ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဖိနပ်ပျံဖြင့် အမေရိကားသို့ ရောက်လာကြသူနှစ်ဦး။...။(ကိုမိုးသီးဘလော့မှ)














သိန်းစိန် နဲ့ဥာဏ်ဝင်း ကို ဒီနေ့ နယူးယောက်ရှိ မြန်မာ များ က ဖိနပ်များနဲ့ ပေါက်ပြီး ဆန္ဒပြလိုက်ကြပါတယ်။ သူတို့ နှစ်ယောက်နဲ့ အဖွဲ့ ဟာ နယူးယောက်မြို့  ၃၉ လမ်း East Gate Hotel မှာ တည်းခို ကြတယ်။ ဆန္ဒပြတဲ့အင်အားစုများက နံနက် စောစော ၇ နာရီ မှာ ဟော်တယ်ရှေ့ ကိုရောက်ကြတယ်။ တနင်္လာနေ့ ဖြစ်တာကတကြောင်း ၊ နံနက်လင်းအားကြီး ဖြစ်နေတာတကြောင်းကြောင့်လူ ၂၀ ခန့် သာလာ နိုင်ပါတယ်။ သူတို့  နောက်လိုက်များ၊ သံတမန်လုံခြုံရေးများ၊ ရဲများကဆန္ဒပြ အင်အားထက် ပိုမိုများနေပါတယ်။ နံနက် ၈ နာရီခန့့် မှာ ဥာဏ်ဝင်းနဲ့ အဖွဲ့ က ကားနှစ်စီးနဲ့ ထွက်လာတယ်။

ဟော်တယ်အပြင်ဖက်ရောက်လာတဲ့အခါမှာတော့ ကိုမိုးသီးနဲ့ ၃ ယောက်က ဖိနပ်နှင့်ဝိုင်းပေါက် လိုက်တဲ့အခါမှာ တိုက်ပွဲစလိုက်ပါတယ်။ Mr Creator က ကော်ဖီခွက်နဲ့ ဥာဏ်ဝင်းကို လှမ်းပက်လိုက်ပါတယ်။ အနီးကပ် ပြစ်ခတ်ကြတာဖြစ်တယ်။
ဥာဏ်ဝင်း လန့် ပြီး ကားထဲကိုငုံရှောင်တယ်။ သူ့လူများက လက်နဲ့ ဝိုင်းကာ ကြတယ်။ ကားကို အတင်းမောင်းပြေးတယ်။

သံဃာနှစ်ပါးနှင့် မမေစန္ဒာစိုးညွန့် ၊ မစိုးစိုးဝင်းတို့ က လူသတ်သမားများ၊ သူခိုးများ လို့ အော်ဟစ် ဆန္ဒပြကြပါတယ်။ သူတို့ ကြောက်အားလှန့် အားဖြစ်ပြီး ကားမောင်းပြေးပါတယ်။ သိန်းစိန် ကျန်ရစ်ခဲ့တယ်။ သိန်းစိန်ကားက ကားလမ်းကို ပြောင်းပြန်မောင်းပြီးပြေးပါတယ်။ ဆန္ဒပြသမားများက ရဲများကို Ticket ပေး၊ Ticket ပေးလို့ ဝိုင်းအော်ပေးလိုက်ကြတယ်။ သိန်းစိန် ကားခေါင်းခန်းက ပါသွားတာကိုတွေ့ လိုက်ရတယ်။ ပြောင်နေတဲ့နဖူးကို ပတ်ဖို့ ထားတဲ့နောက်စေ့က ဆံပင်ကျို့ တို့ ကျဲတဲမှာ အခွေ လိုက်ပြုတ်ကြသွားတာကိုတွေ့ ရပါတယ်။

ဖိနပ်နဲ့ ပေါက်သူများကို ရဲကလာဖမ်းတယ်။ ရုမ်းရင်းဆန်ခတ် ဖြစ်နေတဲ့အတွက် ဖိနပ်နဲ့ ပေါက်သူများထဲမှာ တယောက်ကိုသာရဲ ကဖမ်းဆီးနိုင်ခဲ့ပါတယ်။ ထိုသူမှာလည်း ထွက်ပြေး လွတ်မြောက် နိုင်ခဲ့ပါတယ်။ မိမိဖက်မှာ အကျအဆုံးမရှိပါ။ လူနည်းသော်လည်းညီညီညာညာ တိုက်ပွဲဝင်နိင်သဖြင့် အကျိုးအမြတ်ကြီးလှပါတယ်။

ဗွီအိုအေမှာ သတင်းထောက်နစ်ဦးက လာရောက်မှတ်တမ်းတင်ဗွီဒီယိုရိုက်ပါတယ်။ Mizzima သတင်းဌာနမှာ တယ်လီဖုန်းဖြင့် သတင်းရယူပါတယ်။ အာအက်ဖ်အေမှသတင်းထောက်များကိုမတွေ့ ပါ ။ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်ခြင်းမပြုကြပါ။ ဘီဘီစီ ကတော့ နိင်ငံရေးသုတေသီများ၊ပညာရှင်များ ရဲ့ မိန့် ဆိုချက်များမှလွဲ ပြီး ဒီလိုသတင်းမျိုးကို လွှင့်ထုတ်လေ့ မရှိကြောင်းတွေ့ ရပါတယ်။

ဒီနေ့ ညနေ ၄ နာရီမှာ လည်းကောင်းတို့ တည်းခိုရာဟော်တယ်ရှေ့ မှာဆက်လက် ဆန္ဒပြဦးမှာဖြစ်ပါတယ်။

နယူးယောက် ညီအကိုမောင်နှမများ။..။

(ကိုမိုးသီးဘလော့မှ) http://komoethee.blogspot.com/