ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည် ဖော်ဆောင်ရေးကော်မတီ။...။

အကြောင်းအရာ။ ။ သတင်းထုတ်ချက် ပေးပို့ခြင်း

သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ၏ ဦးဆောင်မှုဖြင့် မြန်မာပြည်တွင်း တွင်တည်ရှိသော နိုင်ငံရေးအင်အားစု(၁၄) ဖွဲ့မှ လက်ရှိတည်ဆဲ စစ်အစိုးရအား ထိပ်တိုက် ရင်ဆိုင်ပြီး မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး ဖြစ်ပေါ် လာစေရေး အတွက် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည် ဖော်ဆောင် ရေးကော်မတီအား ဖွဲ့စည်း လိုက်ကြောင်း သတင်းထုတ်ပြန်ချက်အား ပေးပို့ပါသည်။

ဒကာတို့အနေဖြင့် ယခုပေးပို့သော သတင်းအား ပြည်တွင်း/ပြည်ပရှိ တိုင်းရင်းသား ပြည်သူ အများ သိရှိရန်
အဆင်ပြေသလို ဒကာတို့၏ သတင်းဝပ်ဆိုဒ် တွင်ဖော်ပြ ပေးစေလိုပါသည်။

အရှင် ပါရမီခန္တီ
တွဲဖက်အထွေထွေအတွင်းရေးမှူး
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ