ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း။..။


ယနေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ဖြစ်သည့်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယနေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့မှ အရှင်သောပါကနှင့် သံဃာတပ်ပေါင်းစုမှ အရှင်ဣဿရိယ အပါအဝင် သံဃာတော်၁၅ပါး ဦးဆောင်ပြီး မြန်မာ၊ ထိုင်းရဟန်းတော်များ၊ မြန်မာနိုင်ငံသားများ၊ ထိုင်နိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေး စိတ်ဝင်စားတဲ့ နိုင်ငံခြားသားများ စုစုပေါင်း ၂၅၀ကျော်ခန့် ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။