ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) ရဲ့လှုပ်ရှားမှုတွေပါ။.။



ကျနော်တို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ သြဂုတ်၂၅ ရက်၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့ ဖဆပလ၊ စံပြ၊ ကန်တော်ကလေး၊ ဒဂုံ၊ မြောက်ဥက္ကလာပ နှင့်ဗဟန်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရန် ဆေးမှုတ်၍ တောင်းဆိုသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။ ပြည်သူများနှင့်လူငယ်ထုမှလည်း နအဖစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား မတရားထောင်ချရန် လုပ်ကြံဇာတ်ခင်း၍ကြိုးစားနေခြင်းကို တတ်နိုင်သည့် နည်းလမ်းများဖြင့် ကန့်ကွက်ရှုတ်ချ သွားကြပါရန် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)