ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဥဒါန်း ဘယ်ခါ ကြေအံ့နည်း။..။(၂နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အမှတ်တယ) ကိုစိုး(နာဂါစကီ)


ဥဒါန်း ဘယ်ခါ ကြေအံ့နည်း။..။

အာဏာတက်မက်

စစ်လက်နက်ဖြင့်

အကြမ်းဖက်လှ

(စစ်) အစိုးရကြောင့်

ဘဝမုန်တိုင်း

ဒုက္ခဝိုင်းခဲ့

တို့တိုင်းဋ္ဌာနီ

မြန်မာပြည်။

ပြည်သူချစ်ခင်

ရွေးကောက်ပွဲတင်ကာ

ပြည်သူ့အကျိုး

လွန်သယ်ပိုးမှ

အစိုးရတည်း။

လက်နက်ပြကာ

ကိုယ်ကျိုးရှာ၍

ယုတ်မာအုပ်ချုပ်

မင်ဆိုးယုတ်မှာ

ဓါးပြသာတည်း။

သူခိုးဓားပြ

ဇာတိပြကာ

လွန်အာဏာမက်

ဆိုးသွမ်းချက်ဖြင့်

သတ်ရက်သံဃာ

လွန်ယုတ်မာခဲ့။

ဆယ်ကမ္ဘာကြေ

ဆယ်ခါသေလည်း

ငါတို့ရင်ထဲ

အစဉ်စွဲကာ

ဥဒါန်းဘယ်ခါကြေအံ့နည်။...။


ကိုစိုး(နာဂါစကီ)

၂နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး အမှတ်တယ

ပေးပို့လာသူ ကိုစိုး(နာဂါစကီ)