်လေးဆူ အုတ်သစ်ထူ။
Breaking News( အထူးသတင်း)
ဒေါ်အောင်ဆန်းစုကြည် အမှု လျှောက်လဲချက် မှာအလိုလိုရက်ရွှေ့သွားပြီ ဖြစ်ကြောင်း ....ယခုတင်သည့်
သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ အသိသက်သေ ၃ဦး အယူခံကို ၅ရက်နေ့ နေ့လည် ၃နာရီ တွင် ကြားနာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။....
သတင်း ...ဒိီမိုဝေယံ
“ပြည်တွင်းရေးတော့ မှန်တာပေါ့ဗျာ။ ဒါပေမယ့် ခင်ဗျား အိမ်နီးနားချင်း မိဘက သားသမီးကို သေလောက်အောင် ရိုက်နေရင် ခင်ဗျားတို့ ကျနော်တို့ ရပ်ကြည့်လို့ ရမလား၊
ယနေ့သတင်း
၂ ဇွန် ၂၀၀၉ ခေတ်ပြိုင်ဂျာနယ်။
နအဖ တရားရုံး ဘာလဲ၊ဘယ်လဲ?
တိုင်းတရားသူကြီး တရားရုံးချုပ်သွားနေသည် အတွက်ကြောင့် ဟုဆိုကာ ခေတ္တစောင့်ဆိုင်းခိုင်းကြောင်း ၊
၎နာရီ၄၅မိနစ်၌ တရားသူကြီးရောက်မလာနိုင်တော့ဟုဆိုကာ ဝန်ထမ်းတဦးမှ နောက်နေ့မှ လာရောက်စုံစမ်းပါဟု ပြောဆိုကြောင်း ကြားသိရပါသည်။ယခုကဲ့သို့ အင်မတန်မှ အရေးကြီးလှသော အမှုတွင် လာရောက် လျှောက်လဲချက်ပေးပါရန် ခေါ်ဆိုပြီးမှ ရက်ရွှေ့ ဆိုင်းခြင်းမှာ တစုံတခုသော ပယောဂ (သို့) ဖိအားကြောင့်လား ဆိုသည် မှာ တွေးတောစရာ ဖြစ်နေပါကြောင်း...........
စာဖတ်မိတ်ဆွေများ မည်သို့ ထင်မြင်ပါသနည်း...?????????