ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်စု အမှုစီရင်ချက်ချသည့်နေ့ ဂျပန်နိုင်ငံစစ်အခွန်ရုံးရှေ့ ဓာတ်ပုံမှတ်တမ်း(၁)။...။(ရဲများနှင့်ထိပ်တိုက်တွေ့)



ဓာတ်ပုံ။...။ကိုပွား


ဒေါ်အောင်ဆန်းစုကြည် အား မတရားစီရင်ချက်ချမှု ဂျပန်ရောက်မြန်မာ့
ဒီမိုကရေစီအင်အားစုများ ပြင်းထန်စွာရှုတ်ချ ကန့်ကွက်

၂၀၀၉ဩဂုတ်လ၁၁ရက်။ ။

ယနေ့နေ့လည်၁၂နာရီမှစတင်၍နအဖအခွန်ရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီအင်အားစုများ စုဝေးကာ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက် သတင်းကို မျှော်လင့်ချက်ကြီးစွာစောင့်ဆိုင်းနေခဲ့ကြပါသည်။ဒေါ်အောင်ဆန်းစုကြည်အားမတရား ဖမ်းဆီးထောင်ချမည့် လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြပွဲ နှင့် ယုံကြည်ချက်အတွက် မတရားဖမ်းဆီးခံထားရသည့် အကျဉ်းသားအားလုံးချွင်းချက်မရှိ ပြန်လွှတ်ပေးရေး တို့ကို တောင်းဆိုဆန္ဒပြရင်း စောင့်နေခဲ့ကြပါသည်။ထိုပွဲသို့ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းအသီးသီးနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ဂျပန်နိုင်ငံသတင်းဌာနများဖြစ်ကြသော NHK,TBS,ASAHI,REUTER,AFP,KYODO စသည်တို့နှင့် မြန်မာ့ဒီမိုကရေစီ အရေးလိုလားသူ ဂျပန်လူမျိုးများအပါအဝင် အင်အားစုစုပေါင်း၃၀၀ခန့်ပါဝင်ခဲ့ကြပါသည်။၃နာရီခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည် အားနေအိမ်အကျယ်ချုပ် တနှစ်ခွဲ သတ်မှတ်လိုက်သည့် သတင်းထွက်ပေါ်လာရာ ဆန္ဒပြသူအချို့ စိတ်လှုပ်ရှားခံပြင်းကြေကွဲမှုများ အပေါ်တာဝန်ကျ ရဲများက အထင်လွဲကာ ထိမ်းသိမ်းရန်ကြိုးစားရာမှ စတင်ကာ အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီအင်အားစုများဖက်မှ တာဝန်ရှိသူများက အချိန်မှီ ထိမ်းသိမ်းနိုင်ခဲ့ ကြပါသည်။

ဦးသောင်းမြင့်ဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဂျပန်)မှအားလုံးစည်းကမ်းရှိစွာပူးပေါင်းဆောင်ရွက်ကြပါရန် ကို၎င်း၊ဦးသန်းဆွေ(JAC) ,မိုင်ကျော်ဦး(တိုင်းရင်းသားကိုယ်စားလှယ်)တို့ကလည်း တာဝန်ကျ ရဲများကို ရန်မပြုကြရန်၊ မြန်မာသံရုံးအတွင်း တစုံတရာ ဖြင့်ပစ်ပေါက်ခြင်း မပြုလုပ်ကြပါရန်၊ အားလုံး၏ စိုးရိမ်ပူပန်မှုနှင့် ခံပြင်းဒေါသဖြစ်မှုများကို ဂျပန် မီဒီယာနှင့် ဂျပန်အစီုးရသိအောင်ပြသရာတွင် စည်းကမ်းရှိကြပါရန် နှင့်သံရုံးဖက်အုတ်တံတိုင်းဖက်သို့လူခွဲ၍ ထိုင်သပိတ်စတင်ခဲ့ပါသည်။ထိုင်သပိတ်မှောက်ခြင်းကိုရုတ်သိမ်းပေးရန် တာဝန်ကျ ရဲအဖွဲ့မှ အကြိမ်ကြိမ် ဖိအားပေး တောင်းဆိုခဲ့သော်လည်းဆက်လက် ၍ဆန္ဒပြခဲ့ကြပါသည်။ဥိးသောင်းမြင့်ဦးမှ ဂျပန်နိုင်ငံအနေဖြင့်မြန်မာအစီုးရသံရုံးကိုကာကွယ်ရန် တာဝန်ရှိကြောင်း၊ဒီမိုကရေစီအင်အားစုဖက်မှမိမိတို့ ခေါင်းဆောင်၏အခြေအနေကို နအဖအခွန်ရုံးတာဝန်ခံက သတင်းထုတ်ပြန်ပေးစေလိုသော်လည်းတာဝန်မဲ့စွာ တိမ်းရှောင်နေခဲ့သောကြောင့် မိမိတို့ဖက်မှ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်၍ သတင်းထုတ်ပြန်ပေးရန် တောင်းဆိုခဲ့ရာ တဖက်မှ အကြောင်းပြန်ချက်ကို ညနေ၅နာရီအထိ ထိုင်သပိတ်မှောက် အနေအထားဖြင့်စောင့်ဆိုင်းမည်ဖြစ်ကြောင်း၊ ၅နာရီတွင် မူလနေရာ သို့ပြန်လည်စုဝေးကြပါရန်နှင့် လိုလားချက်များကို စည်းကမ်းရှိစွာ ဆက်လက်တောင်းဆိုကြပါရန် မေတ္တာရပ်ခံခဲ့ပါသည်။ အားလုံးကလည်းညီညွတ်စွာ လိုက်နာဆောင်ရွက်ပေးခဲ့ကြရာ တာဝန်ကျရဲအဖွဲ့မှလည်း ထပ်မံအင်အားဖြည့်ထားမှုကို ပြန်လည် ရုတ်သိမ်းပေးခဲ့ပါသည်။ ဦးသောင်းမြင့်ဦးမှနောက်နေ့ ဩဂုတ်လ၁၂ရက်နေ့လည်၂နာရီမှ ၄နာရီ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ရှေ့တွင်ဆန္ဒပြမည်ဖြစ်ကြောင်း၊

MARUNOUCHI LINE ,KASUMIGASEKI STATION,EXIT A4&A8 တို့မှသွားရောက်နိုင်ကြောင်း

အသိ
ပေး ကြေငြာခဲ့ပါသည်။ ဒေါ်ကေသီသိန်း(လူမှုရေးရာမှူး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဂျပန်)မှ ဂျပန် ဘာသာ ဖြင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ သဘောထားကြေငြာချက် ၃ရပ်ကို ဖတ်ကြားပေးခဲ့ပါသည်။

၁။ ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ နှင့် မြန်မာပြည်သူများ၏တောင်းဆိုချက်ကိုဥပက္ခာပြုကာ မမှန်ကန်သောစီရင်ချက်ချမှူကို မြန်မာ့ဒီမိုကရေစီအင်အားစုများက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
၂။ ထိုမမှန်ကန်သောစီရင်ချက်ကို ဂျပန်နိုင်ငံအစီုးရ နှင့် ဂျပန်ပြည်သူတို့က သဘောပေါက်နားလည်ပြီး ယခုထက်ပိုမို၍ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးကူညီရန် တောင်းဆိုလိုက်သည်။
၃။ စစ်အစီုးရ၏ ယခုလုပ်ရပ်ကြောင့် အခြေအနေ ပိုမိုဆိုးဝါးလာမှုများ မှာ စစ်အစိုးရ၏ တာဝန်သာဖြစ်သည်။
တို့ဖြစ်ပါသည်။ ညနေ ၅နာရီခွဲ တွင် ဆန္ဒပြပွဲ ပြီးဆုံ့းခဲ့ပါသည်။

သတင်း။..။စိုးအောင်ဝင်း