ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေရိကန် အထက်လွှတ်တော် အမတ်ဂျင်မ်ဝက်ရဲ့ ပြောဆိုချက်တွေဟာ အိုဘားမားအစိုးရရဲ့ ပေါ်လစီလို့ ဒေါ်စုမယူဆ။....


ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေအကျိုးဆောင် ရှေ့နေလေးဦး ယနေ့နေ့လည် ၁၂နာရီခွဲမှ ၂နာရီခွဲအထိ ၂နာရီခန့် ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်မှာ တွေ့ဆုံခွင့်ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" အန်ကယ်တို့ ဒီနေ့ နေ့လည် ၁၂နာရီခွဲကနေ ၂နာရီခွဲအထိ ၂နာရီလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေခွင့်ရတယ်။ အဓိကက ဒေါ်စုအမှုကို အယူခံဝင်ဖို့ ဖြစ်တယ်။ အားလုံးစာရိုက်ပြီးရင် နောက်တပတ် တနင်္လာ သို့မဟုတ် အင်္ဂါနေ့လောက် တင်ဖြစ်ပါမယ်။

ဒေါက်တာတင်မျိုးဝင်းနှင့် ပြန်လည်ဆေးစစ်ခွင့် ရဖို့အတွက် ဒေါ်စုက အာဏာပိုင်တွေကို ထပ်ခါထပ်ခါတောင်းဆို ထားပါတယ်။ အခုထိအကြောင်း မပြန်သေးပါဘူး။ ဒေါက်တာတင်မျိုးဝင်းက ဒေါ်စုရဲ့ကျန်းမာရေးရာဇ၀င်ကို သိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အမျိုးသမီးဆရာဝန်ကိုတော့ တစ်ခါ ခေါ်လာတယ်လို့ ပြောပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က NLD ကို ရွေးကောက်ပွဲဝင်ဖို့ ပြောတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မစ္စတာဂျင်မ်ဝက်ဘ် ပြောနေတဲ့ဟာတွေဟာ အိုဘားမားအစိုးရရဲ့ ပေါ်လစီလို့ ဒေါ်စုက မယူဆဘူးလို့ ပြောဆိုပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီ NLD မှာ ပေါ်လစီရှိပြီးသားဖြစ်ပါတယ်။ ရိုးသားပွင့်လင်းရမယ်၊ တာဝန်ယူမှုရှိရမယ်၊ ဒီဟာတွေမရှိရင် အကူအညီတွေဟာ ခံစားရတဲ့လူဆီကို တိုက်ရိုက် မရောက်နိုင်ဘူးလို့ ပြောပါတယ်။ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ဖို့ ယခင်ကလည်း တင်ပြခဲ့ဖူးတာတွေ ရှိပါတယ်။ မနက်ဖြန် NLD ရုံးချုပ်မှာ အမေရိကန် အောက်လွှတ်တော်အမတ်တွေရဲ့ PROFESSIONAL STAFF တွေနဲ့ အန်ကယ်တို့ NLD CECအဖွဲ့တွေ ညနေပိုင်းမှာ တွေ့ဆုံဖို့ရှိပါတယ်ဟု" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီမိုဝေယံJustify Full