ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေဝါရောင် တော်လှန်ရေးကြီး (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ဖိတ်ကြားစာ။...။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေကြသူများ ခင်ဗျား



မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဏာရှင်စနစ်ကို စွန့်စွန့်စားစား တိုက်ဖျက်ခဲ့ကြသည့် သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေးကြီး (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ရွှေဝါရောင် တော်လှန်ရေး၏ ကမ္ဘာကျော်ပြယုဂ်တခုဖြစ်သော ဂျပန်သတင်းထောက် နာဂါးအိ ခန်းဂျိ သတ်ဖြတ်ခံရမှု အောက်မေ့ဘွယ် အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ တခဲနက် ပါဝင်လှုပ်ရှားကြပါရန် လေးစားစွာ နှိုးဆော်အပ်ပါသည်။



* နေရာ - တိုကျိုမြို့ ရှီဘူယ UN အဆောက်အဦရှေ့
* နေ့ရက် - ၂၇-၉-၂ဝဝ၉ (တနင်္ဂနွေနေ့)
* အချိန် - ညနေ (၃) နာရီမှ (၅) နာရီထိ
* မှတ်ချက် - အဖွဲ့အစည်းပေါင်းစုံတို့၏ တာဝန်ခံ ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များမှ အမှာစကား ပြောကြားခြင်း၊ ဘာသာပေါင်းစုံဖြင့် ဆုတောင်းမေတ္တာပို့သခြင်းနှင့် သရုပ်ပြပွဲ အစီအစဉ်များ ပါရှိပါမည်။


JAC – Information

Joint Action Committee of Burmese Community in Japan

在日ビルマー人共同行動実行委員会 JAC)参加団体