ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရန်ကုန်မြို့ နယ်အချို့ ၌ သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှုပြုလုပ်။..။



သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှုပြုလုပ် (ရန်ကုန်)
စစ်အစိုးရ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ယနေ့ (26.9.09) စနေနေ့ နံနက်တွင် ရန်ကုန်မြို့၊ မြို့ နယ်အချို့ ၌ ကျောင်းသားလူငယ်များမှ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။

ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာတော်များ သွေးမြေကျခဲ့ရသည့် အထိမ်းအမှတ်အဖြစ်
လမ်းမများပေါ်တွင် ဆေးနီများလိုက်လံပက်ဖြန်းကာ နအဖ ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုကို(2007)မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများနှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ........
သံဃာများသွေးမြေကျခဲ့ရခြင်းကိုမြန်မာတနိုင်ငံလုံးက
မမေ့သေးကြောင်း န.အ.ဖစစ်အစိုးရအားသတိပေးခြင်

နှင့်ပြည်သူများအားလည်း မမေ့ပျောက်စေရန်အသိပေးခြင်းဖြစ်ကြောင်း (၂၀၀၇)မျိုးဆက်ကျောင်းသားများမှ ပြောကြားခဲ့သည်။

လှုပ်ရှားမှုကိုလသာ၊ကျောက်တံတား၊ဗိုလ်တထောင်၊သာကေတ ၊ဒေါပုံ၊ တာမွေ၊ကျောက်မြောင်း၊မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာ၊မြောက်ဥက္ကလာ မြို့နယ်များ၏ အဓိကလမ်းမကြီးများနှင့်ကားမှတ်တိုင်များတွင်ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း အဆိုပါအင်အားစုများက ရန်ကုန်တိုင်းသန်လျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီကျောင်း စာသင်တိုက်များသို့ သံဃာ့ သမဂ္ဂီ၏ ကံဆောင်ပွဲကြေငြာချက်များကိုဖြန့်ချီခဲ့ကြောင်း လည်းသိရသည်။



မေးလ်ထဲပေးပို့ လာသူအား ကျေးဇူးတင်ပါသည်။...။