ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မနေ့က စီရင်ချက်ဟာ တရားမျှတမှုမရှိဘူး၊ စဉ်းစားသုံးသပ် စီရင်ချက်တွေဟာ ယုတ္တိမရှိဘူးဟု ဒေါ်စုပြောဆို။..။

ဓာတ်ပုံ။...။http://www.pbase.com/dassk/dassk&page=all မှရယူပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်။..။


အန်ကယ်တို့ ဒီနေ့ နေ့လည် ၃နာရီခွဲကနေ ၄နာရီခွဲအထိ ဒေါ်စုနေအိမ်မှာ အန်ကယ်တို့ ရှေ့နေ ၄ဦးတွေ့ခွင့် ရခဲ့တယ်။ အဓိကကတော့ မနေ့က စီရင်ချက်ချတဲ့ အမိန့်ကို ဆွေးနွေးပြီး အယူခံဝင်ဘို့ဖြစ်တယ်။ ဒေါ်စုက မနေ့က စီရင်ချက်ဟာ တရားမျှတမှုမရှိဘူး စဉ်းစားသုံးသပ် စီရင်ချက်တွေဟာ ယုတ္တိမရှိဘူးလို့ ပြောဆိုပါတယ်။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်ချမှတ်ထားတဲ့ စည်းကမ်းအချက်အလက် ၈ချက်မှာ မရှင်းလင်းတဲ့ အချက်အလက်တွေ အများကြီးပါတယ်။ အဲ့ဒီအချက်အလက်တွေကို အန်ကယ်တို့ရှေ့နေတွေက ရှင်းလင်းအောင် ဆောင်ရွက်ပေးပါ။ လိုအပ်ရင်သက်ဆိုင်ရာ အမိန့်ထုတ်တဲ့ ဋ္ဌာနကို မေးမြန်းပြီး ဆောင်ရွက်ပေးပါလို့ မှာလိုက်ပါတယ်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ဖတ်ပြတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီးဖြစ်လို့၊ တဦးအပေါ်တဦး အာဃာတများ မရှိစေရေးအတွက် ဆိုတာမျိုး၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ အနှောင့်အယှက်မဖြစ်စေရေး ဆိုတာမျိုး၊ စာနာထောက်ထားညှာတာတယ် ဆိုတာမျိုးတွေကို ဒေါ်စုက မူအားဖြင့်လက်ခံပြီး တကယ် အလုပ်လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးရှိကြောင်း အကောင်းမြင်ပြီး ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ စည်းကမ်းအချက်အလက် ၈ချက်ကတော့။
၁..။ ဒေါ်စုနေအိမ်၌ နေထိုင်ရမည်။

၂..။ခြံဥပစာအတွင်းသွားလာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိသည်။

၃..။ကျန်းမာရေးအတွက် ခွင့်ပြုထားတဲ့ ဆရာဝန် သူနာပြုတွေနဲ့ စစ်ဆေးကုသခွင့်ပြုတယ်။

၎..။ဧည့်သည်နဲ့ တွေ့ခွင့်ရှိတယ်။သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ တွေ့ခွင့်ရှိတယ်။

၅..။မြဝတီ ၊မြန်မာ့အသံ၊ ရုပ်မြင်သံကြား ကြည့်ခွင့်ရှိတယ်။

၆..။ပြည်တွင်းထုတ် သတင်းစာ၊ဂျာနယ် ဖတ်ခွင့်ရှိတယ်။

၇..။မိမိလိုအပ်ချက်ကို စာဖြင့်ရေးသား ပြောဆိုခွင့်ရှိတယ်။

၈..။အဲ့ဒီခွင့်ပြုချက်အပြင် အခြားဆောင်ရွက်လိုတဲ့ ကိစ္စရှိရင် သက်ဆိုင်ရာ ခွင့်ပြုချက်ရှိမှ ဆောင်ရွက်ခွင့်ပြုမယ်လို့ ဖော်ပြပါရှိပါတယ်။

အဲဒီ့ ၈ချက်စလုံးမှာ မရှင်းလင်းတာတွေ အများကြီးရှိတဲ့အတွက် တိတိကျကျသိအောင် စုံစမ်းမေးမြန်းပေးပါလို့ အန်ကယ်တို့ကို မှာကြားလိုက်တယ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။